ဆယ်ကျော်သက်က ကြင်ဖက်ရတာ

တဖက်နဲ့တဖက် တဲ့။ မီဒီယာတခုကရေးထားတဲ့ သတင်းပါသတ်ပုံကို ထောက်ပြတာပါ။ ဟုတ် ဘက် နဲ့ ဖက် က အတော်ရောထွေးတယ်။ မူကွဲလိုရေးတာလည်းရှိသေးတာ။


ဖက်

ဖက်စပ်

ဖက်ဆွတ်ပင်

ဖက်ဆွတ်မိုး

ဖက်တွဲ

ဖက်တွဲသည်

ဖက်ထုပ်

ဖက်ပိုက်သည်

ဖက်ဖူးရောင်

ဖက်ပြိုင်

ဖက်ယမ်း

ဖက်ယှဉ်

ဖက်ယားပင်

ဖက်ရွက်

ဖက်လိပ် တူရိယာ

ဖက်လိပ် နားတောင်း

ဖက်လဲတကင်း

ဖက်ဝန်းပင်

ဖက်သကတ်နာ

ဖက်သက်တရော်ပင်

ဖက်သချာနာ

ဖက်သန်းပင်

ဖက်အုပ်ပင်

အဖက်လုပ်


ဘက်

ဘက်စုံတော်သူ

ဘက်ညီသောအတွဲ

ဘက်တံ

ဘက်ထရီ

ဘက်မလိုက်

ဘက်လိုက်

သူ့ဘက်ကိုယ့်ဘက်

အိမ်ထောင်ရာဘက်

တောင်ဘက် မြောက်ဘက်


တိမ်ပန်းချီ

တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊

တိမ်ပြာရောယှက်၊ မရန်းဖက်၍၊

တိမ်သက်တန့်ရောင်၊ အဝါပေါင်ဝယ်၊

မှောင်ခဲ့တခါ၊ ပြာခဲ့တချို့၊

ညိုခဲ့တလီ၊ ရီခဲ့တဖုံ၊

မှုန်ခဲ့တချက်၊

ယုဂန်ထက်က၊ လေးဘက်လုံးခြုံ၊

တိမ်ဂဠုန်လည်း၊ နဂါးရုံကြွေ့၊

ရန်ချင်းတွေ့သော်

ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့။ (ရှင်ဥတ္တမကျော်)


တန်ခူးမည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး

မဝယ်ဘူး မယ်ခူးတဲ့ဖက်စို။ (မယ်ခွေ)


ကျွန်တို့တောရွာ သာပါလှ

တခေါက်တခါ လာပါကြ။


ရွာဝထိပ်က ဆီးကြိုမယ်

အိုးစည်ဗုံမောင်း တီးလို့ရယ်။

ရွာလယ်ခေါင်က ကွက်လပ်ထဲ

ကူကူး ကူသံ ဘယ်မစဲ။

အိုးစည် ဗုံသံ ဘယ်မစဲ။

ကျွေးမယ်မွေးမယ်တကယ်ပဲ။

တဖက်ရပ်တဲ အရိပ်ထဲ။

ဘယ်သူ့ ကူသံတွေပါလဲ။ မင်းသုဝဏ် (၁၉၁၂၁၉၉၄)


တဖက်သတင်းစာကနေ သူ့ကိုပါ ဆဲရေးတိုက်ခိုက်လာတယ်။ ပရိသတ်ကလည်း ဖတ်ကောင်းကြသတဲ့။ သူ့ဒေါသဒဏ်ကို ခံရသူက သူ့ကို ယမင်းရုပ်လေးလိုချစ်ရှာတဲ့ သမီးလေး။ နောက်ဆုံးမှာတော့ ကဲ ငါလည်း ဟိုအယ်ဒီတာလို ခပ်ရိုင်းတွေ ပြန်ရေးတော့မယ်လို့ ဆုံးဖြတ်လိုက်ရတယ်။ (အယ်ဒီတာ  မင်းသုဝဏ်)


မောင်ပွားဘက်မှ ကူညီရန် ထွန်းအောင်နှင့် ထွန်းမောင်တို့ ညီအစ်ကိုလည်း မှိန်းကြီးတွေ ကိုယ်စီနှင့်။ ခက်ကုန်ပြီ၊ ခက်ကုန်ပြီ။ လုပ်ကြပါဦး။ သူကြီးကို အကြောင်းကြား မှပေါ့။ သူကြီးအိမ်မှ မောင်းကွဲသံကြီး ဆူညံ နေပြီ။ တရွာလုံး အုတ်အုတ်ကျက်ကျက်။ သူကြီးလည်း မနိုင်တော့ပြီ။ သူကိုယ်တိုင်ပင် ဤစစ်ပွဲတွင် ပါဝင် နေသလား မပြောတတ်။ ဆွေမျိုးတွေ အားလုံး မီးစက်ကုန်ကြ လေပြီ။ အနားအနီး ရွာများ ကပင် ဆူညံ နေသော အသံကြီးကို ကြားကြ ရကုန်၏။ ဤရန်ပွဲကြီးကား မည်မျှကြာမည် မသိ။ (ပစ္စန္တရစ် သိပ္ပံမောင်ဝ)


မိုးဒေဝါ ရိုက်ခတ်ဆော်ကျူး ဝသန်ဦးမှာ ပူဆွေးရင်းနှင့် နောင့်မှာမဖြေသာ ဆယ်ကျော်သက်က ကြင်ဖက်ရတာ ရွှေရင် သိမ်းသစ် မြနှစ်သူဇာ စည်းကြက်တောင် ခြည်နှောင်ထုံး တုဖက်မမြင်ပါ ငယ်ကျွမ်းဆွေ ရမ်းရော်မိလျှင် နောင့်သည်းရင်မှာ လွမ်းဓာတ်ထန်ပြင်း တင်းမခံသာ ရွှေစင်ရည်ပျောင်း ဟန်ကောင်းနွဲ့လျ မိုးသူဇာ မရွှင်မောင့်မှာ လွမ်းရက်ကြာ ဖြေရေး ခက်လေတာ။ (စာဆိုစစ်သည်)


ဂျပန်ဖိနပ်တဖက် မန္တလေးဖိနပ်တဖက် (မောင်သာရ)

မိန်းမတဖက် ပုလင်းတဖက် (မောင်သာရ)


အပြင်ဘက်မှာ

သစ်ရွက်တွေကြား ကြယ်လေး ငါးပွင့်

စကားပင်အို ကန်ရေစိုစွတ်

ဟိုမှာလှုပ်လှုပ် ငုတ်တုတ်လက်ကမ်း

စမ်းလျှောက်သွားနေ မြက်ချုံတွေထဲ

တစ္ဆေငါကိုယ်တိုင်ပါဘဲ။ (တစ္ဆေ ကြည်အေး)


ခံတွင်းနှစ်ခွ များလှ ရာဇာ၊ ကျွေးကျွေးသမျှ မဝနိုင်ပါ၊ မှူးမတ်မင်းစိုး လာဘ်ထိုးသူရှာ၊ နှစ်ဖက်စား တရားစီရင်မှာ။ (ကောသလမင်း အိပ်မက် ၅)


ဒေါက်တာတင့်ဆွေ

၂၅-၈-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး