Posts

Food for thought ၂ဝ၁၅ စဉ်းစားချက်တချို့

Image
လာမဲ့ရွေးကောက်ပွဲမှာ NLD က သပိတ်မှောက်မှာ ရာနှုန်းပြည့်သေချာတယ်လို့ တနေရာမှာ ပုံနှိပ်ဖေါ်ပြတာတခု တွေ့လိုက်ပါတယ်။ သပိတ်ခေတ်စားနေလို့ ပေါ်ပြူလာဖြစ်ချင်တဲ့ သတင်းလားတော့ မသိပါ။ NLD က အခုထိတော့ ရွေးကောက်ပွဲကို ဝင်မယ်၊ မဝင်ဘူး မပြောသေးတာလည်းရှိပါတယ်။ ဘယ်လိုအဆုံးဖြတ်မှာမဆို အပေါင်းရော အနုတ်ပါဖြစ်နိုင်တာတွေရှိတယ်။ ၂ဝ၁ဝ တုံးက ရွေးကောက်ပွဲကိုသပိတ်မှောက် (NLD ရဲ့ တရားဝင်အသုံးမဟုတ်ပါ) လို့ NLD ကို ဝိုင်းပြီးချီးမြှောက်ခဲ့ကြသူတချို့က တက်ကြွသူတွေဖြစ်တယ်။ နိုင်ငံရေးမှာ ကာယကံရှင်၊ မဟာမိတ်၊ အတိုက်အခံ၊ တက်ကြွသူ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ မီဒီယာတို့က တမျိုးတဘာသာစီ ပြောကြ ဆိုကြ ရေးသားကြတာထုံးစံပါ။ တက်ကြွသူတွေထဲမှာ လက်ခုပ်တီးပေးဘို့နဲ့ အော်ဟစ်လှောင်ပြောင်ဘို့သာ လုပ်ကြသူတွေက မနည်းလှပါ။ မီဒီယာမှာလည်း ပေါ်ပင်လိုက်ကြတာမျိုးက တကယ်ရှိတယ်။ ကာယကံရှင်က အရေးအကြီးဆုံးပါ။ NLD ဘယ်လိုလာမလဲ။ စောသေးပါတယ်။ စဉ်းစားထားချက်တွေတော့ ရှိထားမှာ အမှန်ပါ။ နိုင်ငံရေးအဆုံးအဖြတ်ဆိုတာ နောက်ဆုံးမိနစ်မှ ချရတာမျိုးလည်းရှိတတ်တယ်။ ကိုးလအထိတော့ မစောင့်ရနိုင်ပါ။ အလွန်ဆုံးခြောက်လပေါ့။ ဒီနှစ်ဝက်အတွင်း ဖြစ်နိုင်ခြေတွေတွက်ရင် အကောင်းရယ်လို့တော့မြ...

Victims of Era ခေတ်၏သားကောင်များ

Image
ကွန်မင့် = အထက်တန်းမှာ ကျွန်တော်တို့သင်ခဲ့ရတဲ့ သမိုင်းနဲ့ ပထဝီဘာသာတွေကို Bio ဘာသာတွဲယူတဲ့သမီးက မသင်ခဲ့ရဘူး။ တနင်္သာရီကို မြို့ရော တိုင်းပါရှိတာကို သူမသိဘူး။ စစ်ကိုင်းတိုင်းနဲ့ ဆက်စပ်နေတဲ့တိုင်းနဲ့ ပြည်နယ်တွေကို မပြောပြတတ်ဘူး။ သမိုင်းကျတော့လဲ အလောင်းဘုရားနဲ့ ဗန္ဓုလကို ညီအကိုလို့ထင်နေတယ်။ ကုန်းဘောင် နောက်ဆုံး မင်းဆက်လို့မေးရင် မသိဘူး။ မန္တလေးကနေ အင်္ဂလိပ်ဖမ်းသွားတဲ့ဘုရင်ကိုတောင် သူ့ကျွန်မခံပြီရုပ်ရှင် ခဏခဏကြည့်ရလို့ သီပေါမင်းလို့ပြောနိုင်တာ။ မြန်မာနိုင်ငံရဲ့သမိုင်းနဲ့ ပထဝီကိုတောင် သေသေချာချာမသိတဲ့ ကလေးတွေအတွက်ကတော့ မြန်မာစာသတ် ပုံမှန်အောင်ရေးဖို့ကတော့ ဝေလာဝေးပေါ့ ဆရာရယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကရေးထားခဲ့တာလေး ပြန်တင်ပါရစေ။ ၂ဝဝ၈ ခုနှစ် အောက်တိုဘာလထုတ် ရွက်နုဝေမဂ္ဂဇင်းက ဆရာအောင်ကြီးရဲ့ ဆောင်းပါးနဲ့ ၁၂-၁၂-၂ဝဝ၈ နေ့က RFA ကလွှင့်တဲ့ ဆေးတက္ကသိုလ်ဘွဲ့များ ဆေးကုသခွင့် လိုင်စင်ရရေးခက်ခဲဆိုတဲ့ သတင်းနှစ်ပုဒ်လုံး တပြိုင်နက်ဖတ်ရတယ်။ နောက်ဆုံးနှစ်ဆေးကျောင်းသားတွေ စာမေးပွဲဖြေတော့ အသည်းနေရာကို မှန်အောင်မပြတတ်ဘူးတဲ့။ ၁၉၇၈ နောက်မှာ မြန်မာပြည်ကအောင်တဲ့ ဆေးပညာဘွဲ့ကို အင်္ဂလန် GMC က အသိအမှတ်မပြုတော့ပါ။ အတော်စိတ်ထိခ...

Menstruation and athlete

Image
ကျိန်စာသင့်ခံရတာလား၊ အယူအဆလွဲမှားတာလား • နှစ်တနှစ်မှာအစဆုံးကျင်းပတဲ့ သြစတေးလျား အိုးပင်း တင်းနစ်ပြိုင်ပွဲကြီးကျင်းပနေပါတယ်။ အမျိုးသမီးတဦးချင်း ပြိုင်ပွဲကနေ ကနေ့ထွက်လာတဲ့ အားကစားသတင်းဖြစ်ပါတယ်။ • မိန်းလေး-အမျိုးသမီးတွေ လစဉ်ရာသီလာခြင်းဟာ ကျိန်စာသင့်ခံရတာလား၊ အယူအဆလွဲမှားတာလား။ • ဗြိတိန်နံပါတစ် တင်းနစ်ကစားသမား Heather Watson ဟီသာ ဝတ်ဆန်ဟာ ပွဲစဉ်တစ်ကနေ ထွက်လိုက်ရတာဟာ မိန်းကလေးကိစ္စလို့ အပြစ်တင်ပါတယ်။ တလွဲမတွေးပါနဲ့ Girl things ဆိုတာ ရာသီလာတာကို ပြောလိုက်တာပါ။ • ဒီမေးခွန်းကို အမျိုးသမီး မာရသွန်ချန်ပီယံ Paula Radcliffe ပေါ်လာ ရဒ်ကလစ်ဖ်၊ ဇီဝကမ္မဗေဒပညာရှင် Baroness Tanni Grey-Thompson သွမ်ဆင်၊ ပါမောက္ခ John Brewer ဂျွန် ဘရီဝါတို့နဲ့ ဘီဘီစီကမေးမြန်းပြီး သတင်းလုပ်ထားပါတယ်။ • ပေါ်လာ ရဒ်ကလစ်ဖ် ကတော့ ကမ္ဘာ့စံချိန်တောင်ချိုးနိုင်ခဲ့လို့ ကျမအဖို့ ရာသီလာတာ ပြဿနာမဟုတ်ပါတဲ့။ • ဗြိတိသျှ တာလတ်အပြေးသမား Jessica Judd ဂျက်ဆီကာ ဂျုဒ် ကတော့ ရာသီရက်အပေါ် မူတည်ပြီး ၁၅ စက္ကန့် ကွာခြားတယ်လို့ဆိုပါတယ်။ • ကမ္ဘာ့ ကြက်တောင်ချန်ပီယံ (ဟောင်း) Gail Emms ဂေးလ် အမ် ကတော့ ပြိုင်ပွဲနဲ့တိုက်နေရင် ကိုယ်ဝန် တားထိုးဆေးနဲ့ ရာသီ...

Myanmar imports about 85 pct of western medicines from neighboring countries last year

Image
မြန်မာနိုင်ငံဟာ ၂ဝ၁၄ ခုနှစ်အတွင်းမှာ အနောက်တိုင်းဆေးဝါး ၈၅% ကို အိမ်နီးချင်း တိုင်းပြည်တွေကနေတဆင့် တင်သွင်းခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနကနေ ၂၅-၁-၂ဝ၁၅ နေ့ကရေးသားလိုက်ပါတယ်။ Myanmar Pharmaceutical and Medical Equipment Entrepreneurs Association (MPMEEA) မြန်မာဆေးဝါးနှင့် ဆေပစ္စည်းများ စွန့်ဏီးတီထွင်အသင်းကိုကိုးကားပြီး အဲလိုရေးလိုက်တာဖြစ်ပါတယ်။ ၅ဝ% မကဟာ အိန္ဒိယကနေ သွင်းတာပါ။ ကျန်တာတွေကို ထိုင်းနဲ့ တရုပ်ကနေသွင်းခဲ့ပါတယ်။ ဆေးကိရိယာပစ္စည်းတွေရဲ့ ၉၈% ကို အမေရိက၊ ဥရောပနဲ့ ဂျပန်ကနေသွင်းပါတယ်။  - Fake Medicines come from Neighbors http://dts-medicaleducation.blogspot.com/2012/08/fake-medicines-come-from-neighbors.html - Fake medicines and China ဆေးအတုနဲ့ တရုပ်ပြည် http://dts-medicaleducation.blogspot.com/2013/04/blog-post_7.html - Fake Medicines from China and India (1) တရုပ်နဲ့ အိန္ဒိယကလာတဲ့ဆေးတွေ သတိပေးပါရစေ (၁) http://dts-medicaleducation.blogspot.com/2013/04/blog-post.html - Fake Medicines from China and India (2) တရုပ်နဲ့ အိန္ဒိယကလာတဲ့ဆေးတွေ သတိပေးပါရစေ (၂) http://dts-medicaleducation....

Fake Medicines from China and India (2)

Image
တရုပ်နဲ့ အိန္ဒိယကလာတဲ့ဆေးတွေ သတိပေးပါရစေ (၂) တရုပ်နဲ့ အိန္ဒိယကလာတဲ့ဆေးတွေ သတိပေးပါရစေ (၁) ထဲမှာရေးခဲ့တဲ့ "ဂါနာနိုင်ငံကို တင်သွင်းနေတဲ့ တရုပ်နဲ့ အိန္ဒိယလုပ် ဆေးတွေ ဘယ်လောက်စိတ်ချရသလဲ" ဆိုတဲ့ စာတမ်းက ၁၃-၃-၂ဝ၁၃ နေ့မှာထွက်လာပြီးနောက် ၁၇-၃-၂ဝ၁၃ နေ့မှာ တရုပ်အစိုးရကနေ ဂါနာနိုင်ငံကို ဒီလိုဆေးအတုတွေအတွက် အကူအညီပေးပါမယ်လို့ ပြောလာရတယ်။ ဆေးအတုတွေ ဘယ်ကနေ ဘယ်လိုလာသလဲဆိုတာ ကူညီစစ်ဆေးပေးမှာဖြစ်ပါတယ်။ အိန္ဒိယကတော့ အဲလိုပြောတာမကြားသေးပါ။ တိုက်ဆိုင်တာတခုတွေ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအလံနဲ့ ဂါနာအလံဟာ အတော်ကိုဆင်းတူနေတာပါ။ ခံရတာတူ၊ မလံကခပ်တူတူပေမဲ့ တရုပ်ကနေ အရေးစိုက်တာ မတူပါ။ Oxytocin နဲ့ Ergometrine ထိုးဆေးတွေဟာ ကလေးမီးဖွားတဲ့အခါသုံးရတဲ့ အရေးကြီးဆေး အမျိုးအစား ဖြစ်ပါတယ်။ ကလေးမွေးဘို့ကြာနေသူကို သွင်းပေးရင် သားအိမ်ကို ညှစ်စေနိုင်ပြီး၊ ရိုးရိုးဖြစ်ဖြစ် ခွဲမွေးတာဖြစ်ဖြစ် မိခင်ကို ထိုးပေးရင် မွေးဖွါးပြီး သွေးသွန်တာကိုလည်း ကာကွယ်ပါမယ်။ ကလေးရော မိခင်အတွက်ပါ အသုံးဝင်လှတဲ့ဆေးတွေ ဖြစ်ပါတယ်။ Oxytocin ထိုးဆေးက တရုပ်ကလာပြီး၊ Ergometrine ထိုးဆေးက အိန္ဒိယ Ciron Drugs ကုမ္ပဏီကနေ လာတာပါ။ ၄-၄-၂ဝ၁၃ (နယူးယော့တိုင...

Fake Medicines from China and India (1)

Image
တရုပ်နဲ့ အိန္ဒိယကလာတဲ့ဆေးတွေ သတိပေးပါရစေ (၁) "Unwholesome Medicines come from China and India တရုပ်နဲ့ အိန္ဒိယကကလာတဲ့ဆေးတွေ သတိပေးပါရစေ" အာဖရိကတိုက်က ဂါနာနိုင်ငံကို တင်သွင်းနေတဲ့ တရုပ်နဲ့ အိန္ဒိယလုပ် ဆေးတွေ ဘယ်လောက်စိတ်ချရသလဲဆိုတဲ့ စာတမ်းတခု ၁၃-၃-၂ဝ၁၃ နေ့က GhanaWeb မှာ ဖေါ်ပြထားပါတယ်။ သူတို့နိုင်ငံမှာ အဆင့်အတန်းမမီတဲ့ဆေးတွေ အကြောင်း နေ့စဉ်အဓိကသတင်းဌာနတွေရဲ့ သတင်းခေါင်းစဉ်တွေမှာလဲ ပါနေပါသတဲ့။ စိတ်မကောင်းစရာက ဒီလိုအဆင့်မမီတဲ့ဆေးသတင်းဟာ လိင်တူသတင်းလောက် အာရုံမထားကြဘူးလို့ ရေးထားပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ဘာသောရေးအခြေခံ အမုန်းတရားလောက် စိတ်မဝင်စားဘူးလို့ ပြောရမလား မသိပါ။ သူတို့ဆီမှာ အဆင့်နိမ့်ဆေးဝါးအရေး ကိုင်တွယ်လိုတဲ့ နိုင်ငံရေးဆန္ဒ ကင်းမဲ့နေတာကိုလည်း ထောက်ပြထားပါသေးတယ်။ ကျွန်တော်တို့ဆီမှာကော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်တွေထဲမှာ ဘယ်အထိ စိတ်ဝင်စားမှု ရှိနေပါပြီလဲ။ တိုင်းပြည်တိုင်းမှာ ဆေးဝါးနဲ့အစားအသောက်အာဏာပိုင်အဖွဲ့ဆိုတာ ထားရှိပါတယ်။ နိုင်ငံအများဆုံးမှာသုံးတဲ့ အဖွဲ့နာမည်ကတော့ Food and Drug Administration (FDA) ဖြစ်ပါတယ်။ (အက်ဖ်ဒီအေ) ကနေ Post-market ...

Fake medicines and China ဆေးအတုနဲ့ တရုပ်ပြည်

Image
၃၁-၅-၂ဝဝ၆ နေ့တုံးက အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်၊ ဒီစီ မှာ ကျန်းမာရေးဟောပြောပွဲတခု လုပ်ခဲ့ပါတယ်။ ခေါင်းစဉ်က “Counterfeit Drugs and China ဆေးအတုနဲ့တရုပ်ပြည်” ဖြစ်ပါတယ်။ “William Sutton (ဝီလီ-ဆူတန်) ကို FBI “မင်းဘာလို့ ဘဏ်တွေကိုဓါးပြတိုက်သလဲလို့ မေးတော့ “ဟာ ပိုက်ဆံက အဲဒီမှာဘဲ ရှိတာကိုး” လို့ဖြေတယ်။ တကယ်လို့ သူသာ အသက်ရှင်နေသေးရင် ကနေ့ကာလမှာ ဆေးအတုသာထုတ်ပါလိမ့်မယ်” လို့ FDA အစားအသောက်နဲ့ဆေးဝါး အာဏာပိုင်အဖွဲ့ရဲ့ ဆေးဝါးအတုနှိမ်နင်းရေးတာဝန်ခံ Peter Pitts (ပီတာ-ပစ်) က နိဒါန်းပျိုးလိုက်ပါတယ်။ (ဝီလီ-ဆူတန်) ဟာ အမေရိကန် သမိုင်းဝင်ဘဏ်ဓါးပြတယောက်ပါ။ သူ့အသက် (၁၉ဝ၁-၁၉၈ဝ) ၄ဝ အတွင်း တဝက်လောက်က ထောင်ထဲမှာသာ နေခဲ့ရပေမဲ့ ဒေါ်လာ သန်း ၂ဝဝဝ လောက် ဓါးပြတိုက်ပြီးရခဲ့ပါတယ်။ သတင်းဆိုးကတော့ ဒီလိုဆေးဝါးအတုစီးပွါးရေးလုပ်ငန်းက တိုးသထက်တိုးလာနေတာပါဘဲ။ သူ့တွက်ချက်မှုအရ တကမ္ဘာလုံးမှာ ၁၃% တိုးနေပါသတဲ့။ တရားဝင်ဆေးဝါး ရောင်းဝယ်ရေးထက် နှစ်ဆတိုးနေတာဖြစ်ပါတယ်။ ၂ဝ၁ဝ ထဲမှာ တရားမဝင် ဆေးရောင်းဝယ်ဖေါက်ကားမှုကနေ ဒေါ်လာ ၇၅ ဘီလျန်တန်ဘိုးရှိပြီး၊ ၂ဝဝ၅ ထက် ၉၂% တိုးတာဖြစ်တယ်။ "အမြတ်ကများ၊ စွန့်စားရတာကနည်းလို့ မိစ္ဆာ နဲ့ ဒိဌိ တွဲတားသလိ...