ရီ နှင့် ရည်
ကျွန်တော်က စာရေးညံ့တယ်။ ရည်ရွယ်ချက်လို့ ရေးရတယ်။ အဲဒါမျိုး ပြောတာ။ ရီ နဲ့ ရည် အတော်ကို မတူပါ။
ရီ
စထောဘယ်ရီ (စထော်ဘယ်ရီ)
ဒဏ္ဍာရီပုံပြင်
ဗြဟ္မစာရီ
ရီမှုန်
ရီမှိုင်း
ရီမှောင်
ရီဝေ
နေဝင်ရီတရော
ရည်
စိတ်ကရည်သည်
စိုစိုစိမ်းစိမ်း မြရည်လိမ်း
ဇမ္ဗော်ရည်
မျက်ရည်
ရည်ငံ
ရည်မွန်
ရည်မှတ်
ရည်မှန်းချက်
ရည်ရွယ်ချက်
ရည်ရွယ်ထားသူ
ရည်သန်
ရည်မျှော်
ရည်ရော် မှန်းဆ
ရည်ညွှန်း
လက်ဖက်ရည်ကြမ်း
ဖျော်ရည်
ရွှေရည်
မခူးချင်စမ်းပါနဲ့၊ နှစ်ဆန်းခါတော်မီမို့၊ ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့၊ ခပ်သိမ်း နယ်စုံစုံသို့၊ ပွင့်ငုံကို လင့်ကုန်ကြတော့လို့၊ ခေါင်းကြွကာ ဆာဝေဝေနဲ့၊ သူလဲလေ လောကီသားလိုပါ့၊ ကြွားချင်လှ ပေလိမ့်မယ်။ (ဇော်ဂျီ)
မဲဇာတောင်ခြေ၊ စီးတွေတွေတည့်၊ မြစ်ရေဝန်းလည်၊ မြိုင်တောစည်က၊ ရွှေပြည်ကိုသာ၊ တ ရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကြက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ငြီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သ့မွေ၊ စ ရွေ့ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးချယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမျှော်ခြင်၍့၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်။ ။ ရွှေပြည်ဌာနဝေးသောကြောင့်။ (လက်ဝဲသုန္ဒရ)
ဒေါက်တာတင့်ဆွေ
၁၆-၈-၂၀၂၀

Comments
Post a Comment