In this damned cage... But ပွင့်ပြီးရင် ဖွင့်ကြမယ်

ဆရာ သမီးက ပုလဲမြို့နယ့့် ရွာမှာ ၁၉၈၈ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဒါကြောင့် ဆရာကို လူချင်းတော့ မမြင်ဖူးခဲ့ပါဘူး။ သမီး ဖေဖေပြောပြောနေလို့ ဒေါက်တာတင့်ဆွေဆိုတာ သမီးကြားနေရပါတယ်။ ဆရာတင်ထားတဲ့ ဈေးကြီးလွန်းတဲ့ ရွေးကောက်ပွဲများဆိုတဲ့စာလေးက သိသင့်တာကို သိလိုက်ရပါတယ်။

သမီးတို့ အိမ်ကလဲ လယ်ထွန်စက်တစ်ခု အရစ်ကျနဲ့ ဝယ်ထားပါတယ်။ သူများပိုက်ဆံကို ကိုယ့်ပိုက်ဆံလုပ်ပြီး မသိနားမလည်တဲ့ ပြည်သူတွေကြား မျက်နှာသာယူနေတာ မြင်နေပေမယ့်လည်း မတားဆီးနိုင်ဘူး။ ရွေးကောက်ပွဲ ကာလရောက်တော့ သမီးတို့ရွာမှာ နှစ်ခြမ်းကွဲနေတယ်ဆရာ။ ဦးကျော်ဆန် ကြံ့ခိုင်ရေးပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် NLD ထောက်ခံသူများဆိုပြီး။ မနေ့က ဦးကျော်ဆန်းက ရွာမှာဟောပြောတယ်တဲ့ နီးစပ်ရာထောက်ခံသူတစ်ချို့ကို တစ်သိန်းစီပေးတယ်တဲ့။ သူလုပ်ပေးထားလို့ နေပြည်တော့့် မှာ အလုပ်ရနေတဲ့တစ်ယောက်က အမာခံပေါ့ဆရာ။ သူက မဲဆွယ်တာကို အဲလိုပဲ ငွေကိုရေလိုသုံးနေတယ်ဆိုတော့ ဘယ်ကပိုက်ဆံတွေလဲ စဉ်းစားစရာမကောင်းဘူးလား။ ဘယ်သူ့ဆီကလာလို့ ဘယ်သူတာဝန်ယူရမယ့်ပိုက်ဆံတွေလဲ။

သမီးက ခုရန်ကုန်မှာ အလုပ်လုပ်နေပါတယ်ဆရာ။့ ပါ။ လစာ ၇ သိန်းလောက်ရတော့ အစိုးရကို တစ်လ ၃ သောင်း ဝင်ငွေခွန်ဆောင်ရပါတယ်။ တစ်လ ခြောက်ထောင် လူမှုဖူလုံရေး ဆောင်ရပါတယ်။ အခွန်စာအုပ်ကတော့ တစ်နှစ် ကျော်ကျော်လောက်ဆောင်အပြီးမှာ လက်ခံရရှိကြောင်းရခဲ့ပါတယ်။ လူမှုဖူလုံရေးကတော့ နှစ်နှစ် ပြည့်တော့မယ်။ ဘာအထောက်ထား လက်ခံစာရွက် ဘာထောက်ပံ့မှုမှ မရသေးပါဘူးဆရာ။ နိုင်ငံသားတယောက်အနေနဲ့ အခွန် ဆောင်သင့်ပါတယ်။ ဒါပေမယ့် ဆောင်သမျှအခွန်ကြေးတွေဟာ ထိရောက်မှုရှိရမယ်။ ပြည်သူက ပေးတဲ့အခွန် ပြည်သူတွေအတွက် အကျိုးရှိတဲ့နေရာမှာသုံးရမယ်။ တစ်ဦးတစ်ယောက်ကိုယ်ကျိုးအတွက် မသုံးသင့်ဘူး။

သမီးက တောင်သူသားသမီးတစ်ယောက်ပါဆရာ။ ဆင်းရဲတယ်။ ပိုက်ဆံတန်ဖိုးကိုသိတယ်။ သမီး ရန်ကုန်မှာ တစ်ယောက်ထဲ အဆောင်မှာနေပြီး ကြိုးစားရပါတယ်။ အဆောင်လခက အစိုးရကိုဆောင်ရတဲ့ အခွန်လောက် သမီး မပေးနိုင်ပါဘူး။ သမီး မိဘကိုလဲ ကျေးဇူးဆပ်ချင်သေးတယ်လေ။ သမီးတို့ အနာဂတ် နောက်မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် သမီးတို့နိုင်ငံကို ပြောင်းလဲပေးနိုင်မယ့်ခေါင်းဆောင် သမီး သိပ်ကိုလိုလားပါတယ်ဆရာ။

ဒီရွေးကောက်ပွဲက သမီးတို့ အနာဂတ်အတွက် မျှော်လင့်ချက်ပါပဲ။ ဆရာ ပုလဲကို တစ်ကြိမ်လောက်လာပြီး ဟောပြောပေးနိုင်ရင် သိပ်ကောင်းမှာပါပဲဆရာ။ အနှောက်ယှက်ဖြစ်သွားရင် ခွင့်လွှတ်ပါ။

အနှောက်ယှက်ကတော့ ဆရာပြန်လာပြီး နယ်သူနယ်သားတွေ ပြည်သူပြည်သားတွေကို စကားမပြောနိုင်တာပါပဲ။ ဒါပေမယ့် အခုလို ဆရာရေးတဲ့စာကနေ လူငယ်လူရွယ်တယောက် လေးလေးနက်နက်စဉ်းစားခွင့်ကို ဖွင့်ပေးသလိုဖြစ်လို့ ကျေနပ်တယ်။ ဆရာ ဆက်ကြိုးစားနေမယ်။ လူငယ်တွေလည်း ကြိုးစားကြပါ။ လှောင်အိမ်ထဲလည်းနေရ မျက်စိလည်း ပိတ်ထားခံရတာထက်တော့ သက်သာရာရလာပြီလို့ အောက်မေ့ပါ။ လှောင်အိမ်တံခါးကိုလည်း မဲနဲ့ဖွင့်ကြရအောင်။

I'm stuck in this damned cage... But not for long!

ဒေါက်တာတင့်ဆွေ
၂၆-၉-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)