Questions အိပ်ရာထ မေးကြသည်များထဲက တချို့
၁။ မင်္ဂလာပါ ဆရာရှင့် သ္မီးအသက်က ၃၀ပါရှင့် အိမ်ထောင်ကျတာ ၈ လထဲမှာပါရှင့် ခု ကိုယ်ဝန် ၁လပါ ငှက်ပျောသီးဖီးကြမ်းကိုကြော်ပြီး ပျားရည်နဲ့ စိမ်ပြီး စားတာ ကိုယ်ဝန် အန္တရာယ်ဖြစ်နိုင်ပါသလားရှင့် ကိုယ်ဝန် + ကလေးနို့တိုက်သူတွေ အရင်စားဖူးတာအကုန် + လူအများစားသုံးတာ အကုန်နီးပါး စာသောက်နိုင်ကြ။ ၂။ ဆရာရှင် သမီးအသက်၂၇ အိမ်ထောင်သည်ပါ ၁နှစ်နဲ့ ၈ လသားလေးတယောက်ရှိပါတယ် သားလေး ခုဆေးရုံတင်နေရပါတယ် အပြင်းဖျားပြီး တတ်သွားတာပါဆရာ သွေးစစ်တာလည်း ဘာမှမရှိပါဘူး ဒါပေမဲ့ အဖျားက တခါတလေပြန်တတ်လာလို့ဆရာဝန် က ကြောရိုး ချင်ဆီ(ချင်ဆီ -စလုံးအမှန်မသိပါမှားခဲ့ရင်ပြင်ပေးဖို့တောင်ပန်းပါရစေ) စစ်ရမယ် သဘောတူမတူ လက်မှတ်ထိုးခိုင်းပါတယ် လက်မှတ်ထိုးတာနဲ့ စစ်မယ်ဆိုပါတယ် အဲ့တာ ဘာရောဂါ အတွက်စစ်တာလဲဆရာ စစ်ကြည့်ရင်ကလေးအတွက်ဘာဆိုးကျိုးဖြစ်လာနိုင်သလဲ တချို့က ညဏ်ရည် နိမ့်တတ်တယ် ကိုယ်တခြမ်းသေတတ်တယ် ပြောကြလို့ပါ အဲ့တာဟုတ်ပါသလားဆရာ ကျေးဇူးတင်ပါတယ် ခါးရိုးထဲကအရေကို ဖေါက်ယူစစ်ဆေးနည်းဖြစ်တယ်။ ဦးနှောက်နဲ့အာရုံကြောရောင်သလား သိဘို့ဖြစ်တယ်။ အဲ့တာ တခြား ဘယ်လိုနည်းနဲ့စစ်လို့ရလဲဆရာရောင်ခဲ့သည်ရှိသော် ဘယ်လိုလက်ခဏာပြ...