ကလို့တော့ မဖြစ်ဘူးထင်တယ်


မြန်မာစာအရေးအသား ပြုပြင်ပေးတဲ့ဆရာ ရန်ကုန်သူရန်ကုန်သားတွေ သုံးနေတဲ့ စကားတခု ပြင်ပေးပါ ဥပမာ တခု  မစားရသေးဘူးကို မစားကသေးဘူးလို့ပြောနေကြတာ နားထဲတမျိုးဖြစ်နေပါတယ်


အခါ ၂၀ လောက် တင်ပြထားတယ်။ မေးခွန်မှာ ပါတိုင်း နင်ပနယ်။ ကလေးနေမကောင်းသူ ကလေးချော့သီချင်းနဲ့က စသဖြင့်။


က = ကတ္တားဝိဘတ် + ထွက်ခွါရာပြဝိဘတ် + အချိန်ပြဝိဘတ် + နေရာပြဝိဘတ်


၁။ ကျွန်မစကားအမှားပါရင် ခွင့်လွတ်ပေးပါဆရာ ကျွန်မနားက နားပြည်ယိုလိုက် သွေးထွက်လိုက် ဖြစ်ပါတယ် ဆရာဝန်နဲ့ပြတော့ နားစည်ပေါက်တယ် ပြောပါတယ်ဆရာ ကျွန်မအခုနားက အသံတိုးရင် ဘာမှ မကြားရဘူးဆရာ အဲဒါကျွန်မ ဘယ်မှာဆေးကုပြကမလဲဆရာ ဆရာရဲ့ ဆေးခန်းနဲ့ ထိုင်တဲ့အချိန်နဲ့ ဆေးခန်းကို ပြောပြပေးပါလားဆရာ ကျေးဇူးတင်ပါတယ်ဆရာ


၂။ ကျွန်မအသက် ၄၃ နှစ်ပါ နားဖြစ်တာ အပျိုထဲက ဖြစ်နေတာပါဆရာ ကြာလဲကြာနေပြီဆရာ အိမ်ထောင်ရှိပါတယ် ကလေးတယောက်ရှိပါတယ်ဆရာ အခုကျွန်မနားက အသံတိုးရင် မကြားကပါဘူးဆရာ ကျွန်မနားကို ဘယ်လိုလုပ်ကမှန်းမသိလို့ ဆရာရှိရိုသေစွာမေးကြည့်တာပါဆရာ ဆေးခန်းတွေပြတော့ နားစည်ပေါက်နေတယ် ပြောတယ်ဆရာ ကျွန်မနားက နှစ်ဖက်လုံး သိပ်မကြားရဘူးဆရာ ကျွန်မကို ဘယ်လိုလုပ်ကမလဲ ပြောပြပေးပါဆရာ ကျေးဇူးတင်ပါတယ်ရှင်


၃။ ယားလို့ပွတ်လိုက်မိတာ အခုစပ်ဖျင်းဖျင်းနဲ့ခံစားနေကလို့ ကြာပြီ ဘာဆေးလုပ်ကမလဲ အသက်က ၂၄ပါ အိမ်ထောင်သည်ပါ


၎။ ဆရာ သမီးရန်ကုန် ssc မှာပြပါတယ် ကလေးလိုချင်လို့ နယ်ကနေလာပြတာပါဆရာ ကားမူးတက်ပါတယ် ဆရာမကြီးက ကိုယ်ဝန်ရှိတယ်ဆို သူဆီအမြန်လာပြဖို့ပြောပါတယ် သမီးက ကားမူးတာ သူများထက်ဆိုတယ်ဆရာ ကလေးကလဲ ပျက်ဖူးတော့ ကားမူးတဲ့အရှိန်နဲ့ ပျက်မှာဆိုးမိတယ်ဆရာ သမီးတို့နယ်မှာတော့ စနေနေ့ Og တွေလာပါတယ် သမီး နားမလည်တာက ကိုယ်ဝန်ခိုင်ဆေးတွေက အတူတူပဲလာဆရာ ရန်ကုန်က ပေါမောခတွေဆိုတော့ ပိုပြီး ဆေးကောင်း ရှိတာလာ သိချင်မိတယ် ကလေးက ၂ခါပျက်ဖူးထာလို့ပါဆရာ သမီးဘယ်လိုလုပ်ကမလဲ အကြံဥာဏ်လေး ပေးပါဆရာ


၅။ ကလေးကနေမကောင်း သင်္ကြန်လည်း နီးပြီဆရာ ဘယ်လိုလုပ်ကမလဲ။


၆။ မဂ်လာပါ (မင်္ဂလာပါ) ဆရာ ဒီဆေးက ထည့်ပြီးပြန်ထုတ်ကမှာလားဆရာ ညနေက ဆရာဝန်ကတော့ တနေ့တလုံး ထည့်ရတယ်လို့တော့ မှာလိုက်တယ်ဆရာ



ကနေကြသော ဆရာမများသို့ https://doctortintswe.blogspot.com/2019/05/blog-post_680.html

ကနေကြသော အိမ်ထောင်သည် ကလေးအမေနှင့် ဆရာမများသို့ https://doctortintswe.blogspot.com/2019/09/blog-post_52.html

ကလေးပျက်ကျနေစဉ် မကသင့်ပါ https://doctortintswe.blogspot.com/2020/08/blog-post_28.html


သူ့မှာတမ်း

အမောင်ပြောက်ကျား၊ ချစ်သူအားကို

ဘာများ မှာခဲ့လိုသနည်း။


ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို

ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။


ငယ်ကကြင်မြတ်၊ မိသက်မှတ်၊ စာကို မှန်အောင်ရေးတတ်စေ။


ဒေါက်တာတင့်ဆွေ

၂၉-၈-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး