TB Q and A တီဘီ အမေး-အဖြေ

ကျွန်တော်တို့ လင်မယားနှစ်ယောက်လုံး (့) မှာနေထိုင် အလုပ်လုပ်ကြပါတယ်။ ကျွန်တော့် အမျိုးသမီး ပြီးခဲ့တဲ့လက ချောင်းတွေအရမ်းဆိုးလို့ ဆေးခန်းသွားတော့ ဆရာဝန်က တီဘီသံသယဖြစ်တယ်။ ဒီနိုင်ငံမှာက တီဘီဆိုရင် အလုပ်ပါ ထိခိုက်နိုင်တာကြောင့် မြန်မာပြည်ပြန်ပြီး သွားစစ်လိုက်တော့ တီဘီဖြစ်နေတယ်။ ဒါနဲ့ပဲ ဆေးသောက်နေတာ အခု ၂ ပါတ်ကျော်တော့ရှိပါပြီ။ အခုကျွန်တော်တို့ နှစ်ယောက်က နေတာလဲ တစ်ခန်းထဲမှာ။ အဲဒါရောဂါ မကူးစက်အောင် ဘယ်လို နေထိုင်ရမယ် ဘယ်လိုစားသောက်ရမယ်ဆိုတာကိုပါ။ လင်မယားအရာကော နေထိုင်လို့ ရနိုင်ပါသလား။ နောက်ပြီးတော့ ကျွန်တော့်ပါ ကူးစက်ခံနေရပြီလား ဆိုတာကို ဘယ်လိုသိနိုင်ပါသလဲ။ တစ်ခါတစ်ရံ ချောင်းဆိုးမိတော့ စိတ်ထဲမှာ သံသယ ဖြစ်လာမိလို့ပါ။


TB မှာ ၂ မျိုးရှိတယ်။ သလိပ်ထဲပိုးပါတာနဲ့ မပါတာ။ သလိပ်ထဲပိုးပါနေသူကနေ ချောင်းဆိုးတာကို ရှူမိသူဟာ တီဘီ ခံနိုင်တဲ့ အခြေအနေ (ရောဂါမပြီး) ရှိနေရင် ကူးနိုင်တယ်။ သလိပ်ထဲပိုး မပါသူကနေ ဘယ်သူ့ဆီကိုမှ ကူးပါ။ တီဘီ ကာကွယ်ဆေး ထိုးတားတဲ့ကလေးတွေနဲ့ ရောဂါပြီးနေတဲ့လူကြီးတွေကိုလဲ လယ်လိုမှ မကူးပါ။

Sputum AFB positive ဆိုတာ သလိပ်ထဲ ပိုးပါတာကိုဆိုလိုတယ်။ တီဘီ ဟာ ဆေးသေသေခြာခြာ ကုသရင် ပျောက်ပါတယ်။


သောက်ဆေး နာမည်တွေ (၃ မျိုး၊ ၄ မျိုး) နဲ့ ဘယ်နှစ်လသောက်ရမယ်ဆိုတာကော သိပါသလား။ တီဘီ အကြောင်း စာတွေ ရေးထားပါတယ်။

• TB အသစ်လား၊ အဟောင်းလား http://dts-medicaleducation.blogspot.in/2012/05/tb.html

• TB (Tuberculosis) တီဘီ http://dts-medicaleducation.blogspot.com/2008/10/tuberculosis-tb.html

• TB Medicines Side Effects (တီဘီ) ဆေးတွေ နဲ့ ဘေးထွက်-ဆိုးကျိုးတွေ http://dts-medicaleducation.blogspot.in/2012/04/side-effects-of-tb-medicines.html

• TB No more in Medical Curriculum ဆရာဝန်တွေကို တီဘီ သင်မပေးကြတော့တာ စိုးရိမ်စရာ http://dts-medicaleducation.blogspot.com/2009/10/tb-no-more-in-medical-curriculum.html


ဆရာစာတွေ သေချာဖတ်ပြီးတော့မှပဲ ကျွန်တော်သိချင်တာ ဆက်မေးပါတော့မယ်။ သေချာသလောက် ကျွန်တော်လဲ ကူးစက်ခံနေရလောက်ပြီလို့ ယူဆမိပါတယ်။


ဖြစ်နေသူက AFB အပေါင်းလား အနုတ်လား မသိဘူးလား။ သိရမယ်။ ဆရာဝန်ကို မေးပါ။ ဆေးစာလဲ ပို့ပေးနိုင်ပါတယ်။ ဆေးနာမည်တွေလဲ သိရမယ်။


ကိုယ့်ဆီကို ပိုးဝင်လာချင် ဝင်လာတာရှိမယ်။ ဒါပေမဲ့ ရောဂါခံနိုင်ရည်ကနေ တိုက်ထုတ်လိုက်တာဖြစ်ဘို့ များတယ်။ မစိုးရိမ်ပါနဲ့။


ဆေးစာရွက်ကတော့ ရန်ကုန်မှာကျန်ခဲ့ပါတယ်။ + လို့ပြောပါတယ်။ ဆေးကတော့ အခုပို့လိုက်တဲ့ အထဲက အကဒ်သေးက ၂ လနဲ့ ကဒ်အကြီးက ၄ လသောက်ခိုင်းထားပါတယ်။


TB နောက်ပေါ်ဆေးတွေက ပိုကောင်းလာပါတယ်။ ပုံထဲကဆေးတွေဟာ ဆေး ၄ မျိုးတွဲ နဲ့ ၂ မျိုးတွဲတွေ ဖြစ်တယ်။ ဆေးကုဌာနတွေက ဆေးပေးနည်းတွေ မတူကြဘူး။ ကုသပေးတဲ့ဆရာဝန်ကနေ အကောင်းဆုံးကို ရွေးပေးတာဖြစ်ပါမယ်။ ဆေးတွေနဲ့အတူ အားဆေးလိုမယ်လို့တော့ ဆရာယူဆတယ်။ အနည်းဆုံး (ဗီတာမင် ဘီ ၆) ပေးရတာ များတယ်။ မဟုတ်ရင် ဗီတာမင် ဘီ အုပ်စုကို အသောက်ခိုင်းတယ်။ မိန်းကလေးဆိုတော့ သံဓါတ်အားဆေးလဲ တီဘီ မရှိတောင်မှ သောက်သင့်ကြတယ်။


ကိုယ်အလေးချိန် ၂-၃ ပါတ်တခါ ချိန်ပါ။ သက်သာလာသူဟာ အလေးချိန်တိုးလာမယ်။ အသားတော့ နဲနဲညိုသလို ဖြစ်မယ်။ ဆေးပတ်စေ့ပြီးနောက်ပိုင်း ကြာလာရင် နဂိုအသားအရေပြန်ဖြစ်လာပါမယ်။ တီဘီဆေးတွေမှာလဲ တခြားဆေးမှန်သမျှလို ဘေးထွက်-ဆိုးကျိုးတွေတော့ရှိတာ သိထားပါ။ မစိုးရိမ်ရပါ ဖတ်ချင်-သိချင်ရင်တော့ ရေးထားတာရှိတယ်။


အခုပဲ ဆရာရေးထားတဲ့စာတွေ ဖတ်နေပါတယ်။ အားဆေးကိုတော့ Enervon-C တွဲပေးထားပါတယ်။ ကျွန်တော်မှာကော ရောဂါကူးစက်နေလား၊ မကူးစက်နေလားကို အကြမ်းဖျင်း ဘယ်လို သိနိုင်ပါလဲ။ နောက်တစ်ခုသိချင်တာ ရောဂါပျောက်သွားခဲ့ရင်တောင် အဆုတ်မှာအမာရွတ်ကလေး ကျန်ခဲ့တဲ့အတွက် ဓါတ်မှန်ရိုက်တိုင်း ပေါ်နိုင်တယ်လို့ သိရပါတယ်။ အဲဒါမပေါ်အောင် ဓါတ်မှန်ရိုက်တဲ့အချိန် နွားနို့အများကြီး သောက်ရတယ်၊ ကိုယ်လုံးဘယ်လို စောင်းရတယ် စသဖြင့်လဲ ကြားဖူးပါတယ်။ အဲဒါဟုတ်ပါသလား။


တီဘီ အပေါင်းဖြစ်နေသူနဲ့ တီဘီရောဂါ မပြီးသေးသူ အတူနေရင်တော့ ကူးနိုင်တယ်။ ကလေးတွေဆိုရင် မွေးကာစမှာ BCG ထိုးနထားရင် ကူးနိုင်တယ်။ လူကြီးတွေမှာ အများအားဖြင့် ကာကွယ်ဆေးထိုးမထားလဲ တီဘီကိုပြီးနေတာက များတယ်။ဒါကြောင့် လူဝကီးကို ကာကွယဆေး မထိုးပါ။ တီဘီ ကူး-မကူး (၁) ဓါတ်မှန်၊ (၂) ပလိပ်ပိုးစစ်တာ နဲ့ (၃) ဆေးထိုးပြီးစမ်းတာ လုပ်နိုင်တယ်။ ဆေးစစ်တော့ မပေါ်အောင်ဆိုတာ ဆရာဝန်တွေက အကြံပေးတဲ့နည်းတွေ မဟုတ်ပါ။ တနေရာမှာ တမျိုး နည်းတွေတော့ ပြောနေကြတာဘဲ။


TB Q and A (တီဘီ) အမေးအဖြေ (၂) 


ကျနော့်ညီလေး TB ရောဂါဖြစ်ပြီး ဆေးကုသမှုခံယူနေတာ တစ်နှစ်ကျော်ပါပြီ။ သူက (့) မှာပါ။ အသက်က ၂၂ နှစ်ပါ။ ဖြစ်စက TB ကြောင့် အဆုပ်မှာရေအောင်းလို့ ညဘက်ကျိုင်းအောက်မှာ အပေါက်ဖောက်ပြီး အရည်တွေကို ထုပ်ပြစ်ရပါတယ်။ ဆေးရုံတစ်လ တက်ခဲ့ရပါတယ်။ ပြီးတော့ TB ဆေးကို တစ်နှစ်တိတိ သောက်လိုက်ရတယ်။ လွန်ခဲ့တဲ့ နှစ်လကျော်လောက်တုန်းက ဆရာဝန်တွေက TB ဆေးသောက်တာကို နားခိုင်းလိုက်တော့ သက်သာပြီလို့ပဲ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာဘူး ဆီးထဲမှာ သွေးပါတာ။ ပြီးတော့ ဝမ်းဗိုက်က တင်းနေတာ ခဏခဏဖြစ်လာတယ်။ ဆေးခန်းပြကြည့်တော့ ကျောက်တည်တယ်ဆိုပြီး ကျောက်ချေတဲ့ဆေးတွေ ထိုးပေးပါတယ်။ မသက်သာပါဘူး။ ပြီးခဲ့တဲ့နှစ်ပတ်က ဝမ်းဗိုက်ရောင်လာပြီး အရမ်းနာလာတာကြောင့် ဆေးရုံးကို ချက်ချင်း သွားရပါတယ်။ အဲဒီမှာပဲ ဆေးရုံကနေပြီးတော့ နှာခေါင်းထဲ ပိုက်ထည့်ပြီး အရည်တွေကိုထုတ်ပေးပါတယ်။ နောက်ပြီးတော့ ဝမ်းဗိုက်မှာပါ အပေါက်ဖောက်ပြီးတော့ ထပ်ထုတ်ပါတယ်။ အဲ့ဒီအရောင်တွေက အရောင်မျိုးစုံတဲ့။ အစိမ်းရောင်၊ အနီရောင်၊ အဝါရောင် နို့နှစ်ရောင် အစုံပါပဲတဲ့။ စကားမတတ်တော့ ဆရာဝန်တွေနဲ့ ပြောရတာလည်း အဆင်အပြေဘူးဖြစ်နေပါတယ်။ နားလည်သလောက် ဆရာဝန်တွေပြောတာတော့ အရင် TB ဆေးသောက်တုန်းက လမ်းကြောင်းမှားပြီး တစ်နေရာမှာ စုနေတာရော၊ ပြီးတော့ TB ရောဂါမပျောက်သေးတာရောကြောင့်လို့ ပြောတယ်တဲ့။ အရည်ကလည်း အရမ်းကို များတယ်။ ခုဗိုက်ထဲက အရည်တွေထုတ်နေတာ တစ်ပတ်လောက်ရှိပြီ မကုန်သေးဘူး။ မိဘတွေကလည်း ရေဖျင်းလို့ထင်ပြီး အရမ်းကို စိတ်ဓာတ်ကျနေကြပါတယ်။ အဲ့ဒါရေဖျင်းဖြစ်နိုင်ပါသလားဆရာ။ ပြီးတော့ အဲ့လိုမျိုး TB ရောဂါတွေအကြောင်း အသေးစိတ်လေး သိချင်ပါတယ်။ ညီလေးကို မြန်မာလို အသေးစိတ်ရှင်းပြနိုင်အောင် ဆရာသေခြာလေး ရေးပေးပါလား။


အရင် TB ဆေးသောက်တုန်းက လမ်းကြောင်းမှားပြီး တစ်နေရာမှာ စုနေတာတော့ မဟုတ်လောက်ပါ။


ဖျင်းဆိုတာ ဟုတ်ပါမယ်။ ဖျင်းဆိုတာက အစာလမ်းက သွေးပြန်ကြော နဲ့ သွေးပြန်ရည်စနစ်ကနေ ဖြစ်လာတာ။ အသဲခြောက်သူတွေမှာလဲ ဖြစ်တယ်။ ဒီပြန်လမ်းက အရည်မှန်သမျှ အသဲကိုဖြတ်ရလို့ အသဲကောင်းကောင်း အလုပ်မလုပ်ရင် ဖြစ်တယ်။


ဒီလူနာမှာ တခုစဉ်းစားနိုင်တာက အစာလမ်း (အူ) တီဘီ။ အရည်ကို စစ်ဆေးမလားမသိပါ။ အရည်က အရောင်စုံတာ သိပ်မကောင်းလှပါ။ ရိုးရိုးရေဖျင်းဆိုတာ ဝါကျင့်ကျင့်လေး၊ ရေသာသာဘဲအရောင်ရှိတယ်။ သွေးပါရင် ဆိုးတယ်။


အသဲအခြေအနေ သိချင်တယ်။ ရောဂါနာမည်ဆေးစာနဲ့သိရရင်ပိုကောင်းမယ်။ တီဘီဆေးထပ်ပေးသေးလား။ လူကကော ထူထူထောင်ထောင်ရှိရဲ့လား။ ပန်ကျပြီး ဗိုကဘဲ ဖေါင်းနေသလား။ အသားဝါဖြစ်နေသလား။ အစား-အသောက်ကော ဘယ်လိုရှိလဲ။ သိရသလောက်ပြန်ပြောပါ။ ဆရာတတ်နိုင်တာ ပြောပြပါမယ်။


လူနာကို အားပေးပါ။ စိတ်အေးချမ်းသာ ရှိပါစေ။ ဂုဏ်ကျေးဇူးတွေ မမေ့တတ်ရင် အကျိုးပြုကြောင်းလဲ သင်ပေးပါ။


ဒေါက်တာတင့်ဆွေ

၂ဝ-၉-၂ဝ၁၂


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး