Our last day in India

၂၁-၁၂-၁၉၉ဝ ကနေ ၁၈-၉-၂ဝ၁၄ နေ့အထိ ၂၄ နှစ်ကြာ နိုင်ငံရေးတွက်တာ နေထိုင်လာခဲ့ရတဲ့ အိန္ဒိယနိုင်ငံကြီးကနေ ထွက်ခွါလာခဲရတဲ့ည အင်ဒီရာဂန္ဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်အထိ ကျွန်တော်တို့ကိုလိုက်ပို့ခဲ့ကြတဲ့ ညိုမင်းနီနဲ့ မျိုးသစ်။

သူတို့နှစ်ယောက်က အိန္ဒိယမှာပဲကြီးပြင်းလာ၊ ပညာလည်းသင်ခဲ့ကြသူတွေဖြစ်တယ်။ နယ်စပ်ကနေ ဒေလီမှာလာပြီး ကောလိပ်တက်ကြရတယ်။ တနှစ်ပတ်လည်နေ့က ဓါတ်ပုံပြန်ရှာတာမတွေ့နိုင်လို့ အခုမှ ဝင်းနိုင် ခေါ် ညိုမင်းနီဆီကရတယ်။ သူက ဘွဲ့ရသွားပြီ။

ကျွန်တော်တို့နှစ်ယောက် အိန္ဒိယမှာနေခဲ့ရစဉ်ကာလ မြန်မာ့ဒီမိုကရေစီရေး (စင်ပြိုင်အစိုးရရုံး)၊ မြန်မာမိသားစုတွေအတွက် ကျန်းမာရေး (ယမုန်နာဆေးခန်း) နဲ့ ပညာရေး (ပရောစပက် ဘာမား ကျောင်း) မှာ နိုင်သလောက်လေး လုပ်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ၊ ကျန်းမာချမ်းသာပြီး ပညာတွေထူးချွန်တတ်မြောက်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၂ဝ-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ