Posts

တရပ် တချပ်

Image
မြတ်စွာဘုရား နှစ်ပေါင်း ၂၅၀၀ ကျော်ကပွင့်ခဲ့သည် သတ်ပုံမှန်မြန်မာစာ နှစ်ပေါင်း ၁၀၀၀ ကျော်က ပေါ်ခဲ့သည် ရှေးကျတာနဲ့ မှန်တာကို ခုခေတ်လူ အများစုက လက်မခံကြတော့ပါ ဒေါက်တာတင့်ဆွေ

Scar အမာရွတ်

Image
ကနေ့ မွေးရာပါနှလုံးရောဂါကို ၂ ယောက်မေးတယ် အမာရွတ်လည်း ၂ ယောက်ကမေးတယ်။ ၁။ ကျွန်တော်အသက်က ၂၁နှစ်ပါ မျက်နှာပေါ်က အချွန်နဲ့ ထိုးမိပြီး ကွဲလို့ ချုပ်ထားတာဗျာ့ ကျွန်တော် အမာရွက်ပျောက်ဆေးတွေ သုံးတာလည်း သုံးလေးမျိုး ဖြစ်နေပြီ ဆရာ နည်းနည်းပဲ သက်သာတယ်ဗျာ့ အမာရွတ်တွေက ပြောက်နိုင်ခြေရှိ့လားဗျာ့ အဆင်ပြေနိုင်မယ့် လိမ်းဆေးရှိရင် ညွှန်ကြားပေးပါဗျာ့ ဖြစ်တာက တစ်နှစ်တော့ ရှိပြီဗျာ့   ၂။ သမီးအသက်က ၂၁နှစ်ပါ။ ဗိုက်နားမှာ အနီကွက် ယားနာနေလေးတွေ ထွက်ရာကနေ fungiderm ဆေးလေး လိမ်းတွေ ညှိးပြီး အမာရွတ် အမဲလေးတွေကျန်ပါတယ် ရှင့်။ အာ့အကွက်လေးတွေက မပျောက်ဘဲ ဆက်ပွားပြီး ဖြစ်နေလို့ပါရှင့်။ ကန်တော့ပါ ဆရာရှင့် အောက်ကပုံလေးပါ ဖန်ဂီဒမ်းဆေးက ဖန်းဂတ်စ် ခေါ်မှိုပိုးအတွက်ဖြစ်တယ်။  အမာရွတ်ဆိုတာကြာလေသက်သာလေ။  အမာရွတ်ပျောက်ဆေးမရှိ။ အနာ၊ ဒဏ်ရာ အသေးအကြီး၊ အတိမ်အနက်၊ ရက်တိုရက်ရှည်အပေါ်မူတည်ပြီး မြန်မယ်ကြာမယ်။  လူတချို့က အမာရွတ်ဖြစ်စဉ် ဆိုးတယ်။ ကီးလွိုက် ဖြစ်တယ်။ အသက်ငယ်ရင် ပျောက်တာာမြန်တယ်။  ဦးခေါင်းပိုင်းက ခြေထောက်ပိုင်းထက် မြန်တယ်။  ကလေးမီးဖွါးပြီးချိန် ချုပ်ရတာ အပျောက်မြန်တယ်။ (ကန်တော့)  အနာ ဒဏ်ရာကို ပ...

နိုဝင်္ဘာ ၂၇ ရက်

Image
ဆုံးသွားတဲ့ဒုတိယသား မွေးနေ့။ ကျွန်တော့်ကို ပုလဲအိမ်လေးမှာ လာဖမ်းတဲ့နေ့ကလည်း အဲဒီနေ့ဘဲ။ ၁၉၉၀ ခုနှစ် ဆောင်းလ ဒီလိုညမှာ။ ကျွန်တော်က မြန်မာ့ရုပ်မြင်သံကြား သတင်းကြည့်ရင်း ညစာစားနေချိန်။ နိုင်ငံရေးအခြေအနေက ဟိုငယ်ငယ်တုန်းက အနီတွေ အဖြူတွေ အဝါတွေခေတ်ကလို မတည်ငြိမ်။ နေဝင်ရင် ခြံတခါးပိတ်။ ဒေါ်မြမြအေးရဲ့ အဒေါ်၊ ကလေးတွေက ဖွားလေးလို့ခေါ်တဲ့ ဒေါ်ခင်အေးက အိမ်ဝင်းသော့ကိုင်။ သော့တွဲ ခါးကြားညှပ်ထားပါတယ်။ အိမ်ပြင်မှာ ယူနီဖေါင်းဝတ်တွေ လက်နက်တွေနဲ့။ အရပ်လူကြီးတွေလည်းပါတယ်။ တံခါးဖွင့်ခိုင်းတယ်။ ရိပ်မိပြီ။ ကျောချတော့ ဓါးပြ။ အေး အေး ငါသော့သွားယူဦးမယ်ပြောထားခဲ့ပြီး မောင်တင့်ဆွေ မင့်ဖမ်းမဲ့ကောင်တွေ အိမ်ရှေ့မှာ တဲ့။ ထမင်းစားပွဲ ထားခဲ့ရ။ မိသားစု ထားခဲ့ရ။ လူနာတွေ ထားခဲ့ရ။ မဲပေးသူတွေ ထားခဲ့ရ။ အိုးအိမ် ထားခဲ့ရ။ တိုင်းပြည် ထားခဲ့ရ။ အတိတ်ကိုတော့ ထားခဲ့လို မရ။ နိုဝင်္ဘာ ၂၇ ရက်နေ့ည။ ဒေါက်တာတင့်ဆွေ ၂၇-၁၁-၂၀၁၈ ၂၇-၁၁-၂၀၂၀ (မြန်မာပြည်နေ့စွဲ)

Quarantine ကွာရင်တင်းကာလ

ကိုဗစ် စစ်လို့တွေ့သူတိုင်း - ပဌမရက်ကနေ ဆဌမရက်အထိ ကွာရင်တင်း ခေါ် သီးခြားနေပါ။ နှာခေါင်းစည်းတပ်ပါ။ သတ္တမနေ့မှာ စစ်လို့ နက်ဂေးတစ်ဖ် ခေါ် မတွေ့တော့ရင် ကွာရင်တင်း မလိုအပ်တော့ပါ။ ကနေ့ထွက်တဲ့ အမေရိကန် CDC လမ်းညွှန်သစ်ဖြစ်ပါတယ်။ လက်ရှိလမ်းညွှန်က ၂ ပတ်သီးခြားနေရတယ်။ ဒေါက်တာတင့်ဆွေ

ဒို့ရင်ထဲက ပန်းလှလှကို

Image
ဒို့ရင်ထဲက ပန်းလှလှကို တဘဝလုံး သိမ်းထားပါ ပို့ပေးသူ ကျေးဇူး။ မြန်မာစာပန်းအလှကား သိမ်းထားခြင်း မခံရပါ။ ဆောရီး။ ဒေါက်တာတင့်ဆွေ လာကြလာကြ ရေပက်ကြစို့ တဘဝအတွက် လက်ဆက်စို့ ပို့ပေးသူ ကျေးဇူး။ မြန်မာစာ ဘဝပြောင်းသွားပြီ။ ကောင်းရာသုဂတိ လားပါစေ။ ဒေါက်တာတင့်ဆွေ ပျော်ပျော်ပြုံးပြုံး အချစ်ဆုံးနဲ့ တသက်လုံးဘဲ နေချင်တယ်။ ပို့ပေးသူ ကျေးဇူး ခုခေတ်ကဗျာဆရာ မြန်မာစာပါမောက္ခတွေကတော့ (တစ်သက်လုံးပဲ) တဲ့။ ကျွန်တော်က အဲလိုပလီရေးတာမျိုးတွေကို မဖတ်တတ်။ ဒေါက်တာတင့်ဆွေ ကိုယ်တယောက်ထဲ မသွားရဲလို့ မင်းဘဲ အဖော်လိုက်ပါအုံး။ ပို့ပေးသူ ကျေးဇူး။ နောက်တက် မြန်မာစာပါမောက္ခတွေကတော့ - (တစ်) ယောက်တည်းတဲ့ (မင်းပဲ) တဲ့။  (အုန်း) တဲ့။ မပြောရဲပါ။ ဒေါက်တာတင့်ဆွေ

AstraZeneca's is cheapest

Image
အက်စ်ထွာ-ဇန်နက်ကာ ကိုဗစ်ကာကွယ်ဆေး ဈေးအချိုဆုံး ကပ်ရောဂါကာလမှာ အမြတ်ယူမည်မဟုတ် တခြားကာကွယ်ဆေးတွေက ဒေါ်လာ ၂၀ နဲ့ ၄၀ ယူမည်။ ဒီဆေးက ၅ ဒေါ်လာထက်မပို။ ရိုးရိုးရေခဲသေတ္တာထဲမှာ ၆ လထားနိုင်။ AstraZeneca ဆေးကုမ္ပဏီ ဈေးအချိုဆုံး ကိုဗစ်ကာကွယ်ဆေးထုတ်တဲ့ အက်စ်ထွာ-ဇန်နက်ကာဆေးကုမ္ပဏီဟာ British–Swedish multinational pharmaceutical and biopharmaceutical ဗြိတိသျှ-ဆွီဒင် ဖက်စပ် ကုမ္ပဏီဖြစ်ပါတယ်။ အင်္ဂလိန်နိုင်ငံ Cambridge ကမ်းဘရစ်ခ်ျမှာတည်ရှိတယ်။  Coronavirus Vaccine ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို University of Oxford အောက်စဖို့ဒ်တက္ကသိုလ်နဲ့ တွဲထုတ်လုပ်ပါတယ်။ ဒေါက်တာတင့်ဆွေ

Mastitis and Breast Abscess နို့နာ

Image
(ကန်တော့) ဆရာရှင့် ကျမအသက် ၃၂နှစ်ပါ ကလေးတယောက်မိခင်ပါ သမီးလေးအသက် ၁၀ နှစ်ပြည့်ပါပြီ မရိုသေ့စကားမို့ ကန်တော့ပါဆရာ ကလေးနို့ဖြတ်ထားတာကြာပေမဲ့ကျမမှာ နို့ရည်ခုထိထွက်နေလို့ပါဆရာ နို့ရည်က အဖြူရောင်မဟုတ်ပဲ ပြည်ပုပ်တွေလို ချွဲပြစ်ပြစ်အဝါနှစ်ရောင်ဖြစ်နေပါတယ်ဆရာ ရင်သားနဲ့ပတ်သတ်တဲ့ရောဂါတခုခုများဖြစ်နေသလား စိုးရိမ်မိလို့ပါဆရာ ပြည်တွင်းမှာ ဆရာဝန်လုပ်ခဲ့ရစဉ်က မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ ကလေးဖွါးပြီး သားဦးဆိုရင် နို့နာပေါက်တာ ၃ ယောက်မှာ ၁ ယောက်လောက် တွေ့တယ်။ ဒေလီမှာတော့ အတော်နည်းပါတယ်။ WHO ခန့်မှန်းချက်အရ နို့တိုက်မိခင် ၂့၆% ကနေ ၃၃% ရှိတယ်။ ၁ဝ ယောက် ၁ ယောက်လို့ ပြောနိုင်တယ်။ အမေရိကားမှာ ၅-၃၃% ဖြစ်တယ်လို့ဆိုတယ်။ နို့တိုက်သူထဲက ဝ့၎-ဝ့၅% သာ နို့ပြည်တည်နာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေကို ရေချိုးတိုင်း နို့သီးထိပ်ကလေး ဆေးပေးဘို့မှာရတာ အဲဒါကြောင့်ဖြစ်တယ်။ နို့ထွက်ပြွန်လေးတွေရဲ့ ထိပ်ဝကို ချွေး၊ အဆီ၊ အညစ်အကြေး ပိတ်နေတာကနေ နို့နာဖြစ်လာတတ်တယ်။ ဖိအိပ်ရကနေ နို့သွားလမ်း ကျဉ်း-နှေး သွားတာ၊ ကလေးက နိုင်အောင်မစို့နိုင်တာ။ နို့အောင်းနေတာက အကြောင်းတွေဖြစ်တယ်။ အတွင်းခံကြောင့်လဲ ဖြစ်နိုင်တယ်။  Mastitis နို့ရောင်တာရေ...