Posts

လေးနွယ်နှမကို မေ့လိုက်ကြပြီ

Image
ဆရာထမင်းစားရင် တစ်ယောက်ထဲစားတာလား တခါတလေ တယောက်တည်း၊ တခါတလေ တမိသားစုလုံး။ (တစ်) ယောက်တည်း မစား။ (တစ်) မိသားစုလုံး မစား။ (တစ်) ခါ (တစ်) လေ မစား။ (တစ်) ခါ တလေ မစား။ တခါ (တစ်) လေ မစား။ (တစ်) သက်လုံး မစား။ တွံတေးသိန်းတန် လေးနွယ်သီချင်းထဲမှာ ဟိုတခါက လေးနွယ်နှမလို့ရေးပါတယ်။ တခါတရံ ချစ်သူထံရည်စူး ခူးပေးချင်ရဲ့ တခါတလေ ဝဠာဗွေအုံ့ဆိုင်း ရှစ်တိုင်းကမှောင့့် ဟိုတခါက လေးနွယ်နှမကို မေ့လိုက်ကြပြီ။ တွံတေးသိန်းတန် လေးနွယ် https://www.youtube.com/watch?v=CeGUfh_xYdk ဒေါက်တာတင့်ဆွေ ၂၆-၁၁-၂၀၁၉

Memoir ကိုယ်တိုင်ရေးထုပ္ပတ်

Image
ကျွန်တော့် နိုင်ငံရေးအဖြစ်အပျက်လေးတွေ ရေးတိုင်း စာအုပ်အဖြစ်ထုတ်ပါလို့ မပြောတဲ့အခါ မရှိပါ။ တိုတိုပြတ်ပြတ် လေးတွေနဲ့ ဖြေခဲ့ပါတယ်။ ကြီးကျယ်တာ မရှိ။ နိုင်ငံရေးမှာ သူများထက်ပိုပြီး ထူခြားတာလည်း မဟုတ်။ အသက်ရွယ်စဉ်ကသာ ရေးဖြစ်ရင် မာန်တွေ ဒေါတွေ ပါမယ်။ အဲတာမျိုးက မကောင်း။ အခု အသက်က အိုပြီ။ မာန်လည်း ကျလာပြီ။ ဒေါသလည်း နည်းလာပြီ။ ဆရာကြီးစိတ်ပါ ကင်းပြီ။ အခုနှစ် နိုဝင်္ဘာ ၃ ရက်နေ့က မက်ဆေ့ခ်ျတခုရပါတယ်။ ကိုယ်တိုင်ရေးထုပ္ပတ်ကို မျှော်နေပါတယ်။ တခြားသူမဟုတ်။ ဆရာမောင်စွမ်းရည်။ ဟုတ်။ ကျွန်တော်က ကြီးကျယ်သူတော့ မဟုတ်။ ဖေ့စ်ဘွတ် ပရိုဖိုင်းလ်လောက်သာ ရှိတယ်။ မောင်စွမ်းရည်က ဆက်ရေးတယ်။ ဘာဖြစ်ဖြစ်ပေါ့။ ဦးဝင်းတင်ပြောတဲ့ ဒီမိုကရေစီအရေးတော်ပုံတပ်သားတဦးလို့တော့ လူတိုင်းကိုခ်ါနိုင်ပါတယ်။ စာအုပ်ဖြစ်ဖို့တော့ ကိုအောင်ရှင်ရှိသားပဲ။ အရေးတော်ပုံခရီးစဉ်ပေါ့။ မုံရွာ မန္တလေးကနေ အိန္ဒိယမှ အမေရိကသို့ ရောက်လာပုံပေါ့။ ဆရာအိန္ဒီးယမှအိန္ဒီးယားနားသသို့ဆိုရင်တိုမယ်။ အတ္ထုပ္ပတ္တိ စဆုံးမှဖတ်ကောင်းမှာ။ ဟုတ်ဆရာ။ စောစောကဖြေလိုက်တာက ဆရာကရေးတာလို့ မထင်ခဲ့မိပါဆရာ။ စုဆောင်းထားတာလေးတွေ ရှိနေပါပြီ။ သူငယ်ချင်းတင်မိုး ဖတ်ပြီးပြီ။ ထပ်ဖတ်ရဦးမယ်ဆရာ။...

သည်ဆောင်းဟေမန်

Image
ရုပ်ရှင်မှာ ဟေမာန်လို့ ရေးထားတယ်။ ဟေမန်က မှန်တယ်။ သည်ဆောင်းဟေမန့့် မြောက်ပြန်လေညှင့်း့ ဆော်တယ်ကို၊ နတ်တော်ပြာသို ခွာညိုတည့် နှင်းဖုံဖုံ့ ရွှေဝတ်မှုန် ငွေဝတ်မှုန် သုံသုံလေယူလွင့်လို့ ရိုးတံဆင့် ပင်မြင့်ယံမှာ စမ္ပါယ်ညီလာ ထိပ်ခေါင်ပန်းမြတ် သမ္မတဘုရင် ငွေသဇင် ယဉ်နွဲ့ကာ ဝေဟင်ဘုံနန်း ဇာတိ မြေမထိတော်ဝင်မာလာ ဖြူဖွေးလှိုင်လှိုင် ဝင်းတဖန့်ဖန့် ကြူမွှေးကြိုင်သင်း တပျံ့ပျံ့ နှင်းသန့်တဲ့မြိုင်မှာ ခိုင်ညှာနော့ကာ ယဉ်ကြော့နိုင်လွန်းကြရှာ။ သွယ်သွယ်ညွတ်ကိုင်း ရွှေကျိုင်းတလူလူသာ ငွေသိုင်းတံခွန်ထူကာ သဲဖြူငွေရာဇမတ်ကာ မင်းဘဏ္ဍာတော် မှတ်ချူရေးရာလှမ်း သည်ပန်းးမြတ်ကိုသာ ပန်ဆင်ချင်သူမှာ မှန်သိင်္ဂီစိန်စီနန်းမှာ အလှမ်းကွာ မနမ်းသာ လ ရာသီပြောင်း မြောက်ပြန်လေလောင်း သည်ဆောင်းဟေမန်ခါ။ သည်ဆောင်းဟေမန် - တေးရေး - ဂီတနက်သန်ကိုစောညိန်း - ဆို - မောင်မောင်ညွန့် https://www.youtube.com/watch?v=xRXixeObxfM သည်ဆောင်းဟေမန် တေးရေး - မြဝတီဝန်ကြီး - ဆို - ရီရီသန့်၊ တီး - စောင်းဦးမြင့်မောင် https://www.youtube.com/watch?v=gngsKeqPUEY တကျွန်းခြား မြန်သပြေဘွေတကျွန်းခြား (ယိုးဒယား) နှင်းရည်သန့် စောင်း - အင်းလေးမြင့်မောင် ဒေါက်တာ...

Godaun ဂိုထောင်

Image
မင်္ဂလာပါ ဆရာ ဂိုထောင် နဲ့ ဂိုဒေါင် ဘယ်စာလုံးပေါင်းက အမှန်လဲဆိုတာ ပြောပြပေးပါ ဆရာ ဂို နဂိုမူလ ဂိုထောင် (ဟိန္ဒီစကား) Godaun နဂိုဇာတိ ဂိုရ် စမ္ပါနဂိုရ် (အရင်က စမ္ပန္နဂိုရ်လို့ရေးတယ်) နဂိုရ် = နဂရ = မြို့ သင်္ကဿနဂိုရ် (မြတ်စွာဘုရား လူ့ပြည်ကို ပြန်လည်ကြွတဲ့နေရာ) ဒီမှာကျတော့ ဂိုဒေါင်လို့ ဖြစ်နေတယ် ဆရာ။ ဟုတ်။ ကျေးဇူး။ ဘာသာခြားစကားကနေယူတာဖြစ်လို့ အသံထွက်နီးစပ်တာရေးနိုင်။ ဂိုဒေါင်လို့ထွက်တယ်။ မြန်မာစာမှာ စာလိုရေးတာ အားသန်တယ်။ ဂိုဒေါင်က ပိုသင့်ပါမယ်။ အာလူး၊ ပန်ကာ၊ ဂေါ်ဖီ (ပန်းမုန်လာပွင့်)၊ ခါဂျက် (မုန်လာဥဝါ)၊ စမူဆာ၊ ပူရီ၊ ပရာထာ (ပလာတာ)၊ ဒိန်ယင်း (ဒိန်ချဉ်)၊ မခမ်း၊ စတာတွေကလည်း ဟင်ဒီစကားတွေ။ ကတ်ကြေး၊ ပိုက်ဆံ၊ ကြာပွတ် တွေလဲ အသံထွက်အတူတူပဲနော် ဆရာ။ ကျေးဇူး။ ပိုက်ဆား (ပိုက်ဆံ)။ ဒေါက်တာတင့်ဆွေ ၂၅-၁၁-၂၀၁၉

ဘယ်သူသေသေ ငတေမာပြီးရော

Image
1.    ကျနော့်အသက် ၂၇ပါ ဆံပင်တွေကျွတ်တာ နဖူးတောင်ပြောင်လာပါပြီဆရာ ဆံပင်ဆေးဆရာဝန်တေနဲ့ ဆွေးနွေးတာ ဟော်မုန်းကြောင့်တဲ့ပြောတယ်ဆရာ ဟော်မုန်းဓာတ်မညီတာဆိုတာဘာပါလဲဆရာ ပြီးတော့ ကျနော် လည်ချောင်းတေလဲ တအားပူပြီး မူးတတ်တာရော ဟော်မုန်းနဲ့ဆိုင်ပါသလားဆရာ ဘာဆေးသောက်ရင် အထောက်ကူပြုနိုင်ပါလဲဆရာ ကျနော်က နယ်ဘက်ကပါ ဆရာ ကျနော့်မှာ မေမေပဲရှိပါတော့တယ် မေမေကလဲ ကင်ဆာနဲ့ပါ ဆံပင်တေကျွတ်တော့ ဆရာဝန်တေနဲ့ ဆွေးနွေးတာ ကုရင် တအားဈေးနှုန်းတေများလို့ပါဆရာ 2.    Female ပါ အပျိုပါ ရာသီက ပုံမှန်ပါပဲရှင့် ဖြစ်နေတာက မျက်လုံးတွေက ယားတော့ လက်နဲ့ပွတ်ပါတယ် လက်နဲ့ ပွတ်ပါများတော့ မျက်လုံးတေကပူပြီး မျက်လုံးကနီပြီးဝါလာပါတယ် မျက်ရည်ပူတေလည်း ကျပါတယ် 3.    ကျနော် goitre ဖြစ်နေတယ် သံသယရှိလို့ သွားပြကြည့်ပါတယ်ဆရာ Result တေအရ ဘာ treatment မှ မလိုဘူးပြောပါတယ်ဆရာ 4.    ဆရာ ကျွန်မ အသက် ၂၇ ပါ ကိုယ်ဝန် ၂၁ ပတ်ထဲမှာပါ ကလေး ဆံပင်တေသန်ဖို့ အရပ်ရှည်ဖို့ ဘာတေ စားသင့်ပါလဲ ဘာဓာတ်တေလိုအပ်ပါလဲဆရာ 5.    ဆရာရှင် သမီးကျောက်ကပ်ရောင်ပါတေရှင် ဘယ်ဆရာအကောင်းဆုံးဆိုတာသိရှင်ပါတေရှင် 6....

Bargaining ဆေးကုသတာမှာ ဈေးဝယ်သလို ဈေးမဆစ်သင့်ပါ

Image
မင်္ဂလာပါ ဆရာ နေမကောင်းဖြစ်တဲ့အခါတိုင်းလိုလို ဆေးခန်းပြပြီးရင် ၃ရက်သောက်ဖို့ပေးတဲ့ဆေး ၁ရက်ပဲ အမြဲသောက်ဖြစ်ပါတယ်။ ခြေထောက်အရိုးပဲ့တဲ့အတွက် အရိုးဆေး ၄၅ရက်စာကို ၂၀ရက်စာလောက်ပဲ သောက်ဖြစ်ပါတယ်။ ဆိုးကျိုး ရှိနိုင်လား သိချင်ပါတယ် ဆရာ။ ဆေးသောက်သူ ကလေး လူကြီး မသိ။ အသက် မသိ။ ကျား မ မသိ။ ရောဂါ မသိ။ သောက်တဲ့ဆေး မသိ။ Dose ဒို့စ် = ဆေးကို တကြိမ်လျင် မည်မျှပေးရသည်ကို ဆိုလိုသည်။ ဒို့စ်သည် လူနာ၏ အသက်ပေါ် မူမတည်၊ လူနာ၏ ကိုယ်အလေးချိန် အပေါ်မူတည်သည်။ တကြိမ်လျင် ဆေးအလေးချိန်မည်မျှ တိုက်ရမည်။ တနေ့ကို အကြိမ်မည်မျှ တိုက်ရမည်၊ အတိအကျ ညွှန်းရသည်။ အစားနှင့်နီး-ဝေးရမည်၊ ရေများများသောက်ရန်လို-မလို၊ ဆေးသောက်ပြီး နားရန်လို-မလို၊ အခြားဆေးများ နှင့်အတူတိုက်ရ-မတိုက်ရ စသဖြင့်လည်း ညွှန်းပေးရမည်။ Course ကို့စ် = ဆေးကို မည်မျှကြာကြာပေးရမည်။ ပဌမ ကို့စ်ပြီးနောက် ဒုတိယကို့စ် လိုချင်လိုမည်။ ဥပမာ မေးခိုင်ရောဂါ ကာကွယ်ဆေးကို တလခြား နှစ်ခါထိုးရသည်။ တီဘီဆေးများပေးလျှင် ၃ လ၊ ၆ လ၊ ၉ လ။ Dose ဒို့စ် နဲ့ Course ကို့စ် မမှန်ရင် ဆေးယဉ်တာဖြစ်နိုင်တယ်။ ပဋိဇီဝဆေး ခေါ် ဗက်တီးရီးယားသေဆေးတွေက အဲလိုဖြစ်နိုင်တယ်။ နောက်တခါအဲဒီဆေးနဲ့ မရတာကို ဆိုလိုတယ်။ ...

ICJ တရားခံနိုင်ငံတော်ကြီးမှာ

ဖတ်နေရတယ်။ အကုန်တော့ မဟုတ်။ သွားရင်းလာရင်း။ ICJ နဲ့ ပတ်သက်တာတွေ။ အမျိုးမျိုး။ လုပ်တတ်ရင် အခုနေ အခွင့်ကောင်းပဲ။ ပြည်ပနိုင်ငံရေး နှစ်အစိတ်လောက်အတွင်းမှာ အသံကျယ်ကျယ်လောင်လောင်၊ စွာစွာစွာစွာ ပြောတတ် ဟောတတ် အော်တတ်သူတွေနောက် လူလိုက်ပါတာ များတယ်။ ထသာအော်လိုက်။ စကားလုံး ပြောင်မြောက်ရမယ်။ အဟုတ်ထင်သူတွေက အလွန်များတာ။ ဘာသံမှ မကြားရသူတွေကိုလည်း မဲပေးချင်သူတွေက စောင့်နေကြပါသတဲ့။ ဘာကျွေးမှာလဲတဲ့။ လုပ်တတ်ရင် အခုနေ အခွင့်ကောင်းပဲ။ ၂၀၂၀ အတွက်။ ဒေါက်တာတင့်ဆွေ ၂၅-၁၁-၂၀၁၉