ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ

ဆရာ ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာဆိုတဲ့ စကားပုံလေး ရှင်းပြပါအုံး ဆရာ။

 

တင်စားပြောဆိုတာ ဖြစ်ပါတယ်။ သူ့နေရာနဲ့သူ မဟုတ်တာ၊ သူ့သဘာဝနဲ့သူ မမှန်တာ ဖြစ်တဲ့အခါ အကျိုးနည်းစေတတ်တယ်။ 


အရည်အချင်း ညံ့ဖျင်းတဲ့သူ ရာထူးနေရာကြီးကြီးရတဲ့အခါ သူစီမံခန့်ခွဲရတဲ့အလုပ်မှာ ဆုံးရှုံးနစ်နာတာတွေ ဖြစ်စေနိုင်တယ်။


အနီးစပ်ဆုံးဥပမာတခု။ စစ်ရေးအတွက်သာ လေ့ကျင့်သင်ကြားတတ်မြောက်သူတွေက တိုင်းပြည်အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးမှာ အုပ်စီးခဲ့လို့ တိုင်းပြည်ကြီးဟာ ၂၆ နှစ်အတွင်း ဆီကိုရေချိုး ဆေးရိုးမီးလှုံတဲ့အဆင့်ကနေ အယ်လ်ဒီစီ ဖြစ်လာတော့တယ်။


အရပ်သားတွေလည်း အဲလိုဖြစ်နိုင်တယ်။ ဘုန်းကြီးတွေထဲမှာလည်း ဖြစ်တာရှိတယ်။ ရှေးဘုရင့်လက်ထက်တွေမှာလည်း ဖြစ်ခဲ့တယ်။


ဖွတ်နဲ့ မိကျောင်းက အတော်ဆင်တယ်။ ဒါပေမဲ့ မတူပါ။ လာမဲ့ရွေးကောက်ပွဲမှာ မြင်းကို ချိုတပ်မပေးသင့်။


ဒေါက်တာတင့်ဆွေ

၂၂-၈-၂၀၂၀


Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်