Naga people ဟုမ္မလင်းမြို့ကနေကြိုဆိုကြတဲ့ မြန်မာနာဂတွေ

မြန်မာပြည်မှာနေတုံးက နာဂဒေသကို မရောက်ဘူးပါ။ အိန္ဒိယရောက်ပြီး ကိုဟီးမားဆိုတဲ့ နာဂလင်းပြည်နယ်မြို့တော်ကို အစဆုံးရောက်တော့ ကိုယ့်ဆီက နာဂတွေနဲ့ ကွာလွန်းတာကိုသိရတယ်။ အဲဒီမှာက ဂျင်းနဲ့ စကပ်နဲ့ ဟော့ရှော့တွေချည်း။ ကိုယ့်တိုင်းပြည်က နာဂယောက်ျားတွေက တောင်ပေါ်မှာနေရင် အရှက်လုံယုံလေးသာဝတ်တယ်လို့ သိထားတာကိုး။

မြန်မာပြည်က နာဂအမျိုးသမီးဆိုလို့ အိန္ဒိယနိုင်ငံ ကိုဟီးမား၊ ဒင်မာပူ၊ မိုးရေးနဲ့ ဒေလီမြို့တွေမှာသာ တွေ့ခဲ့ရတယ်။ အိန္ဒိယနာဂအမျိုးသမီး ဒေါက်တာ (အလာနာ ဂိုမေးလ်) က ကျွန်တော်နဲ့အတူ BCD ဒေလီ မြန်မာစင်တာမှာ အတူ လုပ်ကိုင်ပါတယ်။ သူက ဆရာဝန်မဟုတ်ပါ။ ဂျဝါဟာ လားလ် တက္ကသိုလ်က ပီအိတ်ခ်ျဒီရထားသူဖြစ်ပါတယ်။ သူ ရန်ကုန်လာတုံးက မွန်အမျိုးသမီးတယောက်ကနေ မပန်းနုလို့ နာမည်ပေးလိုက်သတဲ့။

အခုတော့ ကိုယ့်ဆီကနာဂတွေလည်း တိုးတက်နေပါပြီ။ တဖက်နိုင်ငံနဲ့ ကူးလူးဆက်ဆံနေရလို့သာဖြစ်ပါတယ်။ မြန်မာနာဂ အမျိုးသားတွေနဲ့လည်း ရင်းရင်းနှီးနှီးလက်တွဲလုပ်ကိုင်ခဲ့ရတယ်။ အိန္ဒိယမှာပါပဲ။

ဒေါက်တာတင့်ဆွေ
၂၆-၉-၂ဝ၁၅
ဓါတ်ပုံ Soe Myint Thein

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ