In the same boat

ခရီးအတူသွားနေကြတယ်။ ကားနဲ့။

ခေါင်းခန်းထဲနေရာရသူကရတယ်။ ကားခေါင်းထဲလိုက်ရတာ မူးတတ်လို့ နောက်ခန်းကပဲစီးချင်သူပါတယ်။ နောက်ခန်းမှာလည်း ရှေ့နားကတချို့ နောက်နားကတချို့။ ထိုင်ခုံမရလို့ ရပ်လိုက်ရသူကရပ်။ တချို့က ဆန်အိတ်ပေါ်မှာ နေရာရတယ်။ ကားနောက်မြီး ခိုလိုက်ရသူလည်း ပါတယ်။

ကားစက်ပျက်လို့ ဆင်းထွန်းကြတော့ နောက်မြီးခိုရသူတွေက အရင်။ ရပ်လိုက်ရသူတွေကလည်း အားစိုက်ကြတယ်။ ဘယ်သူတွေ ဘယ်နေရာကစီးလိုက်လိုက် နိုဝင်္ဘာ (၈) ရက်မှာ အတူတူရောက်ကြမယ်။

ကားအိုကြီးပေမယ့် ကားဆရာက ကျွမ်းကျင်တယ်။ ခရီးသည်တွေကလည်း ယုံပြီးသား။

ရှေ့ကားကို ကျော်တက်ကြမယ်။

ဒေါက်တာတင့်ဆွေ
၂၃-၉-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)