Group ဂရုဆိုရင် ခပ်လန့်လန့်ပဲ
ရင်သားကင်ဆာသမားပါဆရာ ကျေးဇူးတင်ပါတယ်ရှင့် ဆရာရဲ့ ကင်ဆာနဲ့ပတ်သက်တဲ့ post တိုင်းကို လေ့လာပီး (လေ့လာပြီး) ကင်ဆာရောဂါဝေဒနာဆွေးနွေးတိုင်ပင်အဖြေရှာ grop မှာ share ပါတယ်။ ခွင့်ပြုပေးပါရှင့်။
ဂရုဆိုရင် ခပ်လန့်လန့်ပဲ။ ဆောရီး။ သတ်ပုံတွေပြင်သုံးမှာ မကြိုက်ပါ။ ကလေးလေနာပါမယ်ဆိုတာကို လေဂရုလို့ အမည်ပေးထားတယ်။ ကိုယ်ဝန်ဆောင်တွေ ဘာဖြစ်မယ် ညာဖြစ်မယ်ရေးတာကို လေဥဂရုလို့ အမည်ပေးလိုက်တယ်။
ကင်ဆာဂရုလည်း တွေ့တယ်။ အပြေးအလွှားဖတ်ပါတယ်။ အတော်များများက တလွဲတချော်တွေ။ တည်တည်တန့်တန့် ရေးတာတွေလည်း တွေ့ပါတယ်။ အမည်ဆန်းတဲ့ အသီး အပွင့် အရွက် မြက်တွေက ရောဂါအဆန်းတွေကို ပျောက်တယ်လို့ ရေးသူက အများသား။
ဆရာဝန်ဂရုထဲလည်း မဝင်ပါ။ အဲဒါက သတ်ပုံကြောင့်။ အင်္ဂလိပ်လိုရေးတဲ့ ဂရုမှာတော့ အဆင်ပြေတယ်။
နောက်ဆုံးပေါ် နိုင်ငံရေးဂရုက တိုင်းပြည်ကျန်းမာရေးအတွက် ရင်လေးစရာကောင်းတယ်။ အရွက်တွေ မြက်တွေနဲ့ ရောဂါကုချင်သူတွေ။
ဒေါက်တာတင့်ဆွေ
၁၆-၈-၂၀၂၀

Comments
Post a Comment