လင်းပြန်လုနော်


ခိုးဆိုးလုယက် စာလုံးထဲက လုဆိုတဲ့ပစ္စည်းလုတဲ့အဓိပ္ပါယ်က Looting က loot ကို မွေးစားထားတာလားဆရာ


မဟုတ်ပါ။ မြန်မာစာလုံးအစစ် ဖြစ်ပါတယ်။ လုယူ၊ လုယက်သာမက တခြားအသုံးတွေလည်းရှိတယ်။ ပြီးလုပြီးခင်၊ လုလင်ကျော်မြစ်၊ လုလင်ကျော်ပင်၊ လုလင်ကျော်ရွာ၊ လုလင်ပြန်ချိန်၊ ဗေလုဝရွာ၊ သေလုမတတ်၊ မင်းစေလုလင်၊ လာလုဆဲဆဲ၊ လာလုလုငေး (တင့်တယ်)


စိန်ခြူးကြာညောင်၊ လရောင်လင်းပါလို့၊ မှန်ရွှေပြူ ပြတင်း ငယ်က မယ်ခုမျှော်၊ သုံးချက်စည်တော် ရိုက်ဆော် ညှင်းတယ်လေး လင်းပြန်လုနော်။ (လှိုင်ထိပ်ခေါင်တင်)


ဒေါက်တာတင့်ဆွေ

၂၈-၈-၂၀၂၀


Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး