Posts

ဝတ်မှုန်

Image
တေးသွားချို သီကာကျူးတဲ့ ကျေးငှက်ကို လှမ်းလို့ကြည့်ကာ ပန်းလေးက ပြောလိုက်တယ် လောကရဲ့ အလှအပဟာ တို့ပွင့်မှ ပြည့်စုံတာတဲ့ ပန်းချစ်သူပျားကပြုံးတယ် တောက်ပတဲ့အဆင်းလည်းရှိမယ် လိုက်ဖက်မယ့် မွှေးရနံ့နဲ့ဆို ဝတ်မှုန်ရယ် နင်နဲ့ နှိုင်းရင် ရှုံးကြမှာပဲ ရင်ထဲရှိ ရှိသမျှ ပြောပြရရင် တကယ်လှတယ် မြင်သူတကာငေး ငေးလောက်အောင် လှရက်လို့ ချူလိုသူတွေ လက်ထဲမှာ အလှမပျက်အောင် ဆုတောင်းတယ် ပန်းလေးရယ် သင်းပျံ့ကာအမြဲမွှေးစေချင်တယ် မိုးကောင်းကင် ကြည်ပြာအောက်မှာ ကောင်းခြင်းတွေ ပေါင်းစုစည်းကာ သူ့ထက်ပိုကဲ လှသူ ရှိတော့ဖြင့် ရှိလိမ့်မယ် အေးမြတဲ့ အပြုံးပိုင်ရှင်ရယ် တောင်းဆုတွေ ပြည့်ဝခဲ့သူ နူးညံ့တဲ့ နှလုံးသားနဲ့အတူ စွဲမက်ဖွယ် စကားနဲ့ဆင့်ကာ တုယှဉ်ပြိုင် လာလို့နှိုင်းရင် ရှုံးကြမှာပဲ ရင်ထဲရှိရှိသမျှ ပြောပြရရင် တကယ်လှတယ် မြင်သူတကာငေး ငေးလောက်အောင် လှရက်လို့ ချူလိုသူတွေ လက်ထဲမှာ အလှမပျက်အောင် ဆုတောင်းတယ် မိန်းကလေးရယ် ပန်းလေးလိုလှတဲ့ချစ်သူရယ် တေးသွားချို သီကာကျူးတဲ့ ကျေးငှက်ကို လှမ်းလို့ကြည့်ကာ ပန်းလေးက ပြောလိုက်တယ် လောကရဲ့ အလှအပဟာ တို့ပွင့်မှ ပြည့်စုံတာတဲ့ ပန်းချစ်သူပျားကပြုံးတယ် တောက်ပတဲ့အဆင်းလည်းရှိမယ် လိုက်ဖက်မယ့် မွှေးရနံ့နဲ့ဆိ...

Skin Care Tips ဆယ်ကျော်သက် မျက်နှာ

Image
• Saya နှာခေါင်းနဲ့ပါးမှာ ဝက်ခြံလိုအဖြူဖုလေးတွေ ညှစ်လို့မရဘူး။ အဲ့ဒါဘာတွေလဲဆရာ။ ဘာဆေးသောက်ရင်ပျောက်လဲမသိဘူးဆရာ။ • ဘလော့မှာ ဖတ်နိုင်။ မေးနည်းစည်းကမ်းပို့လိုက်။ • အသက်က ၁၆။ ၁၄ နှစ်လောက်ကဖြစ်တာပါဆရာ။ တခါမှဆရာဝန်နဲ့မပြဘူးပါ။ • ဝက်ခြံစာတပုဒ် မနေ့လောက်ကတင်ထားတယ်။ ဝက်ခြံစာ ၄-၅-၆ ပုဒ် ဘလော့မှာဖတ်နိုင်ပါတယ်။ တယောက်နဲ့တယောက် ဖြစ်စေတာ မတူကြပါ။ ကုသနည်းလည်း မတူပါ။ • ဒါမျိုးပါဆရာ။ ဘာဆေးသုံးရမလဲသိချင်လို့ပါ။ ပြောပြပါဦးဆရာ။ • ကြော်ငြာပုံ သူများပုံတွေနဲ့မေးတာကို ဘယ်သူကမေးမေး မဖြေပါ။ ပုံတင်တဲ့ဆီသာ မေးပါရန်။ • ဆရာ ဘာလိမ်းရင်ပျောက်မလဲမသိဘူး။ Skineal တွေလူးမိလို့လားမသိဘူးဆရာ။ • အသက် ၁၆ ခွဲပါဆရာ။ အမျိုးသမီးပါ။ ရာသီကတော့ပုံမှန်မဟုတ်ပါဘူးဆရာ။ ဖြစ်တာကဝက်ခြံကို ဆေးတွေ လျှောက်လူးမိတာပါ။ ပြုံထွက်လာတာ ၆ ရက်လောက်ရှိပါပြီ။ ဝက်ခြံလား infection ဝင်တာမျိုးလားလည်း မသိပါဘုးဆရာ။ အဲဒီဆေး ရောလူးလို့ရလားဆရာ။ • သည်အတိုင်းထားတာပိုသင့်။ အရေပြားသန့်ရှင်းရေး ပုံမှန်လိုအပ်။ အဆန်းတွေ ဆေးတွေ မသင့်လောက်။ ဟော်မုန်းအရဖြစ်။ ဟော်မုန်းပုံမှန်လာရင် ကောင်းလာနိုင်။ ဝက်ခြံစာတွေ ဘလော့မှာ ဖတ်နိုင်။ ဆိုတာရယူပါလေ။ ...

Mass Hysteria အစုလိုက်အရူးထခြင်း

Image
ပဲခူးကစက်ရုံမှာ အမျိုးသမီးတွေ အစုလိုက်အပြုံလိုက် သရဲဘာကြောင့်ပူးရတယ် (ကိုယ်တွေ့) ဆိုတာ တွေ့လိုက်တယ်။ မနှစ်က တယောက်ကမေးလို့ ရေးထားတာရှိတယ်။ ဆရာရှင့် Mass Hysteria ရောဂါအကြောင်းလေး ရေးတင်စေချင်ပါတယ်။ မြန်အောင်မြို့နယ် ကျောင်းတကျောင်းမှာ ကျောင်းသူလေးငါးယောက် နှစ်ရက်ဆက်တိုက် မူးဝေအော့အန်ရယ်မောနေတဲ့အဖြစ်ပျက်ကြောင့် တိုက်နယ်ဆေးရုံကို တင်ရတဲ့အခါ ဆရာဝန်က Mass Hysteria ဖြစ်နိုင်ကြောင်း ဖြေရှင်းချက်ပေးပေမယ့် မိဘအပါအဝင် နယ်ခံအချို့နှင့် ဘုန်တော်ကြီးအချို့မှအပ ပယောဂကြောင့် ဖြစ်ရခြင်းဆိုပြီး FB ပေါ်တွင် အငြင်းပွါးဖွယ်ဖြစ်နေရပါသဖြင့် မြန်မာပြည်သူများ ဗဟုသုတအဖြစ် နားလည် သဘောပေါက်စေရန် ဆရာအနေဖြင့် post တင်ရှင်းပြပေးပါရန် မေတ္တာရပ်ခံပါသည်။ လူမှုရေးသိပ္ပံနဲ့ စိတ်ပညာမှာ Mass hysteria အစုလိုက်အရူးထခြင်းဆိုတာရှိပါတယ်။ ဆေးပညာအရ Collective hysteria စုပေါင်းဖြစ်ခြင်း၊ Group hysteria အုပ်စုလိုက်ဖြစ်ခြင်းနဲ့ Collective obsessional behavior အစုလိုက်အဆွဲကြီးခြင်းလို့ ခေါ်တယ်။ ဖြစ်တဲ့သူတွေ အားလုံးက တပြိုင်တည်းမှာ Delusions of threats အန္တရာယ်ကျရောက်တော့မယ်လို့ ထင်မြင်ကြတယ်။ တကယ့်အန္တရာယ်လည်း ဖြစ်နိုင်တယ်၊ မရှိတ...

Ulcer အနာ

Image
၁။ မင်္ဂလာပါဆရာ သားလေးက ၂ နှစ်ခွဲပါ။ အစကအဖုလေးတခုတည်းပါ။ နောက်တော့ ၂ ခုကနေ ၃ ခုဖြစ်လာလို့ပါ။ ဘာဆေးလိမ်းပေးလို့ရပါသလည်းရှင့်။ ကျေးဇူးပြု၍ပြန်လည်ဖြေကြားပေးပါဆရာ။ ၂။ ဆရာ မင်္ဂလာပါရှင့်။ ကျွန်မရဲ့ တူလေး အသက် ၅ လ အရွယ်။ ကလေးရဲ့ ခေါင်းမှာ အနာတွေ ပေါက်နေလို့ပါရှင့်။ အနာတွေက အနံ့ထွက်ပါတယ်။ ကလေးအမေပြောပြတာတော့ ကလေးဆရာဝန်နဲ့ သွားပြတော့လိမ်းဆေးပေးကြောင်း လိမ်းဆေးလိမ်းတော့ ခဏသက်သာပြီး အနာမှာ မပျောက်ကြောင်း။ အနာပေါက်သည်မှာ ၂ လခန့် ရှိပြီဖြစ်ကြောင်း အနာမှာ တခါတလေ စိုနေပြီး တခါတလေ ခြောက်၍ အနာဖက်များ ကွာကြောင်း။ ဆေးခန်းပြန်မပြဖြစ်တော့ဘဲ ဘာဆေးမှ မသုံးဖြစ်ကြောင်း။ ကလေးမှာ အနာများပေါက်နေသော်လည်း ဖျားနာခြင်းမရှိဘဲ လန်းလန်းဆန်းဆန်းရှိကြောင်း သိရပါသည်။ ယခု ကျွန်မကို အကူအညီလာတောင်းတော့ အနာမှာ စိုနေပါသည်။အနံ့ထွက်နေပါသည်။ ကလေးမှာ လန်းလန်းရွှင်ရွှင်ရှိပါသည်။ အနာက ယားသည်ထင်ပါသည်။ ကလေးက အနာကို မကြာခဏ ကုပ်နေပါသည်။ အနာသက်သာပျောက်ကင်းစေရန် မည်သို့ လုပ်ဆောင်ရမည်ကို ဖြေကြားပေးစေချင်ပါသည်။ အရေပြားကို ထိခိုက်မိလို့ဖြစ်ဖြစ်၊ အလာဂျီရလို့၊ အင်းဆက်ကောင်ကိုက်လို့ ယားလို့ ကုပ်တာကနေဖြစ်ဖြစ် အရပြား အလွှာလေးတွေ ပျက်စီးတယ်။ ပျက်စ...

Stub ခလုတ်တိုက်

Image
သတင်း = မိမိတို့ပါတီသည် ခလုတ်တိုက်လဲခြင်းအဆင့်သာရှိပြီး ထာဝရလဲနေခြင်းမဟုတ် ဆိုစကားတခု ရှိတယ်။ သတင်းစကားတခု တနေရာကနေတနေရာကူးရင် အဓိပ္ပါယ်လွဲသွားတတ်တာကို ပြောတာ။  ခလုတ် တိုက် ဖါးပြုပ် ကိုက် တရုတ် ရိုက် ဒေါက်တာတင့်ဆွေ ၂၈-၁ဝ-၂ဝ၁၇

လှူဒါန်း

Image
ပို့စ်တခု တွေ့တယ်။ စုပေါင်းကထိန်ခင်းကျင်းလှူဒါဏ်းပြီးတဲ့။ လှူဒါန်းလို့ ရေးရပါတယ်။ ဒဏ် ဒဏ်ခတ်သည် ဒဏ်ဆယ်ပါး ဒဏ်တပ်သည် ဒဏ်ထားသည် ဒဏ်ရာဒဏ်ချက် ဒဏ်သင့်သည် ဒဏ်ပေးသည် နိဒါန်း ကြိမ်ဒဏ် မဟာဒါန် ဗြဟ္မဒဏ် ရာဇဒဏ် လှူဒါန်း အဒိန္နာဒါန် အပါဒါန် အာပါဒါန် အနုပ္ပါဒိဏ် ဥဒါန်းကျူး ဥဒါန်းစကား ဥဒါန်းမကျေ ဥပါဒိဏ် ထောင်ဒဏ် ဒေါက်တာတင့်ဆွေ ၂၈-၁ဝ-၂ဝ၁၇

သဒ္ဒါမှားတာ ချစ်စရာမကောင်းပါ

Image
မင်္ဂလာပါဆရာ။ သမီးကို စာမေးခွင့်ပြုပါနော်။ နေတယ်ဆိုတဲ့ present continuous tense ကို အငြင်းပုံစံရေးရင် အမှန်ကဘာလဲ သေချာမသိလို့ပါဆရာ။ မြန်မာစာသင်နေလား။ ဟင့်အင်း မသင်နေဘူး/ သင်မနေဘူး။ မကို ဘယ်နေရာမှာထားတာက သဒ္ဒါအမှန်လဲဆရာ။ မြန်မာစာကိုမေးတာလား အင်္ဂလိပ်စာလားတော့ မရှင်းပါ။ အင်္ဂလိပ်စာမှာ present continuous tense ကို မေးခွန်းလုပ်ရင် Be verb ကို ရှေ့ထုတ်လိုက်တာနဲ့ရတယ်။ အငြင်းဝါကျဆိုရင် Be verb နဲ့ ing verb ကြားမှာ not ထည့်တာနဲ့ရတယ်။ သဒ္ဒါအမှန်ကိုပြောတာဖြစ်တယ်။ ဗြိတိသျှအင်္ဂလိပ်စာ Present continuous tense ကို အမေရိကန်အင်္ဂလိပ်စာမှာ Present progressive tense လို့ ခေါ်တယ်။ အခေါ်မတူပေမယ့် သဒ္ဒါတူပါတယ်။ မြန်မာစာမှာသာ သဒ္ဒါလွဲနေတယ်။ မြန်မာလို သင်မနေဘူးကသာ မှန်တယ်။ စစ်စစ်ပေါက်ပေါက် ကပ်ပြောရင်တော့ ရတယ်။ စာသင်ခြင်းအမှုကို လုပ်မနေ။ စာမသင်ခြင်းအမှုကို လုပ်နေလို့ ဆိုလိုတယ်။ မြန်မာစာမှာရော အင်္ဂလိပ်စာမှာပါ စာမသင်ခြင်းဆိုတာ မရှိပါ။ မြန်မာစာမှာ ခြင်း ထည့်ရင် နာမ်ဖြစ်တယ်။ မ ထည့်လို့ နာမ်မဖြစ်ပါ။ ကြိယာကိုသာ မ ထည့်ရပါတယ်။ အလားတူ သဒ္ဒါမမှန်တဲ့ စကားပြောတွေရှိတယ်။ မအိပ်နေဘူး။ မစားနေဘူး။ ပေးဖတ်တယ်။ ပေးစားတယ်။ သဒ္ဒါမှားပြီ...