Spider veins ပင့်ကူသွေးပြန်ကြောများ

၁။ ကျွန်မအသက်က ၂၃ နှစ်ပါဆရာ။ spider veins ဖြစ်တာ တနှစ်ရှိပြီ။ ပြီးတော့spider veins ဆေးလိမ်းပေမဲ့ မသက်သာဘူး။ ထပ်လည်းပွားလာတယ်ဆရာ။ ထိုးတဲ့နည်းလမ်းရှိရင် လမ်းညွန်ပေးပါဆရာ။

၂။ မင်္ဂလာပါဆရာ ကျတော့်အမျိုးသမီးက အသက် ၃ဝ ပါ။ ကလေးတယောက်ရှိပါတယ်။ စားသောက်ဆိုင် အလုပ်လုပ်ပါတယ်။ ဆရာ့ဆောင်းပါးတွေကို ဖတ်ဖြစ်ပါတယ်။ ကျတော့ အမျိုးသမီးမှာ မတ်တပ်ရပ်တာများလို့ ခြေထောက်မှာ သွေးကြောပြတ်ပြီး ပင့်ကူမျှင်သွေးကြောတွေဖြစ်ပြီး ခြေခြထောက်က နာနေပါတယ်။ ဆေးထိုးလည်း ခဏပဲသက်သာပါတယ်။ ပြီးတော့ နာနေတဲ့ ခြေသလုံး အပေါ်နေရာကို အနိုပ်ခံတာ ရပါသလားဆရာ။ ကျေးဇူးပြူပြီး ပြန်ဖြေပေးပါ ဆရာ။

၃။ ဆရာ မင်္ဂလာပါရှင့်။ ကျမခြေသလုံးနှစ်ဖက်စလုံးမှာ ပင့်ကူပုံသွေးကြောလေးတွေ အများကြီးပေါ်လာလို့ပါ။ အရင်ကထက် ပိုများလာလို့ပါရှင့်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ညာခြေထောက်မှာ သွေးကြောထုံးရောဂါဖြစ်လို့ ခွဲစိတ်ထားရပါတယ်။ အသက်က ၃၅ ထဲရောက်ပါပြီရှင့်။ အရင်ကအရမ်းပိန်ပြီး အခုနည်းနည်းဝလာပါတယ်။ ခြေသလုံးမှာပေါ်နေတဲ့ သွေးကြောမျှင်တွေကို ခွဲစိတ်ပြီးဖယ်ထုတ်လို့ ရပါသလားဆရာ။ နောက်ထပ်မဆိုးလာအောင် ဘယ်လိုကာကွယ်ရမလဲ သိချင်ပါတယ်ရှင့်။

၃။ ဆရာ မရိုမသေ တချက်လောက်ကြည့်ပေးပါလား ခြေထောက်မှာ သွေးမျှင်လေးတေ ပေါင်မှာတေရော ပေါလာလို့ ကြောက်လို့ ဘာရောဂါလည်း ဘာဆေးစားရမလဲ မသိလို့ နေတာက နိုင်ငံခြားမှာ တချက်လောက်ကူညီပေးပါလားဆရာ

အသက် ကျား မ မသိရ။ တချက်လို့ ရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း။ သွေးမျှင်လေးတွေလို့ ရေးရ။ ပေါင်မှာတွေရောလို့ ရေးရ။ တေဆိုတာ လူပေလူတေ၊ ပေပေတေတေ၊ အင်္ဂတေ၊ ဗမာတေဆေး။

မေးခွန်းတွေထဲက သတ်ပုံတွေကို ပြင်လိုက်ပါတယ်။ ဆောရီး။

ဆေးစာဘန်းစကားနဲ့ Telangiectasia လို့လဲခေါ်တယ်။ အဖြစ်များပါတယ်။ အကြည့်ရဆိုးတာကလွဲရင် စိုးရိမ်စရာမရှိပါ။ သွေးလှည့်ပတ်မှု ပုံမှန်ဖြစ်မနေရင်ဖြစ်နိုင်တယ်။ ဖြစ်တဲ့နေရာမှာ အပြာရောင်နဲ့ အနီရောင်သွေးပြန်ကြောလေးတွေက ပင့်ကူအိမ်တွေလိုမြင်နေရမယ်။ ကိုယ်အောက်ပိုင်း (ဒူးနောက်၊ ခြေသလုံး၊ ပေါင်) တွေမှာအဖြစ်များတယ်။ နေရာတကာမှာ ဖြစ်နိုင်ပါတယ်။ Varicose veins ခေါ်တဲ့ သွေးပြန်ကြောထုံးရောဂါ (စာတပုဒ်ရေးထားပါတယ်) နဲ့ ဆင်တူတယ်။ ဒါပေမဲ့ အရေပြားမျက်နှာပြင်နဲ့ ပိုနီးပြီး သေးငယ်တယ်။

လူပေါင်း ၁၅၆၆ ယောက်ကိုစစ်ဆေးတော့ ၈၄% မှာရှိနေတာတွေ့ရတယ်။ ညာဖက်ခြေထောက်တွေမှာသာ တွေ့ရတယ်။ ဘာလို့ဖြစ်ရသလဲ - သွေးပြန်ကြောတွေအပေါ်မှာ ဖိအားသက်ရောက်ခံရလို့ပါ။ ဒိထက်တော့ တိတိကျကျ မသိရသေးပါ။ မျိုးရိုးလိုက်သလိုရှိတယ်။ အကြာကြီးမတ်တပ်ရပ်ရသူတွေမှာ ပိုဖြစ်ကြတယ်။ တချို့မှာ အဲလို ပင့်ကူအိမ် သွေးပြန်ကြောလေးတွေနဲ့အတူ ခြေထောက်ရောင်တာ၊ ခြေထောက်လေးနေတယ်လို့ ခံစားရတာ၊ ခြေထောက် ညောင်းနေတာတွေပါတွဲရှိတတ်တယ်။ မဖြစ်ချင်ရင် သွေးပြန်ကြောလေးတွေအပေါ်ဖိအားနည်းစေပါ။ ရပ်နေရတာကို ပြုပြင်ဆင်ခြင်ပါ။ ကိုယ်အလေးချိန်ထိန်းပါ။ အကြာကြီး ရပ်-ထိုင်လုပ်ရသူတွေ မိနစ် ၃ဝ တခါ လမ်းလျှောက်ပေးတာ ကောင်းတယ်။ ထိုင်ရင်လဲ ခြေထောက်တွေကို ချိတ်မထိုင်ပါနဲ့။

ကုသနည်းများ
၁။ Lightweight compression stocking with a gradient of 15 or 20 milliliters of mercury ခြေအိတ်မကျပ်တာ ဝတ်ဆင်ပါ။ ခြေထောက်ကို နားချိန်မှာ မြှင့်ပေးထားပါ။ နေရာင်ထိရတာကြာသူတွေက Slather on sunscreen နေလောင်ခံသုံးပါ။ လေဆာကုသနည်းနဲ့ Sclerotherapy နည်းတွေနဲ့ကုသနိုင်တယ်။ Sclerotherapy နည်းနဲ့ ကုသပေးရတာ ပိုများတယ်။ သွေးပြန်ကြောထဲဆေးထိုးပေးတယ်။ သွေးမလာစေတော့အောင် လုပ်ပြစ်တယ်။ သွေးပြန်ကြောကပိတ်ပြီး အမာရွတ်လိုဖြစ်လာမယ်။ ကြာရင် ပျောက်သွားမယ်။ ၅ဝ-၉ဝ% ပျောက်တယ်။

၂။ လူနေမှုပုံစံပြောင်းခြင်း
အလုပ်ပုံစံပြောင်းပါ။ လူကဝနေရင် ကိုယ်အလေးချိန်ချပါ။ အရေပြားသန့်ရှင်းရေးပိုဂရုစိုက်ပါ။

၃။ Sclerotherapy နည်း
Highly concentrated saline ဆားရည်ထိုးပေးနည်းဖြစ်တယ်။ ၃ ပတ်ကနေ ၆ ပတ်မှာ ကောင်းစေနိုင်တယ်။

၎။ Endovenous laser treatment လေတာနည်း

၅။ Radiofrequency occlusion ရေဒီယိုလှိုင်းကုသနည်း

၆။ ခွဲစိတ်နည်း

၇။ Lasers and intense pulsed light လေဆာ + အလင်းရောင်နည်း


Varicose veins သွေးပြန်ကြောထုံးခြင်း http://doctortintswe.blogspot.com/2014/11/varicose-veins.html
Pregnancy and Varicose veins ကိုယ်ဝန်နဲ့ သွေးကြောထုံးခြင်း http://doctortintswe.blogspot.com/2015/04/pregnancy-and-varicose-veins.html
Spider veins ပင့်ကူသွေးပြန်ကြောများ http://doctortintswe.blogspot.com/2015/02/spider-veins.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး