The Kings in History မင်းဆက်များ မှတ်စု

၈၄၉-၁၂၉၇ - ပုဂံခေတ် (ပဌမမြန်မာနိုင်ငံ)
၁၂၉၉ မှ ၁၃၆၄ - ပင်းယခေတ်
၁၃၆၄ မှ ၁၅၂၆ - အင်းဝခေတ်
၁၅၂၆ မှ ၁၅၉၆ - တောင်ငူခေတ် (ဒုတိယမြန်မာနိုင်ငံ)
၁၅၉၆ မှ ၁၇၅၂ - ညောင်ရမ်းခေတ်
၁၇၅၂ မှ ၁၈၈၅ - ကုန်းဘောင်ခေတ် (တတိယမြန်မာနိုင်ငံ)

ပဌမတကောင်းမင်းဆက် (၃၃) ဆက်
ဒုတိယတကောင်းမင်းဆက် (၁၇) ဆက်
သရေခေတ္တရာပဌမမင်းဆက် (၂၇) ဆက်
ပုဂံမင်းဆက် (၅၈) ဆက် (၈၄၉-၁၂၉၇)
ရှမ်းမင်းများ (၁၂၈၇-၁၅၆၃)
မြင်စိုင်းခေတ် နှင့် ပင်းယခေတ် ၁၂၉၇–၁၃၆၄
ပင်းယမင်းဆက် (၇) ဆက် (၁၃၁၀ – ၁၃၆၄)
ဟံသာဝတီ (ပဲခူး) (ထင်ရှားသောမွန်ဘုရင်များမှာ ဝါရီရူမင်းဆက်မှ ဗညားဦး( ၁၃၅၃-၈၅)၊ ရာဇာဓိရာဇ် (၁၃၈၅-၁၄၂၃)၊ ရှင်စောပု (၁၄၅၃-၇၂)၊ ဓမ္မစေတီ (၁၄၇၂-၉၂)။ မြန်မာမင်းများထဲမှ တပင်ရွှေထီး၊ ဘုရင့်နောင် အစရှိသည်။) 
ရခိုင် (၁၂၈၇-၁၇၈၅) လောင်းကြက်မင်းဆက် (ပုဂံမှကင်းလွတ်)၊ ရခိုင် မြောက်ဦးခေတ် ၁၄၂၉–၁၇၈၅။ ၁၄၇၃ ခုနှစ်မှာ ရခိုင်ဓညဝတီက မင်းဘီလူကံတော်ကုန်းတော့ မင်းဆက်ပြတ်လို့ မင်းတောင်းတယ်။ အင်းဝဘုရင် မင်းကြီးစွာစော်ကဲက သူ့ဦးရီးတော် စောမွန်ကြီးကို ရခိုင်ကိုပေးတယ်။ အရှေ့ဘင်္ဂလားက ၁၄၅၉-၁၆၆၆ အထိ မြောက်ဦးအောက်မှာရှိခဲ့တယ်။
စစ်ကိုင်းမင်းဆက် (၇) ဆက် (၁၃၃၀ မှ ၁၃၄၆)
ပဌမအင်းဝမင်းဆက် (၂၀) ဆက် (၁၃၆၄ မှ ၁၄၉၂)
ဒုတိယအင်းဝ (၁၀) ဆက် ၁၄၉၇ မှ ၁၆၅၁)
ကေတုမတီ (တောင်ငူ) (အင်းဝလက်အောက်ခံကနေ မင်းကြီးညိုက သီးခြားပြည်ထူထောင်၊ မထူထောင်မီ မင်းဆက်ပေါင်း ၂၈ ဆက်အုပ်စိုးခဲ့။ ၁၄၈၅ မင်းကြီးညို၊ တပင်ရွှေထီး၊ မင်းကြီးဆွေ၊ တောင်ငူမင်းခေါင်၊ ဘုရင့်နောင်၊ မင်းရဲသီဟသူ၊ နတ်သျှင်နောင် ၁၆၁၃ မှာ ကွပ်မျက်ခံရ)
ညောင်ရမ်းမင်းဆက် (၁၁) ဆက် (၁၅၉၉ မှ ၁၇၃၃)
ဟံသာဝတီနိုင်ငံပြန်လည်ထူထောင်ခြင်း ၁၇၄၀–၁၇၅၇
ကုန်းဘောင်မင်းဆက် (၁၇၅၂-၁၈၈၅)
ပဌမအင်္ဂလိပ်-မြန်မာစစ် (၁၈၂၄-၁၈၂၆)
ဒုတိယအင်္ဂလိပ်-မြန်မာစစ် (၅-၄-၁၈၅၂ မှ ၂ဝ-၁၂-၁၈၅၂)
တတိယအင်္ဂလိပ်-မြန်မာစစ် (၇ မှ ၂၉ နိုဝင်္ဘာ ၁၈၈၅)
ဗြိတိသျှကိုလိုနီခေတ် ၁၈၂၄–၁၉၄၈
ဂျပန်ကိုလိုနီခေတ် ၁၉၄၂–၁၉၄၅
လွတ်လပ်ရေးရပြီးခေတ် ၁၉၄၈–၁၉၆၂
မဆလခေတ် ၁၉၆၂–၁၉၈၈
နအဖခေတ် ၁၉၈၈–၂၀၁၀
ဒီမိုကရေစီတစိတ်ပိုင်းခေတ် ၂၀၁၁–၂၀၂၀

1. မင်းကြီးညို
2. တပင်ရွှေထီး
3. မင်းကြီးဆြေ
4. တောင်ငူမင်းခေါင်
5. ဘုရင့်နောင်
6. မင်းရဲသီဟသူ
7. နတ်သျှင်နောင်
မင်းကြီးညို (၈၄၇ တွင်စိုးစံ။ နတ်သျှင်နောင် ၉၇၅ မှာ ကွပ်မျက်ခံရ)

မြန်မာအစာတကောင်းကလို့ဆိုရိုးက ခိုင်မာတယ်။ အသစ်တွေတဲ့ ရှေးဟောင်းသုတေသနတွေအရ မြန်မာအစ တခြားနေရာဒေသတွေကလို့ ရှိလာပေမဲ့ မင်းနေပြည်တွေနဲ့ မင်းဆက်တွေဟာ တကောင်းကသာစတယ်။ ဒါပေမဲ့ ရှေးကျတဲ့သမိုင်း ပါးစပ်ရာဇဝင်သာများတယ်။ 

တကောင်း 
ပျူမြို့ပြနိုင်ငံတခုလို့ဆိုတယ်။ မှန်နန်းရာဇဝင်မှာ သာကီဝင်မင်းမျိုး အဘိရာဇာက ဘုရားပွင့်တော်မမူမီ နှစ်ပေါင်း သုံးရာကျော်က အိန္ဒိယနိုင်ငံကနှေ မြန်မာနိုင်ငံသို့ ဝင်ရောက်လာပြီး တကောင်းမြို့ကို တည်ထောင်ခဲ့တယ်လို့ ဆိုတယ်။ အဘိရာဇာမင်းက စတင်တည်ထောင်ပြီး မင်း (၃၃) ဆက်မြောက် ဘိန္နကမင်းလက်ထက်မှာ ပဌမတကောင်း ပျက်စီးသည်။ ဒုတိယတကောင်းကို ဓဇရာဇာမင်းကတည်တယ်။ ဓဇရာဇာမင်းက ဘိန္နကရဲ့မိဖုရားနာကဆိန်နှင့် စုံဖက်ပြီး စိုးစံတယ်။ မင်းပေါင်း (၁၇) ဆက် စိုးစံခဲ့သည်။ တကောင်းမှာ မင်းပေါင်း (၃၃ + ၁၇ = ၅၀) စိုးစံခဲ့တယ်။ 

အဘိရာဇာမှာ သားတော်နှစ်ပါးရှိတယ်။ သားငယ်ဖြစ်သော ကံရာဇာငယ်က တကောင်းထီးနန်းကို ဆက်ခံလာသောအခါ၊ သားကြီးကံရာဇာကြီးက ဧရာဝတီမြစ်အတိုင်းစုန်ခဲ့ပြီး၊ ချင်းတွင်းမြစ်ကို ဆန်တက်၊ ကလေးကျေးတောင်ညိုအရပ် ရာဇဂြိုဟ်အမည်ပေးပြီး ခြောက်လ ဗိုလ်ဝင်ခံတယ်။ နောက် ကစ္ပနဒီမြစ် အရှေ့ဘက်၌ ကျောက်ပန်းတောင်းမြို့ကို တည်ထောင်စိုးစံသည်။ နောက် ရခိုင်ပြည်မှာ မင်းဆက်ပြတ်နေတဲ့ ဓညဝတီမြို့ဟောင်းကို သိမ်းယူအုပ်ချုပ်တယ်။ 

ဘိန္နကမင်းလက်ထက် တရုပ်တွေဝင်တိုက်လို့ တကောင်းပျက်တယ်။ အိန္ဒိယမြောက်ပိုင်းက ဓဇရာဇာဆိုသူ သာကီဝင်က ဘန္နမင်းရဲ့မိဖုရားနာဂဆိန်နဲ့ဆုံဖက်ပြီး စိုးစံတယ်။ မင်းပေါင်း ၁၇ ပါး။ ဗမာရာဇဝင်မှာ ဗုဒ္ဓဝင်နဲ့ အမျိုးတော်ခိုင်းတာတွေ မမှန်လောက်ပါ။

တကောင်းကို တည်ထောင်ချိန်က မြန်မာနိုင်ငံအထက်ပိုင်းမှာ ပျူလူမျိုး၊ အနောက်ဘက်၌ ကမ်းယံလူမျိုး၊ မြောက်ဘက်၌ သက်လူမျိုး၊ ဧရာဝတီ၊ သံလွင်၊ စစ်တောင်းမြစ်ဝှမ်းတို့၌ မွန်လူမျိုးများ နေထိုင်ကြတယ်လို့ ယူဆတယ်။ တကောင်းပြည်ကို သင်းတွဲပြည်လို့လည်း ခေါ်ကြတယ်။

ပျူမြို့ပြနိုင်ငံများ ဘီစီ ၂၀၀ – အေဒီ ၁၀၅၀

သရေခေတ္တရာက ပျူလူမျိုးတို့၏ ရှေးဟောင်းမြို့တော်ဖြစ်တယ်။ သရေခေတ္တရာ (သီရိခေတ္တရာ) ပျူယဉ်ကျေးမှု အမွေအနှစ်နယ်မြေတယ်။ ပြည်မြို့တောင်ဘက်ငါးမိုင်ခန့်အကွာမှာရှိတယ်။ အေဒီ ၄ ရာစုမှ ၉ ရာစုအတွင်း ထွန်းကားခဲ့တဲ့ ရှေးပျူမြို့ဟောင်းဖြစ်တယ်။ သရေခေတ္တရာပျူမြို့ဟောင်းကို ဂဝံပတေ့ အရှင်သူမြတ်အမှူးပြုပြီး ဒွတ္တပေါင်မင်းကြီး တည်ထောင်ခဲ့တယ်။ မှန်နန်းမဟာရာဇဝင်မှာ သရေခေတ္တရာမင်းဆက် ၂၇ ဆက်ကို ဖော်ပြထားတယ်။ 

မဂဒူးမင်းဆက် (၁၂၈၇-၁၅၃၉)
အေဒီ (၁၁) ရာစုတွင် သုဝဏ္ဏဘူမိ ခေါ် သထုံမြို့ကို အနော်ရထာမင်းက တိုက်ခိုက်ပြီးသည့်နောက်တွင် အောက်မြန်မာနိုင်ငံရှိ မွန်တို့မှာ တထီးတနန်း နေထိုင်နိုင်သည့် အဆင့်မှ လျောကျခဲ့ရသည်။ ထို့အတူပြင် ယနေ့ ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့မှာလည်း မြောက်ဖက်မှ အလုံးအရင်း ဆင်းသက်လာကြသည့် ရှမ်း-ထိုင်း(တိုင်)အနွယ်တို့၏ နယ်ချဲ့မှုကို ခံရပြီး အေဒီ (၁၂) ရာစုအတွင်းတွင် အပြီးတိုင် ပြိုလဲရပြန်သည်။ ပုဂံအင်အားကျဆင်းကာ မွန်ဂိုတာတာတို့၏ ရန်ကြောင့် ပုဂံပျက်ချိန်များတွင် ကိုယ်ပိုင်ထီးနန်းကို ပြန်လည် ထူထောင်ရန် ကြိုးပမ်းရာမှ မဂဒူး မင်းဆက် ပေါ်ထွန်းလာသည်။ မဂဒူးမင်းဆက်ကို ဗညားဝါရူး (ခေါ်) ဝါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်သည်။ ထိုမင်း၏ ငယ်အမည် မဂဒူးကိုအစွဲပြုကာ ၎င်းတည်ထောင်သည့် မင်းဆက်ကို မဂဒူးမင်းဆက်ဟု၎င်း၊ ဘွဲ့နာမည်ကို အစွဲပြုကာ ဝါရီရူးမင်းဆက် ဟု၎င်း ခေါ်ဝေါ်ကြသည်။ မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိ မင်းပြုကြသည်။ ပထမ မင်း (၇) ဆက်တိုင်မူလဖြစ်သည့် မုတ္တမမြို့တွင်သာ အစဉ်အဆက် မင်းပြုကာ ထီးနန်းစိုးစံခဲ့သော်လည်း (၈) ဆက်မြှောက်ဖြစ်သည့် ဆင်ဖြူရှင်ဗညားဦး(သုရှင်ဗညားဦး)လက်ထက်အရောက်တွင် လက်အောက်ခံမြို့စားများဖြစ်သည့် လောက်ဖျား၊ ဥလို၊ အဲဗြပန်ု နှင့် ဗြတ်ထဗ ညီနောင်များကပုန်ကန်သည့်အတွက် မုတ္တမမှ ဒုန်ဝန်း(ယခု ဝန်မြို့)သို့ ပြောင်းရွှေ့စိုးစံရသည်။ သို့သော် ဝန်မြို့တွင်လည်း အချိန်များစွာမကြာလိုက်ပဲ စစ်ရှုံးပြန်သဖြင့် ဟံသာဝတီ(ပဲခူးမြို့)သို့ ပြောင်းရွှေ့ရပြန်သည်။ ထို ဆင်ဖြူရှင် ဗညားဦးနောက် နန်းတက်သည့် ဗညားနွဲ့ (ခေါ်) ရာဇာဓိရာဇ် လက်ထက်တွင် မဂဒူးမင်းဆက်၏ အထွန်းတောက်ဆုံး အချိန်ဖြစ်သကဲ့သို့ မွန်တို့အင်အား ကြီးမားလာခဲ့သည်။ ရာဇာဓိရာဇ်သည် ထိုစဉ်က အင်းဝတွင် ထီးနန်းစိုးစံကြသည့် မင်းကြီးစွာ၊ ၎င်း၏သားတော်များ ဖြစ်သည့် ဆင်ဖြူရှင် နှင့် မင်းခေါင်(ငယ်အမည် မင်းဆွေ)တို့နှင့် စစ်ပြိုင်ပြုကာ ရာဇဝင်တွင် ထင်ရှားလှသည့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကြီးကို တိုက်ခိုက်ခဲ့ကြသည်။ ၁၈ ဆက်မြှောက်ဖြစ်သည့် သုရှင်တကာရွတ်ပိမင်း လက်ထက်အရောက်တွင်မူ တောင်ငူမှ အင်အားကြီးမားလာသည့် တပင်ရွှေထီး၏အင်အားကိုမခံနိုင်ပဲ ကျဆုံးကာ မွန်တို့၏ မဂဒူးမင်းဆက်လည်း ပျက်သုဉ်းသွားခဲ့ရသည်။

မဂဒူးမင်းဆက် ၁၈ ဆက်
1. ဝါရီရူး(ခေါ်)မဂဒူး(ခေါ်)ဗညားဝါရူး ၁၂၈၇-၁၂၉၆)
2. ခွန်လော(ခေါ်)မဂဒါ(ခေါ်)စောရမ်းပရကွတ်(၁၂၉၆-၁၃၁၀)
3. စောသင်မောင်(ခေါ်)စောအော(၁၃၁၀-၁၃၂၄)
4. စောဇိတ်(ခေါ်)ဗညားရံဒယ်(၁၃၂၄-၁၃၃၁)
5. ဇိတ်ပွန်(၇ ရက်)
6. စောအဲကံကောင်း(၄၉ ရက်)
7. ဗညားအဲလော(၁၃၃၁-၁၃၄၈)
8. ဗညားဦး(ခေါ်)ဆင်ဖြူရှင်ဗညားဦး(၁၃၄၈-၁၃၈၃)
9. ရာဇာဓိရာဇ်(ခေါ်)ဗညားနွဲ့(၁၃၈၃-၁၄၂၁)
10. ဗညားဓမ္မရာဇာ(ခေါ်)ဗညားကျန်းမင်း(၁၄၂၃-၁၄၂၆)
11. ပထမဗညားရံ(၁၄၂၆-၁၄၄၆)
12. ဗညားဗရူး(၁၄၄၆-၁၄၅၀)
13. ဗညားကျန်းထော(၁၄၅၀-၁၄၅၃)
14. လိပ်မွတ်ထော(၇ လ)
15. ရှင်စောပု(ခေါ်)ဗညားထောဝ်(ခေါ်)ဝိဟာရဒေဝီ(၁၄၅၃-၁၄၇၂)
16. ဓမ္မစေတီ(၁၄၇၂-၁၄၉၂)
17. ဒုတိယဗညားရံ(၁၄၉၂-၁၅၂၆)
18. သုရှင်တကာရွတ်ပိ(၁၅၂၆-၁၅၃၉)

ပင်းယခေတ် (၁၃၁၃-၁၃၆၄) သည် ပုဂံခေတ် ပျက်သုဉ်းပြီးနောက် ဖြစ်ထွန်းလာတဲ့ ဧရာဝတီမြစ် အရှေ့ပိုင်းရှိ နိုင်ငံငယ် တခုဖြစ်တယ်။ စစ်ကိုင်းနဲ့ နိုင်ငံပြိုင်ဖြစ်တယ်။ မြင်စိုင်းခေတ်လို့လည်းခေါ်တယ်။ သီဟသူက ၁၃၁၀ ခုနှစ်မှာ သူ့အကို အသင်္ခယာကို လုပ်ကြံပြီး မင်းလုပ်တယ်။ ၁၃၁၃ ခုနှစ်မှာ ပင်းယမြို့ကို တည်ထောင်တယ်။ ၁၃၁၅ခုမှာ သားတော်အငယ် အသင်္ခယာစောယွန်းက စစ်ကိုင်းမှာ မင်းပြိုင်ပြုတယ်။ ၁၃၆၄ ခုမှာ မောရှမ်းတွေ ဝင်ရောက်တိုက်လို့ စစ်ကိုင်းနဲ့ ပင်းယ ပျက်စီးတယ်။ အဲဒီနှစ်မှာ သီဟသူမြစ်တော် သတိုးမင်းဖျား (သတိုးမင်းဘုရား) က အင်းဝခေတ်ကို တည်ထောင်တယ်။

ပင်းယဟာ ၁၃၁၂ မှ ၁၃၆၄ အထိ မင်းနေပြည်တော် တခုဖြစ်သည်။ ၎င်း သည် ၁၂၈၇ တွင် ပုဂံအင်ပါယာ ကျဆုံးပြီးနောက် ပေါ်ထွက်လာသော မင်းနေပြည်တော် အသေးစား အမြောက်အမြားအနက်မှ တခုဖြစ်သော မြင်စိုင်းမင်းနေပြည်တော်ကို ဆက်ခံသည့် တိုင်းပြည် တခု ဖြစ်သည်။ ဗမာပုံစံသွင်းထားသော ရှမ်း ဘုရင်များ၏ ဦးဆောင်မှုဖြင့် ပင်းယသည် မြစ်တဖက် ကမ်း ရှိ ပြိုင်ဘက်ဖြစ်သော စစ်ကိုင်း မင်းနေပြည်တော် နှင့် ဗမာနိုင်ငံအလယ်ပိုင်းကို လွှမ်းမိုးထိန်းချုပ် ရန်အတွက် အခါအားလျော်စွာ ပဋိပက္ခ ဖြစ်လေ့ရှိသော်လည်း ၎င်းတည်ရှိနေသည့်နေရာတလျှောက် တွင် မြောက်ပိုင်းမှ ရှမ်းတို့၏ စီးနင်းတိုက်ခိုက်ခြင်းများအား အဓိကအားဖြင့် ခုခံကာကွယ်ခြင်းကိုသာ ဆက်လက်၍ ပြုလုပ်ခဲ့သည်။ ၁၃၆၄ ခုနှစ် တွင် မိုးကောင်း မှ ရှမ်း စီးနင်းတိုက်ခိုက်သူများသည် ပင်းယ နှင့် စစ်ကိုင်း မင်းနေပြည်တော် နှစ်ခုစလုံး၏ မြို့ တော်များကို ဆက်တိုက်သိမ်းပိုက်ပြီးနောက် မင်းနေ ပြည်တော် နှစ်ခုစလုံးသည် ပြိုလဲပျက်စီးခဲ့ရသည်။ စစ်ကိုင်း မင်းသား သတိုးမင်းဖျားတည်ထောင်ခဲ့သော အင်းဝမင်းနေပြည်တော် သည် ပင်းယနှင့် စစ်ကိုင်း မင်းနေပြည်တော် နှစ်ခုစလုံးကို ၁၃၆၄ တွင် အစားထိုးပြီး ဗမာနိုင်ငံအလယ်ပိုင်း၏ အဓိက မင်းနေပြည်တော်အဖြစ် နောင် နှစ်ပေါင်း ၁၅၀ ကျော်တိုင်အောင် တည်ရှိခဲ့သည်။

ပင်းယ မင်းနေပြည်တော်သည် မြင်စိုင်းမင်းနေပြည်တော် ၏ အဆက်ဖြစ်ပြီး ၁၂၉၈ တွင် ရှမ်းညီနောင်သုံးဦးဖြစ်သော အသင်္ခယာ၊ ရာဇသင်္ကြန်နှင့် သီဟသူတို့က တည်ထောင်ခဲ့သည်။ စစ်ကိုင်း နေပြည်တော်မှ ၁၃၁၅ ခုနှစ်တွင် ခွဲထွက်ခဲ့ခြင်း မဟုတ်ပေ၊ မြင်စိုင်းမင်းနေပြည်တော် ဟူ၍ပင် ခေါ်ဆိုနေဆဲဖြစ်သည်။ ၁၃၁၂ ခုနှစ်တွင် နောင်တော် အလတ်သည် သဘာဝ အလျောက် ကွယ်လွန်ပြီးနောက်တွင် အငယ်ဆုံးညီတော်ဖြစ်သော သီဟသူသည် သူ၏ ဩဇာအာဏာကို ခိုင်မြဲအောင်လုပ်သည့် အနေဖြင့် အစ်ကိုအကြီးဆုံးကို အဆိပ်ခတ်သတ်ပြီး ထီးနန်းကို သိမ်းယူခဲ့သည်။ သီဟသူသည် အစဦးတွင် သူ၏မြို့တော်ကို ပင်လယ်အရပ်မှ ပို၍ အချက်အချာကျသော ကျောက်ဆည် စပါးကျီနှင့်နီးသည့် ဧရာဝတီ အရပ်သို့ ပြောင်းရွှေ့ရန်ကြံစည်ခဲ့သည်။ ထိုအချိန်မှစ၍ မွန်ဂိုကျူးကျော်မှု မတိုင်မီ လူဦးရေ ၅၀၀၀၀ ခန့် ရှိခဲ့သော ပုဂံသည် အလွန်အမင်း တိတ်ဆိတ်ခြောက်ကပ်သွားခဲ့သည်။ သီဟသူသည် နောင်အခါ အင်းဝ နေပြည်တော်ဖြစ်လာမည့် ဧရာဝတီနှင့် မြစ်ငယ် မြစ်တို့အနီးရှိ ကျောက်ဆည်အရပ် အနီးတဝိုက်ကို မင်းနေပြည်တော် တည်ထောင်ရန် ရွေးချယ်ခဲ့သည်။ သို့သော် နန်းတွင်း ဗေဒင် နက္ခတ် ကျွမ်းကျင်သူများက ထိုအရပ်သည် မကောင်းသော နိမိတ်ဖြစ်သည်ဟု အကြံပေးကြသည်။ ထို့ကြောင့် သီဟသူသည် ၎င်းအစား ပင်းယနေပြည်တော်ကို ယနေ့ခေတ် မန္တလေးမြို့၏ မြောက်ဘက် ဧရာဝတီမြစ်အနီးတွင် ရွေးချယ်ခဲ့သည်။ သီဟသူသည် ရှေးခေတ် ပုဂံဘုရင်များ၏ ထုံးတမ်းစဉ်လာနှင့် ဘွဲ့များကိုခံယူခဲ့သည်။ သူ၏နန်းတက်ပွဲတွင် အနော်ရထာလက်ထက်ကတည်းက မင်းမိဖုရား တော်ဝင် မိသားစုများအတွင်း လက်ဆင့်ကမ်းလာခဲ့သော ရွှေစလွယ်နှင့် ရွှေလင်ဗန်းအား နရသီဟပတေ့၏ မိဖုရားဖြစ်သော ကွယ်လွန်သူ ခင်ပွန်း၏ ဘွဲ့ထူးဂုဏ်ထူးကို ဆက်ခံသည့် မိဖုရားစောမှ သီဟသူကို ပေးအပ်သည်။ သီဟသူသည် ယခုအခါတွင် မိမိသည် ပုဂံမင်းဆက်၏ အရိုက်အရာကို ဆက်ခံသူအဖြစ် တရားဝင် ယူဆခဲ့သည်။ သို့ဖြစ်၍ သူသည် ၁၃၁၅ တွင် နတ်ရွာစံတော်မူပြီးဖြစ်သော ဘုရင် ကျော်စွာနှင့် မိစောဥတို့၏သားတော်တပါးဖြစ်သော ဥဇန (၁) မင်းသားအား အိမ်ရှေ့စံမင်းသား အရိုက်အရာ ခန့်အပ်ခဲ့သည်။ ၁၂၉၈ တွင် သီဟသူသည် မိဖုရား မိစောဥအားသိမ်းယူစဉ် သူမတွင် ဥဇန၏ ကိုယ်ဝန် ရှိနေခဲ့ပြီး ၁၂၉၉ တွင် ဥဇနအား ဖွားမြင်ခဲ့သည်။ သီဟသူသည် ဥဇနကို သူ၏ သားအရင်းအဖြစ် မွေးစားခဲ့သည်။

စစ်ကိုင်း ခွဲထွက်ခြင်း (၁၃၁၅)
သီဟသူ၏ သားတော်အကြီးဆုံးဖြစ် သော ၁၅ နှစ် အသက် အရွယ်ရှိ စောယွန်းသည် သူ့အားကျော်လွန်၍ ရာထူးတိုးမြှင့်ပေးခြင်းကို လိုလိုလားလားမရှိခဲ့ပေ။ တောတွင်းနေထိုင်သော ရဟန်းတော်များ၏ အားပေးမှုဖြင့် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ပင်းယကို တိုက်ရိုက်ဖြတ်ကူးကာ သူ၏နောက်လိုက်နောက်ပါများနှင့်အတူ စစ်ကိုင်းသို့ ထွက်ခွာခဲ့သည်။ စောယွန်းမင်းသားသည် မည်သည့်အခါကမျှ တရားဝင် ပုန်ကန်ခဲ့ခြင်းမရှိပဲ သူ၏ဖခင်အပေါ်တွင် သစ္စာရှိသယောင် အမည်ခံအဖြစ်နေခဲ့သည်။ သူ၏ ညီအစ်ကိုများနှင့်သော်မှ ထီးနန်းစည်းစိမ်ကို မျှဝေ မခံစားလိုသော သီဟသူသည် စောယွန်းအား သူ၏ဖုံးကွယ်ထားသော ပုန်ကန်ထကြွမှုအတွက် ထူးခြားစွာဖြင့် အပြစ်ပေးခဲ့ခြင်း မရှိ။သီဟသူအငယ်သည် ဤအရာကို သည်းခံနိုင်ခြင်းမရှိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ပင် ဖြစ်စေ ၁၃၂၄ ခုနှစ် သီဟသူနတ်ရွာစံပြီးနောက်တွင် မင်းနေပြည်တော်နှစ်ခုသည် တရားဝင် နှစ်ခြမ်းကွဲ သွားပြီး ပင်းယသည် ဧရာဝတီမြစ် အရှေ့ဘက်ပိုင်း ရှိ မြန်မာပြည် အလယ်ပိုင်း နှင့် စစ်ကိုင်းသည် အနောက်ဘက်ခြမ်းတဝက်ကို ထိန်းချုပ်ခဲ့သည်။

အလယ်ပိုင်း နှစ်များ
၁၃၂၄ ခုနှစ်တွင် သီဟသူနတ်ရွာစံသောအခါ ဥဇနသည် သီဟသူသတ်မှတ်ခဲ့သည့်အတိုင်း ထီးနန်းဆက်ခံခဲ့သည်။ ပုဂံမင်းဆက်၏ အကြွင်းအကျန် ဖြစ်သော ဥဇသည် ရှမ်းဝန်ကြီးများနှင့် ရှမ်းစစ်သူကြီးများ လွှမ်းမိုးသည့် ပင်းယနန်းတော်ထဲတွင် ထုံးနည်းများဖြင့် မလျော်ညီသူ တဦးဖြစ်ခဲ့သည်။ သူ၏ အုပ်ချုပ်မှုသည် နှစ်ပေါင်း ၂၀ နီးပါးမျှ ကြာမြင့်ခဲ့သော်လည်း အခြေခံအားဖြင့် သူသည် နောက်တွင် ထီးနန်းဆက်ခံမည့် အမေတူ ညီအစ်ကို ကျော်စွာ ၁ အတွက် ထီးနန်းကို စောင့်ရှောက် ပေးနေရသူ တဦးသာဖြစ်ခဲ့သည်။ နရသီဟပတေ့၏ မြေးတဦးဖြစ်ပြီး သီဟသူ၏ သားဖြစ်သူ ကျော်စွာအငယ်မှာ အကောင်းဆုံးသော ရွေးချယ်မှု တရပ်ဖြစ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ရှေးဟောင်း ပုဂံ နှင့် ပင်းယမင်းဆက် အသစ်များ နှစ်ခုစလုံးမှ မျိုးရိုးအဆက်အနွယ်ကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ၁၃၄၃ ခုနှစ်တွင် ဥဇနသည် ထီးနန်းစွန့်လွှတ်ခဲ့ပြီး ရသေ့ဝတ်ခဲ့သည်။ ပြိုင်ဘက် မင်းနေပြည်တော် နှစ်ခုမှာ နောက်ပိုင်းနှစ်များတွင် ရံဖန်ရံခါ စစ်မက်ဖြစ်ပွားခဲ့သည်။ သို့သော် ၎င်းတို့သည် မြောက်ပိုင်းမှ ရှမ်း ကျူးကျော်သူတို့၏ ရန်ကိုစိုးထင့်နေကြရသဖြင့် မည်သည့်ဘက်ကမျှ အသာစီး မရခဲ့ပေ။ ၁၃၅၀ ခုနှောင်းပိုင်းနှစ်များတွင် ရှမ်းကျူးကျော်မှုများသည် ပိုမိုပြင်းထန်လာခဲ့သည်။

ပင်းယ ကျဆုံးခြင်း
၁၃၆၄ ခုနှစ်တွင် ပင်းယဘုရင် နရသူသည် သူ၏ အဓိကပြိုင်ဘက်ဖြစ်သော စစ်ကိုင်း နှင့် ဒုက္ခပေးနေသော မြောက်ပိုင်းမှ ရှမ်းကျူးကျော်သူတို့ကို နှိမ်နင်းရန်အတွက် ပြည့်စုံ ကောင်း မွန်သော အကြံအစည်တခုရခဲ့သည်။ သူသည် စစ်ကိုင်းကိုပူးပေါင်းတိုက်ခိုက်ရန် မိုးကောင်းမှ ရှမ်းစော်ဘွား စောင်(ဝ်)ဖ နှင့် မဟာမိတ်ပြုခဲ့သည်။ မည်သို့ဖြစ်စေ မိုးကောင်းတပ်များ စစ်ကိုင်းကို တိုက်ခိုက်သောအခါ ပင်းယတပ်များသည် ရိုးရှင်းစွာဖြင့် အခြားတဘက်မှ စောင့်ကြည့် နေခဲ့သည်။ နရသူအတွက် ကံမကောင်းသည်မှာ သူ၏ အစီအစဉ်သည် ရလဒ် ပြောင်းပြန် ထွက်ပေါ် ခဲ့သည်။ မိုးကောင်းတပ်များသည်။ မည်သည့်နည်းဖြင့်မဆို စစ်ကိုင်းမြို့ကို သိမ်းပိုက်ခဲ့ပြီး နရသူ၏ သစ္စာဖောက်မှုအတွက် ၎င်းတို့၏ ရန်လိုမှုကို ပင်းယသို့ လှည့်ခဲ့သည်။ ထို့ နောက် ရှမ်းတပ် များသည် မြစ်ကိုဖြတ်ကျော်ပြီး ပင်းယမြို့ ကို သိမ်းပိုက်ကာ (နရသူ)ကို အကျဉ်းသားအဖြစ် မိုးကောင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ရှမ်းတို့သည်ဗမာပြည် အလယ်ပိုင်းကို မသိမ်းပိုက်ခဲ့ သော်လည်း ကျူးကျော်မှုများသည် ဗမာနိုင်ငံ အလယ်ပိုင်းကို အစုတ်စုတ်အပြတ်ပြတ် ဖြစ်စေခဲ့သည်။ နရသူ၏ အစ်ကို အကြီးဆုံးဖြစ်သော ဥဇန ၂ သည် ပင်းယ ထီးနန်းကို ဆက်ခံခဲ့သော်လည်း သုံးလသာ ကြာမြင့်ခဲ့သည်။ ပင်းယမင်းနေပြည်တော်ကြီးသည် မြင်စိုင်းလွှတ်တော် နှင့်အတူ ပြီးဆုံးသွားခဲ့သည်။

မြင်စိုင်းမင်းဆက် (၁၂၉၈-၁၃၁၃)
အသင်္ခယာ (၁၂၉၈-၁၃၁၀)
ရာဇသင်္ကြန် (၁၂၉၈-၁၃၀၅)
တစီးရှင် သီဟသူ (၁၂၉၈-၁၃၁၃)

ပင်းယမင်းဆက် (၁၃၁၃-၁၃၆၄)
တစီးရှင် သီဟသူ (ပင်းယ သီဟသူ(၁၃၁၃-၁၃၂၄)
ဥဇနာ (ပင်းယ) (၁၃၂၄-၁၃၄၃)
ငါးစီးရှင် ကျော်စွာ (၁၃၄၃-၁၃၅၀)
ကျော်စွာငယ် (၁၃၅၀-၁၃၅၉)
နရသူ (မောပါမင်း) (၁၃၅၉-၁၃၆၄)
ဥဇနာပြောင် (ဥစ္စနာပြောင်) (၁၃၆၄)

ရခိုင်
၁၄၇၃ ခုနှစ်မှာ ရခိုင်ဓညဝတီက မင်းဘီလူကံတော်ကုန်းတော့ မင်းဆက်ပြတ်လို့ မင်းတောင်းတယ်။ အင်းဝဘုရင် မင်းကြီးစွာစော်ကဲက သူ့ဦးရီးတော် စောမွန်ကြီးကို ရခိုင်ကိုပေးတယ်။
စောမွန်ကြီးကွယ်လွန်တော့ မင်းထပ်တောင်းတဲ့အခါ ငယ်ကျွန်တလုပ်စားစောမည်းကိုပို့တယ်။ ဘုရင်က ထန်းစေ့ထန်းပင်ကဲ့သို့မကျင့်လေနှင်၊ ညေယင်စေ့ညောင်ပင်ကဲသို့ကျင်လေဟု မှာသည်။ စည်းတပစ် ပညာရှိက ကြောင်နှင့် ညောင်ကို ထုံးစံဥပမာပြု၍ကျင့်လေဟု မှာသည်။ တလုပ်စားစောမည်းက ပညာမရှိ။ ရခိုင်ရောက်တာနဲ့ မြို့တွင်းမြို့ပြင်က ညောင်ပင်တွေခုတ်ပြီး ဆင်စာကျွေးတယ်။တော်ထတွင်းကကြောင်တွေကို ဘမ်းပြီးသတ်စေတယ်။ ရခိုင်တွေက ပုန်ကန်တော့ စောမည်းထွက်ပြေးရတယ်။ နန်းကျကြီး မြေးကျော်စွာကို နန်းတင်တယ်။

မွန်
မြန်မာနိုင်ငံမှာ မွန်တွေဟာ အစောဆုံး အခြေချတဲ့ လူမျိုးစုတခုဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းမှာ ဖော်ပြပါတယ်။ မြန်မာပြည်အောက်ပိုင်းကို ရာမညဒေသလို့ တချိန်က ခေါ်ခဲ့ပါတယ်။ မွန်တွေဟာ ထိုင်းနိုင်ငံထဲကနယ်မြေတွေမှာလည်း နိုင်ငံတွေ ထူထောင်ပြီး အုပ်စိုးခဲ့ကြပါတယ်။

တချိန်က မြန်မာပြည် အထက်ပိုင်း ကျောက်ဆည်လွင်ပြင်မှာလည်း မွန်တွေ အခြေချ နေထိုင်ပြီး စိုက်ပျိုးရေးတွေ လုပ်သွားတယ်။ 

မွန်နဲ့ပတ်သက်ပြီး သမိုင်းမှာ အငြင်းပွားနေတာတွေက သုဝဏ္ဏဘူမိဟာ သထုံပြည်လား၊ သထုံကို အနော်ရထာ တကယ် သိမ်းမသိမ်းနဲ့ ရွှေတိဂုံစေတီကို ဘယ်လူမျိုးတွေ တည်ခဲ့တာလဲ။ 

ပုဂံခေတ်မှာ မွန်ဘာသာနဲ့ ယဉ်ကျေးမှုတွေ ထွန်းကားခဲ့တယ်။ ကျန်စစ်သားလက်ထက် ပုဂံပြည်မှာ မွန်ဘာသာဟာ နန်းတော်သုံးဘာသာ ဖြစ်လာပြီး မွန်ပုံစံဗိသုကာတွေလည်း ထွန်းကားခဲ့တယ်။ မြန်မာဘာသာ အက္ခရာတွေကို မွန်ဘာသာကနေ တီထွင်ခဲ့တာ ဖြစ်နိုင်တယ်။

အနော်ရထာ ဝင်တိုက်တဲ့ သထုံဟာ နခုံပထုံ ဖြစ်မယ်လို့ ယူဆသူတွေလည်း ရှိကြောင်း မြန်မာ့စွယ်စုံကျမ်းမှာ ပါပါတယ်။

မြန်မာဘက်က သထုံနဲ့ ပဲခူးမှာ အစောပိုင်း နန်းစိုက်ခဲ့တယ်ဆိုတဲ့ မင်းဆက်တွေဟာလည်း ဒွာရာဝတီရဲ့ လက်အောက်ခံ နိုင်ငံတွေ ဖြစ်နိုင်တယ်လို့ ယူဆကြတယ်။ 

ပဲခူးဟံသာဝတီခေတ်မှာ မွန်နိုင်ငံနဲ့ မြန်မာ စစ်ခင်းတာတွေကို ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းမှာ ဖော်ပြထားတယ်။ ပုဂံပျက်ပြီးနောက် အင်းဝနဲ့ ဟံသာဝတီ နိုင်ငံတွေ အနှစ်လေးဆယ် စစ်ခင်းကြတဲ့အချိန်မှာ မွန်သမိန်ဗရမ်းလို နာမည်ကြီး သူရဲကောင်းတွေ ပေါ်ထွက်ခဲ့တယ်။ ပဲခူးနဲ့ ဒဂုံ (ရန်ကုန်) မှာ မွန်ဘုရင်တွေရဲ့ ကုသိုလ် ရွှေမော်ဓောနဲ့ ရွှေတိဂုံ ရှိတယ်။

တောင်ငူ ဘုရင့်နောင်လက်ထက်မှာတော့ ပဲခူးကိုသိမ်းပြီး နန်းစိုက်ခဲ့ပါတယ်။ ညောင်ရမ်းမင်းဆက် အကုန်ပိုင်းမှာ အင်းဝကို မွန်တွေ ခဏသိမ်းနိုင်ခဲ့ပေမယ့် အလောင်းဘုရားရဲ့ ချေမှုန်းမှုကြောင့် မွန်နိုင်ငံ အပြီးပျက်သုဉ်းခဲ့တယ်။

မှတ်သားရန်များ
ပုဂံအင်ပါယာကို မွန်ဂိုတွေက ဖျက်ဆီးခဲ့တယ်။ 
အင်းဝမှာ မြန်မာစာပေထွန်းကားခဲ့တယ်။ အင်းဝခေတ်တွင် စာဆိုတော် ပညာရှင်ပေါင်း (၄၉)ဦး ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရပါသည်။ ပထမအင်းဝခေတ်တွင် စာဆိုတော် (၂၃)ဦး၊ ဒုတိယအင်းဝခေတ်တွင် စာဆိုတော် (၁၂)ဦး၊ တတိယအင်းဝခေတ်တွင် စာဆိုတော် (၉)ဦး၊ စတုတ္ထအင်းဝခေတ်တွင် စာဆိုတော် (၅)ဦး ပေါ်ပေါက်ခဲ့သည်။
အနှစ် (၄ဝ) စစ်ကြောင့် အားအင်ကုန်ခမ်းပြီး အင်းဝခေတ်ပျက်စီးရတယ်။ 
တောင်ငူအင်ပါယာဟာ ဘုန်းတန်ခိုးကြီးတဲ့မင်းနတ်ရွာစံပြီး ပျက်စီးသွားတယ်။ 
ကုန်ဘောင်မင်းဆက်ဟာ နန်တွင်းရေးနဲ့ ညံ့ဖျင်းတဲ့မင်းနဲ့ အပေါင်းပါတွေ အုပ်စိုးချိန်မှာ ကျွန်ဘဝ ရောက်ခဲ့ရတယ်။ မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရပေမယ့် ပြည်တွင်းစစ်နဲ့ နိုင်ငံရေးစနစ်ညံ့ဖျင်းကြောင့် အစစဆုတ်ယုတ်ကျဆင်းခဲ့ရတယ်။

လွတ်လပ်ရေးနဲ့အတူ ကွန်မြူနစ်တွေ တောခိုပြီး လက်နက်ကိုင်ပုန်ကန်တယ်။ ကရင်ကစပြီး တိုင်းရင်းသားတွေ အားလုံးလက်နက်ကိုင်တယ်။ ပြည်တွင်းစစ်ဖြစ်တယ်။ ကနေ့အထိ မပြီးသေးပါ။ ၁၉၄၉ မှ တရုပ်ဖက်ကနေပြေးဝင်လာတဲ့ တရုပ်ဖြူတွေကို တိုက်ထုတ်ရတယ်။ ၁၉၅၈ မှာ ဖဆပလ ၂ ခြမ်းကွဲတယ်။ ဦးနုက ဗိုလ်ချုပ်နေဝင်းကို အာဏာလွှဲတယ်။ ၁၉၆ဝ မှာ ဦးနုအစိုးရ ပြန်တက်လာတယ်။ ၂-၃-၁၉၆၂ မှာ ဗခကနေဝင်းကစစ်အာဏာသိမ်းတယ်။ ၁၉၇၂ ဧပြီမှာ ဗခကနေဝင်းနဲ့ စစ်ယူနီဖေါင်းချွတ်ပြီး မဆလပါတီနာမည်နဲ့ဆက်အုပ်ချုပ်တယ်။ ၁၉၇၄ ကစပြီး တပါတီစနစ်ဖွဲ့စည်းပုံအရ မဆလ ပါတီအစိုးရတွေက အုပ်ချုပ်တယ်။ ၁၉၈၇ မှာ မြန်မာနိုင်ငံဟာ LDC အဆင့် နိုင်ငံ ဖြစ်လာတယ်။ ၁၉၈၈ မတ်လကစပြီး ကျောင်းသားတွေ စတင်တဲ့ ဆန္ဒပြပွဲတွေဖြစ်တယ်။ မဆလပါတီ သမတ ၃ ဆက် ပြောင်းပြီး နောက်ဆုံး ၁၈-၉-၁၉၈၈ မှာ စစ်တပ်က အာဏာသိမ်းပြန်တယ်။

၁၉၉ဝ မှာ ရွေးကောက်ပွဲကျင်းပပေမယ့် NLD ကိုအာဏာလွှဲမပေးပဲ စစ်တပ်ကဆက်အုပ်ချုပ်တယ်။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲနဲ့အတူ လူဟောင်းတွေကပဲ အရပ်ဝတ်နဲ့ဆက်အုပ်ချုပ်တယ်။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါလာတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ်အနိုင်ရလိုက်တယ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ