သတ်ပုံပြောင်းလဲခြင်းဟာ နာဂစ်မုန်တိုင်းနဲ့ တူတယ်
ကွန်မင့်မေးခွန်းတခုရတယ်။ (စ) အခုခေတ်မှာ စာရေးတဲ့အခါ စသတ်ကို သုံးတဲ့နေရာသုံးကြသလို မသုံးတဲ့နေရာမှာ မသုံးကြပါဘူးဆရာ။ ဥပမာ တစ်ရာ၊ တစ်ထောင်တို့လိုကျ စသတ်သုံးကြပေမယ့် 'တခြား' တို့လိုမျိုး စကားလုံးတွေမှာကျ သုံးလေ့မရှိပါဘူး ဆရာ။ စသတ်ကို သုံးကြပေမယ့် အကန့်အသတ်ရှိကြတယ်လို့ ပြောချင်တာပါဆရာ။ စသတ်ကို ရေတွက်တဲ့အခါမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြပါတယ်။ ဆရာတို့အမြင်မှာ အမြင်ဆိုးပေမယ့် ဒီလိုအခြေအနေဟာ evolution ဖြစ်လာတယ်လို့ မဆိုနိုင်ဘူးလား ဆရာ (ဆုံး)။
သိလိုစိတ် စူးစမ်းလေ့လာလိုစိတ်ကို အားပေးတယ်။ ကျယ်ပြန့်အောင်တော့ လေ့လာရတယ်။
မြန်မာစာပေါ်တာ နှစ်ပေါင်း ထောင်ဂဏန်းလောက်ရှိပြီ။ ပုဂံခေတ်ဦးကလို့ အဝကမ်းေုကာလို့ရတယ်။ တတွေကို မလိုအပ်ပဲ စသတ်တာက ၁၉၈၇-၁၉၉၀ မှာ ရုတ်တရက်ဆိုသလို ပြောင်းတယ်။
ရုတ်တရက်အပြောင်းလဲခြင်းဖြစ်စဉ်ကို အီဗော်လူရှင်း မခေါ်ပါ။ ရီဗော်လူရှင်း ခေါ်တယ်။
မြစေတီကျောက်စာပါ အရေးအသားတွေကနေ လွတ်လပ်ရေးကျောက်တိုင်ပါ အရေးအသားထိ တဆင့်ပြီး တဆင့် တဖြည်းဖြည်း ပြောင်းလဲတာမျိုးကို အီဗော်လူးရှင်းလို့ ခေါ်တယ်။
မြစေတီကျောက်စာကို ရာဇကုမာရ်မင်းသားက ၁၁၁၃ ခုနှစ်မှာ စိုက်ထူတယ်။ ထိုမင်း၏ ပါယ်မယား တယောက်သော်ကား တြိလောက ဝဋသကာဒေဝီ မည်၏။ ထိုပါယ်မယား သားတမူလည်း ရာဇကုမာရ် မည်၏။ ထိုမင်းကား ကျွန်သုံးရွာတည်း ပါယ်မယားအား ပေး၏။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးကျောက်တိုင်ပါ သစ္စာအဓိဋ္ဌာန် ကိုးချက်ထဲမှာ
တသွေးတသားတည်းတသဝေမတိမ်း
သမတ
သူတပါးကိုလည်း
ငါတို့နှင့်တကွလို့ ရေးထားတယ်။ တတွေကို မလိုအပ်ပဲ စမသတ်ပါ။
တတွေကို စသတ်ခိုင်းတာက နာဂစ်မုန်တိုင်းနဲ့ တူတယ်။ ရုတရက် ဖြစ်တယ်။ ထင်မထားပဲ ဖြစ်တယ်။ မလိုလားအပ်တာ ဖြစ်တယ်။
ဒေါက်တာတင့်ဆွေ
၂၀-၈-၂၀၂၀
Comments
Post a Comment