History Question သမိုင်း ပုစ္ဆာ

သမိုင်းအဓိက သင်သေးလား။ 


ညီတော်မောင်ကို မေးလိုက်တယ်။ သူက တက္ကသိုလ်ကျောင်းဆရာ။ ပါမောက္ခလား မသိ။ သမိုင်းဌာနကတော့ မဟုတ်။


တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ သမိုင်းသင်ယူမှု သိချင်တာ။ နည်းသလား၊ ပုံမှန်လား၊ များသလား။


ဟုတ်၊ တော်တော်နည်းသွားတယ်။ ရန်ကုန်တက္ကသိုလ်မှာ ပြီးခဲ့ ၂နှစ်လောက်က သမိုင်းဘာသာ ယူတဲ့သူတောင် မရှိဘူးလို့ ကြားဘူးတယ်။  တခြားတက္ကသိုလ်တွေမှာလည်း နည်းတယ်လို့သိရတယ်။


ကြားတာတော့ ဟုတ်ပြီ။ သေချာအောင် မေးပါဦး။


ဟုတ်ကဲ့။ မေးပြီးပြန်ပြောပါမယ်။ 


၂၀၁၄ ခုနှစ်က ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှာ ကျောင်းသားတယောက်မှ မရှိဘူးလို့ သိရပါတယ်။ အခုလောလောဆယ် ပထမနှစ်တက်နေတဲ့ သမိုင်းကျောင်းသူ/သား ၁၇ယောက်ရှိတယ် လို့သိရပါတယ်။ လက်ခံတာက အယောက် ၅၀ အထိလက်ခံပါတယ်။


အော်။ ကျေးဇူး။


ကျွန်တော်တို့တိုင်းပြည်မှာ သမိုင်းမှန်သိရှိသူ အရေအတွက် မည်မျှရှိပါသနည်း။


ကျွန်တော်ပြုစုထားတဲ့ မှတ်စု

သမိုင်းမရေရာသောနှစ်များ။

ပဌမတကောင်းမင်းဆက် (၃၃) ဆက်

ဒုတိယတကောင်းမင်းဆက် (၁၇) ဆက်

သရေခေတ္တရာမင်းဆက် (၂၇) ဆက်

၈၄၉-၁၂၉၇ - ပုဂံခေတ် (၄၄၈) နှစ်။ ပဌမမြန်မာနိုင်ငံဟု ခေါ်သည်။

ပုဂံမင်းဆက် (၅၈) ဆက် (၈၄၉-၁၂၉၇) 

မြင်စိုင်းခေတ် နှင့် ပင်းယခေတ် (၁၂၉၇–၁၃၆၄) = ၆၇ နှစ်။

ပင်းယခေတ် (၁၂၉၉ မှ ၁၃၆၄) = ၆၅ နှစ်။

ပင်းယမင်းဆက် (၇) ဆက် 

စစ်ကိုင်းမင်းဆက် (၇) ဆက် (၁၃၃၀ မှ ၁၃၄၆) = ၁၆ နှစ်။

ပဌမအင်းဝမင်းဆက် (၂၀) ဆက် (၁၃၆၄ မှ ၁၄၉၂) = ၁၁၈ နှစ်။

ဒုတိယအင်းဝ (၁၀) ဆက် (၁၄၉၇ မှ ၁၆၅၁) = ၁၅၄ နှစ်။

တောင်ငူခေတ် (၁၅၂၆ မှ ၁၅၉၆) = ၇၀ နှစ်။ ဒုတိယမြန်မာနိုင်ငံဟု ခေါ်သည်။

ကေတုမတီ (တောင်ငူ) (၂၈) ဆက် (၁၄၈၅ မှ ၁၆၁၃) = ၁၂၈ နှစ်။

ညောင်ရမ်းခေတ် (၁၅၉၆ မှ ၁၇၅၂) = ၁၅၆ နှစ်။

ညောင်ရမ်းမင်းဆက် (၁၁) ဆက် (၁၅၉၉ မှ ၁၇၃၃)

ဟံသာဝတီ (ပဲခူး) (၁၇၄၀ မှ ၁၇၅၇) = ၁၇ နှစ်။

ကုန်းဘောင်ခေတ် (၁၇၅၂ မှ ၁၈၈၅) = ၁၃၃ နှစ်။ တတိယမြန်မာနိုင်ငံဟု ခေါ်သည်။

ကုန်းဘောင်မင်းဆက် (၁၁) ဆက်

ပဌမအင်္ဂလိပ်-မြန်မာစစ် (၁၈၂၄ မှ ၁၈၂၆)

ဒုတိယအင်္ဂလိပ်-မြန်မာစစ် (၅-၄-၁၈၅၂ မှ ၂ဝ-၁၂-၁၈၅၂)

တတိယအင်္ဂလိပ်-မြန်မာစစ် (၇ မှ ၂၉ နိုဝင်္ဘာ ၁၈၈၅)

ဗြိတိသျှကိုလိုနီခေတ် ၁၈၂၄ မှ ၁၉၄၈ = (၁၂၄ - ၃) ၁၂၁ နှစ်။

ဂျပန်ကိုလိုနီခေတ် ၁၉၄၂ မှ ၁၉၄၅ = ၃ နှစ်။

လွတ်လပ်ရေးရပြီးခေတ် ၁၉၄၈ မှ ၁၉၆၂ = ၁၄ နှစ်။

မဆလခေတ် ၁၉၆၂ မှ ၁၉၈၈ = ၂၆ နှစ်။

နအဖခေတ် ၁၉၈၈ မှ ၂၀၁၀ = ၂၂ နှစ်။

ဒီမိုကရေစီတစိတ်ပိုင်းခေတ် ၂၀၁၁ မှ ၂၀၂၀ = ၁၀ နှစ်။


မှတ်ချက် - ရခိုင်သမိုင်းနဲ့ မွန်သမိုင်းတွေက သီးခြားရှိတယ်။


ပုဂံခေတ်မှစသည့် ဘုရင်များခေတ် = (၁၈၈၅ - ၈၄၉) = ၁၀၃၆ နှစ်။

ကိုလိုနီများခေတ် = ၁၂၁ နှစ်။

စစ်အစိုးရများခေတ် (၂၆ + ၂၂) = ၄၈ နှစ်။

ပါလီမန်ခေတ် + တစိတ်တပိုင်းဒီမိုကရေစီခေတ် (၁၄ + ၁၀) = ၂၄ နှစ်။


မေးခွန်းများ

၁။ ကျွန်ုပ်တို့နိုင်ငံ၏ သမိုင်းသည် ထွန်းပြောင်ခဲ့ပါသလော။ 

၂။ ကျွန်ုပ်တို့နိုင်ငံ၏ ဘုရင်များ၊ ခေါင်းဆောင်များသည် အရည်အချင်း ပြည့်ဝကြပါသလော။ 

၃။ ကျွန်ုပ်တို့နိုင်ငံသည် ဆင်းဆင်းရဲရဲ မည်မျှကြာနေရပါဦးမည်နည်း။

၎။ ကျွန်ုပ်တို့နိုင်ငံသည် လွတ်လပ်သောနိုင်ငံအဖြစ် နောင်နှစ်ပေါင်းမည်မျှကြာ တည်တန့်ပါမည်နည်း။


မှတ်စုက မပြီးသေးပါ။ အချောသတ်နေဆဲ။ ကွဲလွဲချက်တွေ့လာရင် ပြင်ပါမယ်။


ဒေါက်တာတင့်ဆွေ

၂၅-၈-၂၀၂၀

ပန်းချီ Myanmar Watercolor Society ကျေးဇူး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး