Depression During Pregnancy ကိုယ်ဝန်ဆောင်စဉ် စိတ်ကျခြင်း
ဆရာ မဂ်လာပါ (မင်္ဂလာပါ) ရှင့် သမီးအသက်က ၃၃ပါ သက်ဦးကိုယ်ဝန် ၁လခွဲပါဆရာ ညဘက်အိပ်ခါနီးရင် ကိုယ့်ဘာသာကိုတွေးပြီး ငိုချင်စိတ်ဖြစ်ပြီးငိုမိပါတယ်ဆရာ ၁ပတ်ကျော်ပါပြီ အမျိုးသားကိုလဲ စကားကောင်းကောင်း မပြောချင်ဘူး စိတ်ကမကြည်ပါဘူး သူကဘာလုပ်ပေးရမလဲဘာလိုအပ်လဲဘယ်လိုနေလဲပြောပါတယ် သမီးက ဘာမှမဖြစ်တော့မပြောတက်ပါဘူးဆရာ ငိုတာကကလေးအတွက်ထိခိုက်မှုရှိလား တစ်ခြား (တခြား) ကိုယ်ဝန်ဆောင်တွေမှာရော ဖြစ်တက်လား (ဖြစ်တတ်လား) ဘယ်လိုနေထိုင်ရမလဲသိချင်လို့ပါဆရာ ကျေးဇူး အထူးတင်ပါသည်ဆရာ
စိတ်မူအပြောင်းအလဲက ကိုယ်ဝန်ကြောင့် ဟုတ် မဟုတ် မသေချာ။ အများအားဖြင့် ကလေးမွေးပြီး စိတ်ကျတာဖြစ်တတ်။ ဟော်မုန်း မူမှန်ရင် ပြန်ကောင်း။ လိုအပ်ရင် အိုဂျီပြသင့်။ တချို့သာ ဆေးလိုကြတယ်။
ယူအက်စ်အေမှာ ကိုယဝန်ဆောင် ၁၄% ကနေ ၂၃% မှာအဲလိုဖြစ်တယ်။ ဟော်မုန်းဆိုတာ serotonin နဲ့ dopamine တွေဖြစ်တယ်။ တချို့က Psychotherapy စိတ်ပိုင်းကုသမှုလိုတယ်။ Support Groups အုပ်စုလိုက်အားပေးကူညီမှု လိုတယ်။ Exercise လေ့ကျင့်ခန်းလိုတယ်။ တချို့က Antidepressant ဆေးလိုတယ်။ မိခင်လောင်းသောက်တဲ့ဆေးက ကလေးဆီ နည်းနည်းရောက်တယ်။
သားဦးလို့ရေးရ။ သက်ဦးဆိုတာ မောင်သက်ဦး၊ မသက်ဦး။
ဖြစ်တတ်လို့ ရေးရတယ်။ တတ်နဲ့ တက် မှားရေးနေသူတွေ နေ့တိုင်း ၄-၅-၆ ယောက်ဆီက လာတယ်။ သစ်ပင်တက်တတ်ပါသလား။
ဒေါက်တာတင့်ဆွေ
၁၃-၈-၂၀၂၀

Comments
Post a Comment