ပုဂံဟု ခေါ်ခြင်းမှာ

ပုဂံဟု ခေါ်ခြင်းမှာ တိုင်းပြည်တကာတို့အနက် အလှပဆုံး၊ အသာယာဆုံးဖြစ်သောကြောင့် ဖြစ်သည်။ အရိမဒ္ဒနာဟု ခေါ်ခြင်းမှာ ရဲရင့်၍ စစ်ချီစစ်တက် ဝါသနာအထုံကြီးသောသူ၊ အမည်ကိုကြားရရုံမျှဖြင့် ရန်သူတကာတို့ ကြောက်ရွံ့ကြသော သူတို့ နေထိုင်သောကြောင့် ဖြစ်သည်။ ပုဂံပြည်သူတို့ အန္တရာယ်အပေါင်းမှ ကင်းလွတ်ကြပြီး ရောဂါအပေါင်းတို့မှလည်း ကင်းဝေးကြသည်။ ပုဂံသားတို့သည် အနုပညာအမျိုးမျိုးတွင်လည်း ကျွမ်းကျင်လိမ္မာကြ၍ လက်မှုကိရိယာမှန်သမျှ တို့ကိုလည်း ပိုင်ဆိုင်ကြသည်။ ပုဂံပြည်သည် အသုံးဝင်သောအရာဝတ္ထုတို့ဖြင့် ပြည့်နှက်လျက်ရှိပြီး ပုဂံသားတို့မှာလည်း ချမ်းသာကြွယ်ဝကာ အခွန်ငွေတို့ စည်ပင်ဝပြောကြသည်။ ထို့ကြောင့် ပုဂံပြည်ကြီးသည် နတ်ပြည်ကြီးထက်ပင် နေချင့်စဖွယ်ကောင်းသည်။ ပုဂံပြည်ကြီးသည် ဂုဏ်ကျက်သရေနှင့် ပြည့်စုံကာ တန်ခိုးကြီးကြသည်ဟု အဆိုရှိသည်။ (၁၂၄၂ ခုနှစ်က ရေးထိုးခဲ့တဲ့ မိဖုရားဖွားစော ကျောက်စာ)


မြသန်းတင့် ဘာသာပြန်တဲ့ သမိုင်းထဲကပုဂံ ပုဂံထဲကသမိုင်းစာအုပ်ထဲကဖြစ်ပါတယ်။ VC Scott Connor ရေးတဲ့ Mandalay and other cities of the past in Burma စာအုပ်ကို ဘာသာပြန်ထားတာ။


ဖွားစောဟာ နရသီဟပတေ့ရဲ့ မိဖုရား။ ကနေ့ရေးနေကြတဲ့ စော စကားလုံးဟာ ဂျီ၊ အိပ်၊ လုစ် က ပုဂံကျောက်စာ တွေထဲက စဝ် စကားလုံးဖြစ်တယ်။ နန်ချောင်ရှမ်းတွေရဲ့ ဘွဲ့အမည်လို့ ဆိုပါတယ်။ 


ကနေ့ကာလ မြန်မာနိုင်ငံဟုခေါ်ခြင်းမှာ မည်သို့ပါနည်း။


ဒေါက်တာတင့်ဆွေ

၂၅-၈-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး