ဆောင်ရန် ရှောင်ရန်


သမီး အခြေအနေနဲ့ စောင်ရန် (ဆောင်ရန်) ရှောင်ရန် နဲ့ လုပ်ရမည်လေးတွေကို ပြောကြားပေးပါအုံး (ဦး၊ အုန်း)


စောင်

ကျမ်းတစောင်

စာတစောင်

စောင်ချမ်းပင်

စောင်ခြုံ

စောင်မကြည့်ရှု

စောင်ခြမ်းအိုးကွဲ


မပူပေါင် နောက်ဆီက ချမ်းရော့ထင့်

အဖြူစောင် ခေါက်ထည်ကြမ်းကိုလ

လွှမ်းတဲ့လို့ လွှားကာခြုံ

ပါးမှာငုံပါတဲ့ နုရွှေကွမ်း။ (အချုပ်တန်းဆရာဖေ) 


ဆောင်

ငဆောင်ချမ်းအရပ်

တန်ဆောင်ဆီးမိး

တန်ဆောင်မုန်းလ

မင်္ဂလာဆောင်

လူနာဆောင်

သည်ပိုးရွက်ဆောင်

အိမ်တဆောင် မီးတပြောင်

အဆောင်နေကျောင်းသား

ဆောင်ဒါး

ဆောင်ပုံတင်

ဆောင်ပန်း

ဆောင်ပုဒ်

ဆောင်ပျံ

ဆောင်ကြဉ်း

ဆောင်ယူသည်

ဆောင်ရန် ရှောင်ရန်


ကျွေးမွေးမပျက် ဆောင်ရွက်စီမံ

မွေခံထိုက်စေ လှူမျှဝေ၍

စောင့်လေမျိုးနွယ် ဝတ်ငါးသွယ်

ကျင့်ဖွယ်သားတို့တာ။ (သိင်္ဂါလသုတ်တော်)


ဒေါက်တာတင့်ဆွေ

၃၀-၈-၂၀၂၀


Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်