Shadow of former self ကျွန်တော် ဆရာဝန်လူထွက်

သူများတင်ထားတာတခု အခုပဲဖတ်ရတယ်။ အထင်ကရဆရာတော်ကြီးတပါးကမိန့်တယ် နိုင်ငံရေးလုပ်ချင်ရင် လူထွက်ပါတဲ့။

၁၉၈၈ တုံးကလည်း နိုင်ငံရေးလုပ်ချင်ရင် အလုပ်ကထွက်ပါလို့ သမတ ဒေါက်တာမောင်မောင်ကပြောတော့ ဒေါက်တာတင့်ဆွေ လူထွက်ပါတယ်။ အစိုးရဆရာဝန်သက် ၁၅ ဝါကိုနှမြောမနေပါ။ ပင်စင်ယူတာနဲ့ အလုပ်ထွက်တာမတူပါ။ အဝတ်အစားပြောင်းဝတ်တာနဲ့ လူထွက်တာမတူပါ။ အဝတ်အစားမပြောင်းပဲ မလျှော်လုပ်တာ အပြစ်မကင်းပါ။

လက်ဝှေ့ကြိုးဝိုင်းဝင်ရင် ဘယ်သူမှအင်္ကျီမဝတ်ရပါ။ ကနေ့လွှတ်တော်ကြီးဟာ သင်္ကန်းဝတ်ဘုန်းတော်ကြီးတွေနဲ့ ဖိုးသူတော်တွေ အတူတွဲထိုင်နေတဲ့ သံဃာစဉ်နဲ့တူနေတယ်။ သင်္ကန်းဝတ်ကိုယ်တော်တချို့ အောက်မှာရှေ့တန်းက ထိုင်နေသေးတယ်။

ကဲ့ ဒကာဒကာမအပေါင်းတို့ သီလပေးမယ်။ ရှေ့ဆုံးတန်းကကိုယ်တော်တွေချပေးတာကို လိုက်ဆိုကြ။

ဒေါက်တာတင့်ဆွေ
၁၂-၉-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး