Posts

Semen Leakage သုက်ရည်ထွက်ကျခြင်း

Image
ဆရာရှင့် ကျမအိမ်ထောင်ကျတာ ၁ နှစ် ၈ လရှိပါပြီဆရာ။ ကျမအသက်က ၃၆ နှစ်ပြည့်ပါပြီ။ ဒါပေမယ့် ၃ လခွဲမှာ ကလေး ပျက်ကျသွားတယ်ဆရာ။ သူခွင့်တစ်လယူပြီး ပြန်လာပါတယ်ဆရာ။ ကျမက တားဆေးလဲ ထိုးမထားတော့ ကလေး ပြန်ရမယ်ပဲထင်နေတာဆရာ။ ဒါပေမယ့် ကျမကလေးမရဘူးဆရာ။ ကျမသတိထားမိတာက ဆက်ဆံပြီးတဲ့အခါတိုင်း အရည်တွေ ပြန်ထွက်တယ်ဆရာ။ အချိန်တိုင်းပဲဆရာ။ အသက်ကြီးပြီး ကလေးမရတော့မှာကို စိုးရိမ်မိပါတယ်ဆရာ။ လိင်ဆက်ဆံအပြီးမှာ မိန်းမအင်္ဂါအဝကနေ အရည်အနည်းနဲ့အများထွက်ပါတယ်။ ထွက်တာတွေက ဘာတွေလဲ။ ယောက်ျားသုက်ရည်၊ ဗဂျိုင်းနားအရည် နဲ့ တကယ်လို့ မိန်းမကလဲ ပြီးဆုံးမှု ဖြစ်တာဆိုရင် သူကနေ သပ်သပ် ထပ်ထွက်မဲ့အရည် (၃) မျိုးပါနိုင်တယ်။ တချို့ အမျိုးသမီးတွေက ပြီးဆုံးရင် ယောက်ျားတွေလို အရည်ပန်းထွက်တာမျိုး ရှိတယ်။ ရှားပါတယ်။ သိပ်ရှားတာလဲ ရှိသေးပြန်တယ်။ တချို့မိန်းမတွေ ဆီး (သေး) ပန်းထွက်တယ်။ အခြေအနေ တကြိမ်နဲ့တကြိမ်မတူပါ။ လိင်ဆက်ဆံတဲ့အချိန်ကြာမြင့်နေရင် စိုစွပ်မှုပိုများမယ်။ လိင်စိတ်ဖြစ်ပေါ်မှုများရင်လဲ အရည်ထွက်ထာ နှစ်ယောက်လုံးဆီကနေ များမယ်။ တယောက်ကသာများတာလဲရှိမယ်။ Orgasm ဖြစ်ကြတာမှာလဲ အပြင်း-အပျော့ တခါနဲ့တခါမတူကြပါ။ ဒီလိုဖြစ်တာ ကလေးမရတာကို ဖြစ်စေမယ်လို...

Caffeine and Pregnancy ကေဖင်းနဲ့ကိုယ်ဝန်

Image
၁။ Yee Mon ဆရာရှင့် သမီးက ကိုယ်ဝန် ၆ လနဲ့ပါ။ ၁ ပတ်ကို ၁ ခါလောက် ချော့ကလက်လေး ၂ ခဲ (2 squares) လောက် စားမိပါတယ်။ လက်ဖက်လဲ ၂ ပါတ် ၃ ခါလောက် နည်းနည်းစားမိပါတယ်။ ကိုယ်ဝန်ဆောင်တွေ ကဖင်းဓါတ် စားမိရင် ကလေးငယ်ကို ထိခိုက်စေတယ်ဆိုတော့ သမီးစားမိတာတွေက အန္တရာယ်များဖြစ်စေပါလား ရှင်းပြပေးပါ ဆရာရှင့်။ သမီးက ကော်ဖီ/လက်ဖက်ရည်တော့ လုံးဝမသောက်ပါရှင့်။ ကျေးဇူးတင်စွာဖြင့်။ ၂။ ကျွန်မအသက် ၃ဝ ပါဆရာ။ ဒုတိယကိုယ်ဝန် ၂ လ ခန့်ရှိပါပြီဆရာ။ ကျွန်မသိချင်တာက ကိုယ်ဝန်ဆောင်ချိန်မှာ လက်ဖက်ရည်၊ ကော်ဖီ သောက်သင့် မသောက်သင့် သိချင်ပါတယ်ရှင့်။ ၃။ ကျမ Nescafé 3 in 1 regular instant coffee ကို မနက်တိုင်းသောက်ပါတယ်။ တနေ့မှာ ကေဖင်း ဘယ်လောက် သောက်သင့်ပါသလဲ။ ကျမကိုယ်ဝန် ၁၈ ပါတ်ရှိပါပြီရှင့်။ ကေဖင်းသောက်ရင် ကလေးမရစေဘူးဆိုတာ မမှန်ပါ။ ကိုယ်ဝန်ဆောင်နေတုံးမှာ ကေဖင်း ဘယ်လောက်သာ သောက်သင့်သလဲဆိုတာလဲ အငြင်းပွါးဆဲဖြစ်ပါတယ်။ Caffeine 200 mg per day ထက်မများစေနဲ့လို့ အဆိုတခုရှိတယ်။ တနေ့မှာ ကော်ဖီ ၁၂ အောင်စနဲ့ညီတယ်။ 200 mg ထက်များရင် ကိုယ်ဝန်ပျက်ဘို့ အလားအလာ ၂ ဆပိုတယ်။ အသေမွေးလဲ ၂ ဆ ပိုတယ်။ အမှန်က ကိုယ်ဝန် ရင့်လာလေလေ ကိုယ်ခန္ဓာအလုပ်တွေကေ...

Alcohol အရက်ဋီကာချဲ့ခြင်း (၃)

Image
Ayesu Mon တချို့တရုပ်များ ကလေးမွေးပြီး နို့ထွက်ကောင်းအောင် အရက်ချိုကို ဟင်းနှင့်ရောချက်ကျွေးပါသည်။ ကလေးအတွက် အန္တာရာယ်ရှိပါလား ဆရာရှင်။ (အရက်ချို = ကောက်ညှင်းတမျိုးတည်းမှ ပြုလုပ်ထားပါသည်။ အခု အရက်ချိုများတွင်တော့ ဈေးကွက်စီးပွားရေးအရ အရက်ပြင်းများနဲနဲရောကြသည်။) မြန်မာပြည်ကနဲ့ တရုပ်ပြည်ကအရက်တွေကို ဆေးသုတေသနလုပ်ထားတာမရှိပါ။ အရက်အမျိုးမျိုးကို ချက်လုပ်ရာမှာ ဘယ်လိုအစေ့အဆံတွေသုံးသလဲ - • Bourbon whiskey 51% Corn (Maize) ပြောင်း-ပြောင်းဖူးစေ့၊ • Corn whiskey 80% Corn ပြောင်းစေ့၊ • Malt whiskey 51% Malted barley ဘာလီစေ့၊ • Rye whiskey 51% Rye ရိုင်း-စပါးစေ့၊ • Rye malt whiskey 51% Malted rye ရိုင်း-စပါးစေ့၊ • Wheat whiskey 51% wheat ဂျုံစေ့၊ • Beer (ဘီယာ) ကို Barley ဘာလီ၊ ဒါမှမဟုတ် တခြားအစေ့အဆံတွေကနေ ထုတ်တယ်။ • Wine (ဝိုင်) ကို စပျစ်သီးကနေ အများဆုံးထုတ်တယ်။ တခြား အသီးတွေကနေလဲ ထုတ်သေးတယ်။ • Vodka (ဗော့ဒဂါ) ကို အစေ့အဆံကိုသိုးအောင်လုပ်ပြီးမှ ထုတ်ရတယ်။ • Gin (ဂျင်န်) ကလဲ အဲလိုဘဲ။ • Cider (စီဒါ) ဆိုတဲ့ အမေရိကားနဲ့ ကနေဒါကအရက်ကို ပန်းသီးရည်ကနေထုတ်တယ်။ အရက်အမျိုးမျိုးထဲမှာ အရက်ဘယ်လော...

Dreadful news မြန်မာပြည်က ကြောက်ခမန်းလိလိများ

Image
နေပြည်တော်၊ ဇွန် ၁၉ အခြေခံမဲစာရင်းမှား မှန်ကန်မှုမရှိ၊ ကြောက်ခမန်းလိလိ မှားနေဟု ဒေါ်စုဆို 08 October 2014 မြန်မာတပ်မတော်၏ နည်းဗျုဟာကြောင့် ကချင်ဒေသများတွင် မူးယစ်ဆေးဝါးပြဿနာ ကြောက်ခမန်းလိလိ ကြီးထွားလာခြင်း June 4, 2014 at 18:31 PM အခုတော့ အရပ်သားအစိုးရသစ်တက်လာပြီး ရန်ကုန်ကို အစစအရာရာ ပြန်လည်မွမ်းမံဖို့အားထုတ်လာကြပါပြီ။ ဒါပေမယ့် အမှိုက်ပုံကြီးလိုဖြစ်နေတဲ့ ရန်ကုန်မှာလမ်းပေါ်က ခွေးလေခွေးလွင့် ပေါက်ဖွားမှုနှုန်းက ကြောက်ခမန်းလိလိ ဖြစ်လာနေပါတယ်။ ဒေါက်တာတင့်ဆွေ ၂၃-၆-၂ဝ၁၅

Prison and jail health care အကျဉ်းသားကျန်းမာရေး

Image
VOA ကနေ လက်ရှိအဖမ်းဆီးခံကျောင်းသားတွေရဲ့ ကျန်းမာရေး ဆွေးနွေးခွင့်ရပါတယ်။ အချိန်အရတိုတိုသာ ပြောချိန်ရခဲ့တယ်။ အကျဉ်းသားတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးရတဲ့ ဆရာဝန်တွေနဲ့ အကျဉ်းထာင်တာဝန်ရှိသူတွေကြားမှာ အပြန်အလှန် လွန်ဆွဲနေရမှုဆိုတာ တိုင်းပြည်တိုင်းမှာရှိတယ်။ အဆုံးမသတ်နိုင်တဲ့ အငြင်းပွါးမှုတခုလည်းဖြစ်တယ်။ ဒါ့ပြင် တရားစီရင်ရေးနဲ့ သမားကျင့်ဝတ်ကြားမှာ ဝိရောဓိဖြစ်နေတယ်။ ဆရာဝန်တွေဟာ ပညာပိုင်းဆိုင်ရာကျင့်ဝတ်ကို လိုက်နာကြရတယ်။ ဆုံးဖြတ်ချက်ချရာမှာ လူနာစောင့်တွေ ဖိအားနဲ့ ဆွဲအားတွေကို ပမာမထားပဲချမှတ်မှသာ မှန်ကန်တယ်။ စာနာစိတ်နဲ့ သနားစိတ်ကို မျှမျှတတထားကြရတယ်။ ရောဂါအမည်တပ်ဘို့ရာ စမ်းသပ်မှုနဲ့စစ်ဆေးမှုတွေလိုတယ်။ ထောင်ကိုသွားကြည့်ရတဲ့ဆရာတွေမှာ စစ်ဆေးမှုတွေလုပ်ဘို့ မဖြစ်နိုင်ကြဘူး။ ဆရာဝန်တွေအပေါ်မှာ အကျဉ်းထောင်အရာရှိတွေက တတ်စွမ်းသလောက် ဖိအားပေးကြတယ်။ လူနာ-ဆရာဝန်ဆက်ဆံရေးအပြင် အကျဉ်းထောင်-ဆရာဝန်ဆက်ဆံရေးဆိုတာပါရှိလာတယ်။ ထောင်မှာ ထားပေးတဲ့ဆေးဝါးတချို့ရှိပေမယ့် ဆရာဝန်ကညွှန်တဲ့အတိုင်း အကျဉ်းသားတွေ ဆေးမရနိုင်ကြတာကို ကျွန်တော်ကိုယ်တိုင် အလှည့်ကျထောင်ဆရာဝန်လုပ်ခဲ့ရဘူးလို့ပြောနိုင်တယ်။ ဆေးဆိုတာ တနေ့ ၁ ကြိမ်ကနေ ၄...

ထီးနဲ့ယပ်မပါရင် ရွေးကောက်ပွဲမှာသိ

Image
- ပညာရေးဒုဝန်ကြီး ထီးဖျောက်ဖျက်ခံရ။ - Thanks to ပြန်ကြားရေးဝန်ကြီးဌာန။ - သမတ ယပ်ခပ်မပေးရ။ - ပြည်ခိုင်ဖြိုး ယပ်တန်ခိုးနဲ့ လာဘ်ထိုးပေးသူရ။ - Thanks to တောင်တွင်းကြီး ပညာရေးနဲ့ ကြံ့ခိုင်ရေး။ ဒေါက်တာတင့်ဆွေ ၂၃-၆-၂ဝ၁၅

Skinny jeans given health warning

Image
အသားကပ်ဂျင်းပင်တွေကို ကျန်းမာရေးသတိပေး အသက် ၃၅ နှစ်ရှိတဲ့ သြစတေးလျသူတယောက် အသားကပ်ဂျင်းဘောင်းဘီရှည်ကို အကြာကြီးဝတ်ထားရာကနေ ကြွက်သားတွေနဲ့ အာရုံကြောထိခိုက်တဲ့သတင်းထွက်လာလို့ ဆရာဝန်တွေကနေ သတိပေးချက်ထုတ်လိုက်ရပါတယ်။ အဲဒီအမျိုးသမီးဟာ ခြေသလုံးတွေ ရောင်ရမ်းလာလို့ ဂျင်းပင်ကို ဖြတ်ပြီးမှချွတ်ယူရတယ်လို့ Journal of Neurology, Neurosurgery and Psychiatry ထဲမှာရေးသားထားတာကို ဖတ်ရပါတယ်။ အဲလိုဖြစ်တာကို Compartment syndrome လို့ ဆေးစာနဲ့ခေါ်ပါတယ်။ နာလာမယ်။ ရောင်လာနိုင်တယ်။ သွေးယိုနိုင်တယ်။ အရေးပေါ်အခြေအနေထိဖြစ်လာနိုင်တယ်။ ကြာကြာထိုင်ပြီး အလုပ်လုပ်သူက ထမရပ်နိုင်ဖြစ်တယ်။ ခြေထောက်က သွေးလုံလောက်အောင်ရနေလို့ နွေးနေပေမယ့် ကြွက်သားတွေက အားနည်းနေမယ်။ ခံစာမှုလည်း နည်းစေမယ်။ အာရုံကြောနဲ့ ကြွက်သားတွေအပေါ် ဖိအားများလာရင် ပျက်စီးလာနိုင်တယ်။ Figure-hugging low-cut denim trousers ခေါ်တဲ့ ကိုယ်ခန္ဓာပုံပန်းကို မပေါ်ပေါ်အောင် ကပ်ပြီးဝတ်ရတဲ့ ဘောင်းဘီ အမျိုးအစားတွေကနေလည်း အဲလိုဖြစ်စေနိုင်တယ်။ ဒေါက်တာတင့်ဆွေ ၂၃-၆-၂ဝ၁၅