Posts

ကနေ့ညစာ ကုလားစာ

Image
မွေးနေ့ရှင် အငယ်ဆုံးသားက ကုလားဆိုင်ကနေဝယ်လာတာ။ သူကမြန်မာပြည်မှာ ဆယ်တန်းအောင်ပြီးတာနဲ့ အိန္ဒိယကို ရောက်လာသူ။ ကုလားပြည်ကအစားအစာတွေနဲ့ ၈ နှစ်ကြာ ရင်းနှီးခဲ့သူ။ ၂၄ နှစ်ကြာခဲ့တဲ့ ကျွန်တော်ကတော့ ဒေလီက မဆလာကို နည်းနည်းလေးမှ မကြိုက်။ နယူးဒေလီလို့ပြောရတာက အိန္ဒိယပြည်က ကြီးပြီး နေရာဒေသတွေမတူရင် အစားအသောက်လည်း မတူကြပါ။ တောင်ပိုင်းကအစားတွေတော့ စားနိုင်တယ်။ ဘုံဘေဘက်ကလည်း မဆိုးပါ။ အရှေ့မြောက်ပြည်နယ်တွေကတော့ မြန်မာပြည်ကအတိုင်းပဲ။ မြောက်ပိုင်းက အစားအစာတွေကို ခံတွင်းမတွေ့လှ။ အနံ့ကို ပိုမကြိုက်တာ။ ဆိတ်သားကို သရက်သီးနဲ့ချက်တဲ့ဟင်း။ နံပြားနဲ့ ထမင်း။ မဆလာနံ့ကင်းတာ ရွေးဝယ်လာတာတဲ့။ ဒေါက်တာတင့်ဆွေ ၂၈-၁၂-၂၀၁၈

Questions on 27-12-2018

ရမ်းကုထက်ဆိုးတယ် လူကြီးမင်းရဲ့ ဆေးနည်းကို ဖျက်ပါမယ်။ အဲလို သံယောင်လိုက်ပြီးပေးတဲ့ဆေးနည်းဆိုတာ ရမ်းကုထက်ဆိုးတယ်။ အဲလိုကိုယ်ပိုင်ဆေးနည်း ကိုယ့်နေရမှာသာရေးပါရန်လို့ ဆယ်ခါထက်မနည်းရေးတင်ထားတယ်။ https://www.facebook.com/sankosankoaugust အရပ်ဆေးနည်သာသိလိုသူတွေက ဆရာဝန်ရေးတာကို လာမဖတ်ကြပါ။ လူကြီမင်းဆေး ရောင်းရမှာ မဟုတ်ပါ။ ဒေါက်တာတင့်ဆွေ No Wishes နာတာရှည် ကူးစက်ရောဂါ နှစ်သစ်မှာ ငွေကိုပေး၍မကုန်လှူ၍ မခန်းလိုသမျှသုံးနိုင်ကြပါစေ။ No Wishes နာတာရှည် ကူးစက်ရောဂါ https://doctortintswe.blogspot.com/2018/10/no-wishes.html No Wishes ပိုးဖေါက်တဲ့အသီးကို ဆွမ်းတော်မတင်သင့် https://doctortintswe.blogspot.com/2018/09/no-wishes.html No Wishes ဆုတွေ မလိုချင်ပါ https://doctortintswe.blogspot.com/2017/12/no-wishes-messages.html Never Send နောင်တသက်လုံး အဲလိုဟာတွေ မပို့စေလိုပါ https://doctortintswe.blogspot.com/2018/08/never-send.html Fed Up With Wishes ဆုတောင်းစာတွေ မလာပါစေနဲ့လို့ ဆုတောင်းပါတယ် https://doctortintswe.blogspot.com/2018/04/fed-up-with-wishes.html ဒေါက်တာတင့်ဆွေ မေးစည်းကမ်း တတိ...

Reunion

Image
ဆေးမန်းက ကျောင်းနေဘက်တွေ ပြန်ဆုံကြတယ်။ အစားအသောက်တွေကို အတူဝင်စားလိုက်တယ်။ အမှတ်တရ ပြောတာတွေကိုလည်း နားထောင်လိုက်တယ်။ ကိုယ်ကတော့ ဝင်ပြောမရ။ သီချင်းဆိုတဲ့လူလိုလည်း ကိုယ်ကမတတ်။ အလည်သွားတဲ့သူတွေလိုလည်း သည်တခေါက်မရောက်။ ဖတ်စ်အမ်ဘီမှာ ဆုံဆည်းကြရသလို။ စက်ကင်းအမ်ဘီမှာ ခင်မင်လာကြသလို။ သာဒ်အမ်ဘီမှာ ရင်းနှီးလာကြသလို။ ပတ်ဝမ်းမှာ အတူစားအတူသွားကြသလို။ ပတ်တူးမှာ ကျားကုပ်ကျားခဲ စာကိုမဲခဲ့ကြသလို။ ဟောက်စ်ကစပြီး တယောက် တနေရာရောက်ခဲ့ကြသလို။ အလုပ်ထဲရောက်တော့ ဘယ်သူ ဘယ်မှာ မသိကြသလို။ အခုအချိန်ကတော့ ဖတ်စ်အမ်ဘီပဲ သူငယ်ချင်းတို့ရေ။ မောင်တင့်ဆွေ ပဌမ အမ်ဘီ အပိုင်း (က) ဆေးမန်း

Winter Illnesses ဆောင်းရာသီမှာ ဝေဒနာ

Image
ဆရာ ဒီမှာတအားအေးပြီး အိပ်မရ ချောင်းလည်းတအားဆိုး နှာခေါင်းနှစ်ဖက်စလုံးပိတ် အသက်ရှုကြပ်ပြီး ဟတ်ချိုးက အဆက်မပြတ်ဖြစ်နေတယ် အတော်အေးတာဘဲအခုဆို စောင် ၃ထပ်ခြုံထားတာဆရာ။ (ရန်ကုန်ကလာတာ) အအေးမိ ဗိုင်းရပ်စ်ကနေဖြစ်တယ်၊ ကူးတယ်၊ နှာခေါင်းကနေ အသက်ရှူရင်းဝင်လာမယ်။ ကူးစက်တာသိပ်မြန်တယ်။ လက်မှာ ကပ်ပါနေတာတွေရှိလို့ လက်ကို မကြာမကြာဆေးပေးပါ။ အိုးခွက်ပန်းကန်တွေလည်း ခါတိုင်းထက်သန့်ရှင်းပေးပါ။ အအေးမိတယ်ဆိုရင် အဝတ်လက်ကိုင်ပုဝါထက် တစ်ရှူးစသုံးပါ။ အဲတာတွေကို စနစ်တကျစွန့်ပစ်ပါ။ အအေးမိဗိုင်းရပ်စ်က အဆိုးကြီးမဟုတ်ပါ။ ပိုးဝင်လာရင် နှာခေါင်းနဲ့ လည်ချောင်း နောက်နေရာကို ရောင်ရမ်းစေတယ်။ နှာခေါင်းမှာ စစ်ခင်းနေရတာဖြစ်တယ်။ နှာခေါင်းပိတ်မယ်၊ နှာရည်ယိုမယ်။ နှာခေါင်းကိုဖုံးနေတဲ့တစ်ရှူးတွေက လိင်လမ်းကတစ်ရှူးတွေလိုပဲ သန်မာတာဖြစ်စေနိုင်တယ်။ သွေးကြောတွေ ရောင်လာမယ်။ သွေးဖြူဥတွေများလာတယ်။ လေဝင်လမ်းကျဉ်းလို့ အသက်ရှူရခက်ခဲလာမယ်။ Decongestant spray ကနေသက်သာစေမယ်။ မျက်လုံးတွေကနေလည်း အအေးမိကူးလာနိုင်တယ်။ အအေးမိသူနေသူကချောင်းဆိုး နှာချေရင် အမှုံလေးတွေက အနီးအနားကိုပြန့်မယ်။ အသက်ရှူနေသူဆီရောက်မယ်။ သူ့လက်မှာလည်း ပိုးတွေပါနေမယ်။ လက်ဆွဲန...

ကျူး နဲ့ ကြူး

Image
ကာလရှည်ကျူး ကျူးရင့်သံ ကျူးလွန်စော်ကား ကျူးကျော် ကျူးလောစစ်ခေါင် (စစ်ချီထွက်ကြလော) ကျူးအေး ချီးကျူး စည်းကမ်းလွန်ကျူး တွန်ကျူး နယ်ကျူးကျော် ပိုက်ကျူးကစား ခြီးကျူး (ခြီးကြူး) ရင့်ကျူး လွှဲကျူး သားငါးကျူး သီကျူး အိမ်ရာကျူး ဥဒါန်းကျူး ဧယင်ကျူး ဖော်ကျူး နှစ်လည်ခါကျူး၊ နှုတ်ကျူးလက်လွန်၊ ကြူး ရိုက်ကြူး ကာမကြူး ထစ်ကြူးမြည် ပိုးစုန်းကြူး၊ မိုးသားကြူး ခြီးကြူး (ခြီးကျူး) ရင့်ကြူး (အသံဖြင့်ကြူးရင့်သည်) လွန်လွန်ကြူးကြူး၊ အစားကြူး အလွန်အကြူး ဆော်ကြူး မေထုန်ကြူး ကြွေအန်ကြူး သေသောက်ကြူး ကျွန်တော် အထက်တန်းကျောင်းသားဘဝမှာ ဆောင်ပုဒ်လေးတွေရေးပြီး မုံရွာ ဈေးသစ် အရှေ့ဘက်တိုက်တန်းက မှန်ဆိုင်ကိုသွင်းတယ်။ မှန်ဆိုင်က ပိုက်ဆံတော့ မပေး။ တောင်းလည်း မတောင်းပါ။ ကျွန်တော့်ပန်းချီကားလေးတွေကို မှန်ဘောင်သွင်းပေးတယ်။ တခုကတော့ သင့်ယဉ်ကျေးမှု ချီးကျူးပါရစေ။ အခုကောက်ရေးလိုက်တယ်။ ဒေါက်တာတင့်ဆွေ ၂၈-၁၂-၂ဝ၁၆ ၂၈-၁၂-၂ဝ၁၈

Back Dimples ခါးချိုင့်ခွက်

Image
(ကန်တော့) ဒေါက်တာခင်ဗျ တချို့တွေ ခါးမှာအချိုင့်လေးနှစ်ခုပါတတ်ကြလို့ ကောင်းကျိုးဆိုးကျိုး ဗဟုသုတအဖြစ်တင်ပေးပါအုံးခင်ဗျ။ Back Dimples ခါးချိုင့်ခွက်ခေါ်တာကို မေးတာလို့ထင်ပါတယ်။ ခန္ဓာဗေဒမှာ Sacral dimples လို့လည်းခေါ်တယ်။ Sacroiliac joint ခါးရိုးမကြီးနဲ့ တင်ပါးဆုံရိုးကွင်းကြီး ဆက်နေတဲ့အဆစ်နေရာမှာ ချိုင့်နေတဲ့နေရာ။ လူတိုင်းမှာရှိတယ်။ မသိသာသူ သိသာသူနဲ့ တဘက်သာသိသာသူရယ်လို့ရှိတယ်။ ရောဂါတခုခုနဲ့ ဆက်စပ်မှုမရှိပါ။ ခါးနာသူတွေ အဲဒီနေရာမှာဖြစ်လေ့ရှိတယ်။ လူတွေစိတ်ဝင်စားကြလို့ ယောက်ျားတွေမှာရှိတ်ာကို Apollo holes လို့ခေါ်ကြတယ်။ အမျိုးသမီးတွေမှာရှိတာကို Venus dimples ခေါ်ကြတယ်။ အမျိုးသမီးတွေမှာ မျိုးဗီဇအရဖြစ်တယ်လို့ ဆိုပါတယ်။ တချို့ကသဘောကျလို့ အဲတာပေါ်လွင်အောင် လေ့ကျင့်ခန်းလုပ်ကြည့်တယ်။ အမှန်က အဲဒီနေရာမှာ ကြွက်သားမရှိပါ။ အဆီလျော့ရင်သာ သိသာလာနိုင်တယ်။ တချို့က ကံကောင်းတယ်လို့ယူဆကြတယ်။ တချို့က ဆွဲဆောင်မှုရှိတယ်တဲ့။ အကြိုက်ဆိုတာ မတူကြပါ။ တချို့က အဲဒီနေရာမှာ အလှအပကွင်းတပ်ကြတယ်။ လူ့ကိုယ်က အဲလို။ လူ့စိတ်ဆိုတာ အဲလို။ ဒေါက်တာတင့်ဆွေ ၂၈-၁၂-၂၀၁၈

Neocolonialism နီိယိုကိုလိုနီဝါဒ

Image
အခုတလော ပြန်ကြားလာရတဲ့ နိုင်ငံရေးဝေါဟာရ။  အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အင်အားကြီးတဲ့နိုင်ငံတွေကနေ အင်အားချိနဲ့တဲ့ နိုင်ငံတွေအပေါ် လွှမ်းမိုးချုပ်ကိုင်တာကို ခေါ်ပါတယ်။ တကယ့်ကိုလိုနီဝါဒလို တခြားနိုင်ငံတခုအပေါ်မှာ တိုက်ရိုက် သို့မဟုတ် ကိုယ်ထိလက်ရောက် စွက်ဖက်သိမ်းပိုက်တာမျိုး မဟုတ်ပါ။ နောက်နည်းသစ်မှာ စီးပွါးရေးနဲ့ ယဉ်ကျးမှုနယ်ပယ်တွေမှာ ကြီးစိုးနိုင်တယ်။ အဲဒီစနစ်ကို Neo-imperialism နယ်ချဲ့ဝါဒလက်သစ်လို့လည်းခေါ်တယ်။ အရင်းရှင်စနစ်၊ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ယဉ်ကျေးမှုနယ်ချဲ့ခြင်းတွေပါတယ်။ ယဉ်ကျေးမှုဆိုတာ နည်းနည်းရှုတ်တယ်။ ကျယ်ပြန့်တယ်။ ကတာခုန်တာကိုပြောတာ မဟုတ်ပါ။ အနုပညာအပြင် ဘာသာရေးလည်းပါတယ်။ အစားအသောက်နဲ့ ဝတ်တာစားတာတွေလည်းပါမယ်။ ဓလေ့စရိုက်တွေလည်းပါတယ်။ အဲဒီနိုင်ငံရေးဝေါဟာရသစ်ကို ၁၉၆၀ ကျော်မှာ အာဖရိကတိုက်ထဲကနိုင်ငံတွေ ကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေး ရလာချိန်မှာ ဂါနာသမတ (၁၉၆၀-၁၉၆၆) နက်ခရူးမားကနေ စတင်သုံးစွဲခဲ့ပါသတဲ့။ အဲဒီကာလမှာ ဥရောပ ကိုလိုနီပြု နိုင်ငံတွေက သူတို့အောက်ကနေ လွတ်လပ်ရေးရသွားကြတဲ့ အာဖရိကနိုင်ငံတွေအပေါ်မှာ စီးပွါးရေးနဲ့ ယဉ်ကျေးမှု ဆက်ဆံရေးတွေ ဆက်ထားကြတယ်။ အဲဒီကနေစတယ်။ မြန်မာနိုင်ငံနဲ့ဆိုင်...