ခေတ်ဆိုတာ

တလက္မမှ အကျူးကျော်မခံဘူးစာပါတဲ့ ကာတွန်းတခုပို့ပြီး ရေးပါတယ်။ အဲ့လိုရေးနေတာ မြင်တော့  စာဖတ်သူတွေ အခုထိ မှားနေတာ သူတို့ကြောင့်လည်း ပါတယ်နော်။


အဲလိုရေးတာ ၉၀% ကျော်တယ်။


သမီးကတော့ သမီးသိသလောက်  ဒီ တစ် နဲ့ တ အမှားပြောပြပေးမယ်လို့ တွေးထားပါတယ်ရှင့်။ သက်ရှိသတ်ပုံ အဘိဓါန်အဖြစ် ကျန်းမာပါစေ။ (ဖောင့်က ရေးချမရလို့   ဓါ လို ဖြစ်သွားပါတယ်ဆရာ)


ကျောင်း ရုံး ဘဏ်မှာ သတ်ပုံအမှန်အတိုင်း မရေးလေနဲ့။


ဘာလို့လဲရှင့်


ခေတ်ဆိုတာ ပိုကောင်းလာတာတွေရှိသလို ပိုမှားလာတဲ့ခေတ်လည်းရှိတယ်။ မြန်မာစာ ခေတ်ဆိုးထဲမှာ။


ဓာ နဲ့ ဓါ အတူတူ။ ရွှေမော်ဓေါဘုရားကို ကြည့်ပါလေ။ ကျွန်တော်အထက်တန်းမှာ ဓါတုဗေဒ သင်ခဲ့ရတယ်။


သတ်ပုံမှာ ကျွန်တော့စကားနားမထောင်တာ ကောင်းတဲ့ခေတ်။


ဒေါက်တာတင့်ဆွေ

၂၅-၈-၂၀၂၀


Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်