Normal respiration rates တမိနစ် အသက်ရှူနှုန်း

၁။ မင်္ဂလာပါဆရာ ကျွန်မအမေက အသက် ၆၂နှစ်ပါ Pre Diabetes ပါရှင့် Hba1c က ၅.၈ပါ မနက် Fasting လက်ဖောက်စစ်တာလည်း ၁၀၀ နဲ့ ၁၂၀ကြားမှာ ပုံမှန်ရှိပါတယ် ညအိပ်တဲ့အချိန်အသက်ရှုတာမြန်တယ်ထင်လို့ Timer နဲ့အသက်ရှုအကြိမ်အရေအတွက်ကို မှတ်ကြည့်တာ ၁မိနစ်မှာ ၂၂ကြိမ်ရှိပါတယ်။ အဲ့ဒါပုံမှန်ပဲလားရှင့် မဟုတ်ရင် ဘာတွေ စစ်ဆေးသင့်ပါသလဲရှင့်

A1c 6% ထက်နည်းနေတာ ပုံမှန်။
A1C (HbA1c) test ဆီးချိုအတွက် https://doctortintswe.blogspot.com/2019/09/a1c-hba1c-test.html

၂။ မင်္ဂလာပါ ဆရာရှင့် ကျွန်မအမေက အသက် ၆၁နှစ်ပါ အမေရဲ့အသက်ရှုနှုန်းဟာ ၁မိနစ်ကို ၂၆ခါလောက်ရှိပါတယ်ရှင့်
respiratory rate ကပုံမှန်ဆို 12 ကနေ 20 ထိရှိသင့်တယ်ဆိုတာ ဆရာပြောလို့သိထားပါတယ်။ အမေ့ကို ဘာများ စစ်ဆေးပေးသင့်သလဲရှင့်

ဆရာဝန် အရင်ပြသင့်၊ စမ်းသပ်ပြီး လိုတာစစ်ခိုင်းပါမယ်။

Normal respiration rates တမိနစ် အသက်ရှူနှုန်း
မွေးစမှ အသက် ၁ နှစ်ထိ = 30 to 60
၁ နှစ်မှ ၃ နှစ်ထိ= 24 to 40
၃ နှစ်မှ ၆ နှစ်ထိ = 22 to 34
၆ နှစ်မှ ၁၂ နှစ်ထိ = 18 to 30
၁၂ နှစ်အထက် = 12 to 20 ရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂၀၂၀
၂၁-၈-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး