Elections in the United States အမေရိကန် ရွေးကောက်ပွဲများ (၄)

အပိုင်း (၄) ပိုင်း ခွဲပြီး ရေးပါမယ်။


အပိုင်း (၄/၄)


အမေရိကန် အစိုးရဆိုတာဘာလဲ


ဖွဲ့စည်းပုံက ထိပ်ဆုံးမှာ။ ဖွဲ့စည်းပုံအရ ဖက်ဒရယ်အစိုးရဖွဲ့ရတယ်။ အမေရိကန် အစိုးရဆိုတာ သမတနဲ့ ဝန်ကြီးအဖွဲ့ကိုသာ ခေါ်တာ မဟုတ်ပါ။ တိုင်းပြည်ကို အုပ်စိုးနေသူများကို စုပေါင်းခေါ်တယ်။

ကွန်ဂရက်စ် ခေါ် လွှတ်တော်နှစ်ရပ်

သမတ + ဒုသမတ+ ဝန်ကြီးများ

တရားရုံးများနှင့် တရားရေးဌာန


Congress အစိုးရရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်။ Senate ဆီးနိတ်နဲ့ House of Representatives အောက်လွှတ်တော် နှစ်ခုပေါင်းထာတာကိုခေါ်တယ်။


(၁) Legislative ခေါ် ဥပဒေရေးဆွဲသူများထိုင်တဲ့ Congress ကွန်ဂရက်စ်မှာ ၂ ပိုင်းပါတယ်။ House of Representatives နဲ့ Senate ဆီးနိတ်။ Capitol Building in Washington, D.C. မှာတည်ရှိတယ်။


(က) Senate ဆီးနိတ်

အထက်လွှတ်တော်နဲ့ အလားတူတယ်။ ဆီးနိတ်အမတ် ၁၀၀ ရှိတယ်။ ၆ နှစ်တကြိမ်။ ပြည်နယ်ပေါင်း ၅၀ ရှိတယ်။ ပြည်နယ်တခုစီက ၂ ယောက်စီ။ ၃ ပုံ ၁ ပုံကို ၂ နှစ်တခါ အသစ်ရွေးတယ်။ ဆီးနိတ်ကနေ စာချုပ်တွေကို အတည်ပြုရတယ်။ ဝန်ကြီးတွေကို အတည်ပြုရတယ်။ ဗဟိုတရားသူကြီးတွေကို အတည်ပြုပေးရတယ်။ တခြား ထိပ်တန်းအရာရှိခန့်တာတွေကိုလည်း အတည်ပြုပေးရတယ်။ အောက်လွှတ်တော်မှာ စီရင်ကြားနာချက်ကို ဆီးနိတ်ကနေ ကြားနာစစ်ဆေးတယ်။ ဆီးနိတ်ကို ဒုသမတက ဦးဆောင်တယ်။


(ခ) House of Representatives အောက်လွှတ်တော်

အောက်လွှတ်တော်အမတ် ၄၃၅ ယောက်။ ၂ နှစ်တခါ မဲပေးရွေးတယ်။ ဖက်ဒရယ်ဥပဒေတွေ ပြုတယ်။ ချပြီးရင် သမတထံ တင်ရတယ်။ United States Capitol တောင်ဘက်ခြမ်းမှာ တည်ရှိတယ်။ Speaker of the House ခေါ် လွှတ်တော်ဥက္ကဋ္ဌတင်မြှောက်ထားတယ်။ အရေအတွက်များတဲ့ပါတီကဖြစ်တယ်။လွှတ်တော်ဥက္ကဋ္ဌဟာ သမတ နဲ့ ဒုသမတတို့ တာဝန်မထမ်းဆောင်နိုင်ရင် သမတတာဝန်ယူရတယ်။


(၂) Executive ခေါ် အုပ်ချုပ်ရေးအဖွဲက ဥပဒေနဲ့အညီဆောင်ရွက်သူတွေ။ သမတ၊ ဒုသမတ၊ ဝန်ကြီးအဖွဲနဲ့ ဖက်ဒရယ် အေဂျင်စီတချို့ပါတယ်။


(၃) Judicial တရားရေးကနေ ဥပဒေတွေကို ဆန်းစစ်တယ်။ အဓိပ္ပါယ်ဖွင့်ဆိုတယ်။ Supreme Court ဗဟိုတရားရုံးချုပ်နဲ့ တရားရုံတွေရှိတယ်။ ဗဟိုတရားရုံးချုပ် တရားသူကြီး ၉ ဦးရှိတယ်။


ချက်စ် အင် ဘဲလင့်စ်

အဲဒါတခုစီကနေ တခြားအစိတ်အပိုင်းတွေကို စစ်ဆေးပြုပြင်ဟန့်တားနိုင်တယ်။ သမတက ကွန်ဂရက်စ်က ဘီလ်ကို ဗီတိုလုပ်နိုင်တယ်။ ကွန်ဂရက်စ်ကနေ သမတအမည်စာရင်းတင်သွင်းသူကို ပယ်ချနိုင်တယ်။ တရားရေးကနေ တချို့ဥပဒေတွေကို ပယ်ချနိုင်တယ်။ သမတတင်သွင်းတဲ့ တရားသူကြီးအမည်စာရင်းကို ဆီးနိတ်က ပယ်ချနိုင်တယ်။ 



မြန်မာပြည်အတွက် သုံးလို့ရမလား

ယူအက်စ်အေ ရွေးကောက်ပွဲအကြောင်းကိုသိပြီး မြန်မာပြည်မှာလည်း အဲလိုလုပ်ချင်လို့ မဖြစ်နိုင်။ အရေးကြီးတဲ့ အခြေခံအချက်အလက်တွေ မတူပါ။ ဖွဲ့စည်းပုံ မတူ။ သမိုင်းကြောင်း မတူ။ စစ်တပ် မတူ။ လူထု မတူ။ ပြည်နယ်တွေ မတူ။


မြန်မာပြည်နဲ့ အတော်ကို မတူပါ 

သူတို့ဆီမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ခိုင်မာနေတာကြာပြီ။ နိုင်ငံရေး တည်ငြိမ်တယ်။ နိုင်ငံရေးပါတီတွေကလည်း သက်တမ်း ရင့်ကြပြီ။ ပြည်သူလူထုကလည်း လက်ရှိစနစ်ကိုလက်ခံကြပြီး လိုတာတချို့ကိုသာ ပြင်လိုကြတယ်။ ဖွဲ့စည်းပုံပြင်တာ ၂၇ ခါ။


စစ်တပ်

သူတို့ဆီမှ စစ်ပွဲတွေကလည်း ပေါတယ်။ ပြည်တွင်းစစ် (၁၈၆၁-၁၈၆၅)၊ ပဌမကမ္ဘာစစ် (၁၉၁၇-၁၈၁၉)၊ ဒုတိယကမ္ဘာစစ် (၁၉၃၉-၁၉၄၅)၊ စစ်အေးကာလ (၁၉၄၇-၁၉၉၁)၊ ကိုရီးယားစစ် (၁၉၅၀-၁၉၅၃)၊ ဗီယက်နမ်စစ် (၁၉၅၅-၁၉၇၅)၊ ပင်လယ်တွေ့စစ် (၁၉၉၀-၁၉၉၁)၊ အီရတ် (၁၉၉၁-၂၀၀၃)၊ အာဖကန်စစ် (၂၀၀၁ မှ ယနေ့ထိ)၊ အီရတ် (၂၀၀၃-၂၀၁၁)၊ အီရတ် (၂၀၁၄ မှ ယနေ့ထိ)၊ ဆီးရီယား (၂၀၁၄ မှ ယနေ့ထိ)၊ လစ်ဗျား (၂၀၁၅ မှ ယနေ့ထိ)၊ ယီမင် (၂၀၁၅ မှ ယနေ့ထိ)။ စာရင်းကုန် မဟုတ်သေးပါ။ အဲတာလည်း အမေရိကန်စစ်တပ်က နိုင်ငံရေးဦးဆောင်မှုနေရာ လုမယူပါ။


နိုင်ငံ့သမိုင်းအရေးပါမှု

တခြားတိုင်းပြည်တွေကနေ အခြေချလာရောက်နေထိုင်သူတွေ နိုင်ငံသားဖြင့်ခွင့် အင်တာဗျူးမှာ စီဗစ် ခေါ် အခြေခံ နိုင်ငံအကြောင်းအချက်အလက်တွေ မေးတယ်။ ဖွဲ့စည်းပုံပါ အရေးကြီးတဲ့အချက်လက်တွေ မေးတယ်။ အချက်အလက်တွေက တိတိကျကျရှိတယ်။ မြန်မာပြည်မှာလို အစိုးရအမျိုးအစားမတူရင် အချက်အလက်တွေ လိုက်ပြောင်းတမျိုး မရှိပါ။ နိုင်ငံသမိုင်းလည်း မေးတယ်။ မြန်မာပြည်မှာလို အစိုးရအမျိုးအစားမတူရင် နိုင်ငံသမိုင်း လိုက်ပြောင်းတာမျိုးမရှိပါ။ 


ဒေါက်တာတင့်ဆွေ

၁၂-၈-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ