Heart rate နှလုံးခုန်နှုန်း
9:43AM ဆရာရှင့် သမီးရဲ့နှလုံးခုန်နူန်းက 30 နဲ့ 40 ကြားမှာသာ ရှိနေတတ်ပါတယ်။ အသက်ရူမဝဘူးဆရာ။ ဖြေကြားပေးပါရှင့်။ မေးနည်းစည်းကမ်းပို့လိုက်။ 10:48AM မင်္ဂလာပါဆရာ သက်ရှည်ကျန်းမာပျော်ရွင်ပါစေရှင့်။ လိုင်းကမကောင်းတော့ဘာမှမမြင်ရသေးဘူး။ သမီးခံစားနေရတဲ့ဝေဒနာက စိုးရိမ်ရပါလား။ သမီးကကွက်ခိုင်ကပါရှင့်။ ဟိုနေ့ကတိုက်ပွဲကြားပြေးနေရတာ မပြေးနိုင်ပဲ ဖြစ်နေပါတယ်။ အလာကားနေရင်း နှလုံးခုန်နူန်းက 20 နဲ့ 30 ထိကျနေတတ်တယ်ရှင့်။ မှတ်ဥာဏ်လဲမကောင်းတော့ဘူး။ စိုးရိမ်ရပါလာရှင့်။ ဖြစ်နေတာ လွန်ခဲ့တဲ့တစ်နှစ်ကပါ။ အမောဆိုက်တတ်တာက လွန်ခဲ့တဲ့ဆယ်နှစ်ကပါ 2:19PM တိုက်ပွဲတွေအတွက် ဆောရီး။ နှလုံးခုန်နှုန်းက သေချာပါသလား။ ပုံမှန် တမိနစ်မှာ ၇ဝ ကနေ ၈ဝ ရှိတယ်။ ပြေားရ လွှားရရင် ပိုမြန်မယ်။ တမိနစ်မှာ ၉ဝ-၁ဝဝ ဖြစ်နိုင်တယ်။ နှလုံးခုန်နှုန်း စမ်းတိုင်း ၆ဝ အောက်ရောက်နေရင် ဟဒ်ဘလော့ ဖြစ်နေမလား စစ်ရမယ်။ Heart sound နှလုံးခုန်သံ နှလုံးခုန်သံကို ဆရာဝန်တွေက နားကြပ်နဲ့နားထောင်ကြတယ်။ နားကကြားတာကို ပါးစပ်ကနေ ပြန်ပြောရင် ဒုတ်-ဒုတ်ဆိုပြီး ခပ်လွယ်လွယ် အရင်သံရော နောက်သံကို တမျိုးတည်းလိုလိုပြောလေ့ရှိကြတယ်။ အင်္ဂလိပ်တွေကတော့ Lub-Dub လပ်ဖ်-ဒပ်ဖ်လို့ အ...