ဝတ်စားဆင်ယင်မှု

မင်္ဂလာပါ ဆရာ မသိလို့မေးခွန်းတခုလောက် မေးပါရစေ အဝတ်အစားဆင်ယဉ် အဝတ်အစားစင်ယဉ် အဝတ်အစား စဉ်ယဉ် မည်သည့်အရာက မှန်ပါသနည်း တကယ် မသိလို့ မေးမြန်းပါသည်။


ဆင်

ဆင်တုံးမနွယ်ပင် (ဆင်သမနွယ်ပင်)

ဆင်တူယိုးမှား

ဆင်ထိန်းမြင်းထိန်း

ဆင်ကြံကြံ

ဆင်ပစ်မြွေ

ဆင်မုန်ယို

ဆင်ယင်ကျင်းပ

ဆင်ခြင်စူးစမ်း

ဆင်ခြင်တုံတရား

ဆင်မြန်းသည်

ဆင်ရံ (ဆင်ဖမ်း)

ဆင်ရာတိမ်မိုး

ဆင်လိမ်မြှုံး

ဆင်လဲမြင်းမပ်

ဆင်သတ္တဝါ

ဆင်အံငှက်ပျော

ဆင်ကျော့ဖမ်း

ဆင်ချေးတုံးဆပ်ပြာ

ဆင်ခြေကန်

ဆင်ခြေဆင်လက်

ဆင်ခြေဖုံး

ဆင်ခြေလျှောမြေ

ဆင်ပြောင်ကြီး အမြီးကျမှတစ်

ဆင်သေမြင်းလဲ

ဆင်နှာမောင်းပင်

တန်းဆာဆင်

ပြင်ဆင်

ဝတ်စားဆင်ယင်

အမှုဆင်


စင်

စင်္ကြံလျှောက်

စင်ကြမ်းပင်

စင်ကြယ်

စင်ပြွမ်းပင်

စင်မြင့်

စင်ယှဉ်ပြာသာဒ်

စင်ရော်ငှက်

ပြောင်စင်


စဉ်

လွင့်စဉ်

ပြောစဉ် ဆိုစဉ်

စဉ်တိုက်ဆက်တိုက်

စဉ်နက္ခတ်


ယဉ်

ပုခက်အေးယဉ်

ယဉ်စွန်းတန်း

ယဉ်ပါး

ယဉ်မင်းရုပ်

ယဉ်သွား (ရက်ကန်းသုံး)

ယဉ်ကျေးမှု

ယဉ်အောင်ပြုသည်

လက်မယဉ် (လက်ဆော့)

အေးယဉ်ကျူး


ယင်

ယင်ပျားကောင်

ယင်မမဲရိုင်း

ယင်ကောင်

ယင်ချေးဥ

ယင်ပေါင်ငှက်

ယင်ပေါင်စာငါး

ဝတ်စားဆင်ယင်


ဒေါက်တာတင့်ဆွေ

၂၃-၈-၂၀၂၀


Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး