Military dictatorship စစ်အာဏာရှင်းအစ ဗိုလ်နေဝင်းက

May Thu Nyein အကယ်၍ လုပ်ကြံမှုအောင်မြင်လို့ ဦးနေဝင်းသေရုံနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်သွားမယ်ထင်ပါသလား ဆရာ။ ဆရာထင်မြင်ချက် ပြောပြပါလားရှင်။ ကျမတို့အတွက် အဖိုးမဖြတ်နိုင်သော ဗဟုသုတများရခဲ့ပါတယ်။ ကျေးးဇူးပါဆရာ။

ကျွန်တော့်ထင်မြင်ချက်ဆိုတာ မှန်းဆချက်သာဖြစ်ပါတယ်။ သုတေသနမလုပ်သေးပဲ ကောက်ချရေးပါရစေ။

ဗိုလ်နေဝင်းသာ အဲဒီတုံးက အသတ်ခံခဲ့ရရင် မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ဖြစ်လာစရာ မရှိနိုင်ပါ။

(၁) ဗိုလ်နေဝင်းက စစ်တပ်ကိုအသုံးချပြီး ကိုယ်ကျိုးရှာနည်းအကြီးစားကို စံပြလုပ်သွားခဲ့သူဖြစ်တယ်။ သူ့နောက်တက်သမျှ ဗိုလ်ချုပ်ကြီးတွေထဲမှာ တယောက်မှ သူ့လောက် သြဇာမညောင်းကြပါ။ အရှိန်အဝါ (ဥပမာ ရဲဘော်သုံးကျိတ်ဝင်ဖြစ်ခြင်း) လည်း ယှဉ်မရပါ။ (၂) အနီးကပ် ရန်သူ (အတွင်းရန်) ရှင်းနည်းကို သူကစခဲ့တယ်။ (၃) ထောက်လှမ်းရေးကို ပြည်တွင်းရေးရာနဲ့ အာဏာဆက်လက်တည်မြဲရေး တခုတည်းကိုသာ ထိထိရောက်ရောက် ရက်ရက်စက်စက်သုံးနည်းကိုလည်း သူကစခဲ့တာ ဖြစ်တယ်။

ဗိုလ်သန်းရွှေ အာဏာတည်ဆောင်ပုံက ဗိုလ်နေဝင်းနဲ့မတူပဲ ကြာကြာမြဲတာမှန်ပေမယ့် ဗိုလ်နေဝင်းတည်ဆောက် ထားပြီးသား အုတ်ခုံထုနဲ့ အဆောက်အအုံကြီးပေါ်ကနေသာ ဆက်လိုက်ခဲ့တာဖြစ်တယ်။

စစ်တပ်ကို စစ်အာဏာတည်မြဲရေးအတွက်အသုံးချနည်းနဲ့ အရပ်သားတစု (မဆလ) ကို ပေးကျွေးခွံ့ စည်းရုံးနည်းတွေ အတူတူဖြစ်တယ်။ ကြံ့ခိုင်ရေးဆိုတာ အဲလိုနည်းတူ ဖန်တီး လုပ်ယူထားတဲ့ အခွင့်ထူးအကြီးအကျယ် ရယူနေတဲ့ (မဆလ) နည်းတူအစုကြီးတခုသာဖြစ်တယ်။

အတွင်းရန်ရှင်းနည်းမှာ ဗိုလ်နေဝင်းနဲ့ ဗိုလ်သန်းရွှေ မကွာလှဘူး။ နောက်လူက ပိုပြီးကောက်ကျစ်စဉ်းလဲတယ်။ လက်သည် မပေါ်အောင်ရှင်းနည်းပါသုံးတယ်။ နောက်ဆက်ခံမယ့်သူရွေးတာ မတူဘူးဆိုနိုင်ပေမယ့် ကမ္ဘာ့ တခြားနေရာတွေက နမူနာတွေ (အာရတ်နွေဦး) ယူပြီး လုပ်ရတာသာဖြစ်တယ်။ ဗိုလ်သန်းရွှေက သူ့ဆရာတွေဖြစ်တဲ့ ဗိုလ်နေဝင်းလိုလည်း မသေချင်ဘူး။ ဗိုလ်စောမောင်လိုလည်း မသေချင်ဘူး။ ဗိုလ်သန်းရွှေရဲ့ အစီအမံဟာ (တော်ဝင်အသုဘစီမံကိန်း) သာ ဖြစ်တယ်။

တကယ်လို့ ၁၉၉ဝ ရွေးကောက်ပွဲအပြီး အနိုင်ရနိုင်ငံရေးအင်အားစုတွေကို ရဲရဲဝံ့ဝံ့ တည်တည်ကြည်ကြည့်သာ အာဏာ လွဲ့ခဲ့ရင်လည်း စစ်တပ်ဟာ အခုလောက်ထိ ဂုဏ်သိက္ခာချစရာမရှိဘူး။ အရပ်သားတွေလည်း အခုလောက်ထိ ပျက်စီးစရာ မရှိဘူး။ တိုင်းပြည်လည်း အနည်းဆုံးတော့ (အာစီယန်) အဆင့်မှာ ခေါင်းမော်နေနိုင်လောက်ပြီ။

ဗိုလ်နေဝင်းက အညမညမစချီတဲ့ မြန်မာ့ဆိုရှယ်လစ်လုပ်သလို ဗိုလ်သန်းရွှေက ၂ဝဝ၈ ဖွဲ့စည်းပုံလုပ်တာဟာ အတူတူပါပဲ။ ၂ဝ၁၅ ရွေးကောက်ပွဲအပြီး အခင်းအကျင်းသစ်ဟာ စစ်တပ်နဲ့ တိုင်းပြည်ကို အသက်ဆက်နိုင်မလားလောက်အထိ သေရေးရှင်ရေးတမျှ အရေးကြီးလှတယ်လို့ ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး