HIV ပိုးရှိနေသူတိုင်းကို ဆေးပေးတော့မည်

HIV ပိုးတွေ့သူတိုင်းကိုဆေးပေးကုသနည်းကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထောက်ခံချက်ပေးလိုက်ပြီဆိုတဲ့ သတင်း ၃ဝ-၉-၂ဝ၁၅ နေ့သတင်းကထွက်ပါတယ်။

အခုထိကတော့ HIV ပိုးရှိနေသူတိုင်းကို ART ဆေး မပေးပါ။  CD4 count ခေါ်တဲ့ CD4 T lymphocytes (CD4 cells) သွေးဖြူဥအရေအတွက် နည်းလာမှသာ ဆေးပေးနည်းကိုသုံးနေပါတယ်။ အစောပိုင်းကာလတွေမှာ CD4 350 cells/mm3 အထိကျဆင်းမှသာ ဆေးပေးပြီး မကြာသေးခင်က CD4 500 cells/mm3 အထိနည်းလာရင် ဆေးပေးတော့လို့ လမ်းညွှန် ပြောင်းခဲ့ပါတယ်။ အခုတော့ ပိုးရှိနေသူတိုင်းကို ဆေးပေးဘို့ဖြစ်လာပါပြီ။

UNAIDS အဆိုအရ ၂ဝ၃ဝ မှာ AIDS နဲ့ဆက်ပြီးသေဆုံးရမှု ၂၈ သန်းကို ကယ်ဆယ်ရာကျပါမယ်။ ဒီအတိုင်းလုပ်ရင် လူပေါင်း ၂၈ သန်းကနေ ၃၇ သန်းကိုဆေးပေးရမှာဖြစ်ပါတယ်။ လက်ရှိတော့ ၁၅ သန်းကသာ ဆေးရနေပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၉-၂ဝ၁၅
http://www.bbc.com/news/health-34402618

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး