High up High plus High demand အရပ်ရှည်ဆေး (သို့) စိတ်မရှည်ဆေး

ဆရာ ကယ်လ်ဆီယမ်ဆိုတာက အရပ်ရှည်ဆေးထဲမှာပါတာလားဆရာ။ သမီးသိချင်တာက အရပ်ရှည်ဆေးတွေရဲ့ ဆိုးကျိုး ကောင်းကျိုးတွေပါ ဆရာရှင့်။

ကြော်ငြာဆေးသာဖြစ်တယ်။ အရပ်မရှည်စေပါ။ ကယ်လ်စီယမ် ကောင်းပါတယ်။ ဒါပေမယ့် အရပ်မရှည်စေပါ။ မသင့်သူသောက်ရင် ဆိုးစေနိုင်တယ်။ ကြော််ငြာဆေးတွေမှာ ဘေးထွက်ဆိုးကျိုးသုတေသနမရှိပါ။ မရှိတာကို ရမ်းမပြောသင့်ပါ။ အဲဒီကြော်ငြာဆေးအကြောင်း အကြိမ်ပေါင်းများစွာ ဖြေနေရတယ်။ ဆရာဝန်ညွှန်ဆေးမဟုတ်ပါ။ အဲလိုဖြေထားပေမယ့် ဘယ်မှာဝယ်ရမလည်း မေးလာသူများလို့ ဆရာဝန်သောက်လည်း အရပ်မရှည်တဲ့ပြင် ဆရာဝန်စိတ်မရှည်ချင်တော့ပါ။

Hypercalcemia သွေးထဲမှာ (ကယ်လ်စီယမ်) များနေခြင်း အကြောင်းတရား ၇ ပါးရှိတယ်။
၁။ Hyperparathyroidism (ပါရာသိုင်းရွိုက်) ဟော်မုန်းများနေခြင်း၊
၂။ ကင်ဆာ ဝ့ဝ၁% ရှိတယ်။ Multiple Myeloma (မာလ်တီပယ်-မိုင်လိုးမား)၊ Squamous cell cancer of the lung အဆုပ်ကင်ဆာတမျိုး၊ ရင်သားကင်ဆာ နောက်ပိုင်း၊ ကျောက်ကပ်ကင်ဆာ နောက်ပိုင်း၊ Squamous Cell Cancer of the Head and Neck (very advanced) ဦးခေါင်း၊ လည်ပင်း ကင်ဆာ နောက်ပိုင်း။
၃။ Sarcoidosis (ဆာကွိုက်ဒိုးဆစ်) ရောဂါ
၎။ ဗီတာမင် (ဒီ) ဆေေးသောက်တာ များသွားခြင်း၊
၅။ Hydrochlorothyazide ဆီးအတင်းသွားစေတဲ့ဆေး၊
၆။ Milk-Alkali Syndrome ရောဂါ၊
၇။ Paget's disease of the Bone အရိုးရောဂါ၊

ဆရာရှင့် သမီး အင်တာဗျူးသုံးလို့ ရပါတယ်နော်။ ထပ်ပြီးခွင့်တောင်းတာပါရှင့်။ ပြီးတော့ ဆရာရဲ့ ရာထူးလေး သိလို့ ရမလားရှင့်။

သုံးနိုင်ပါတယ်။ ဘာရာထူးမှမရှိပါ။

Dr. တင့်ဆွေ
၁၆-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး