We love NLD but don’t hate others
၁၉၉ဝ ရွေးကောက်ပွဲကာလမှာ သားအကြီးဆုံး ဝဏ္ဏတင့်ဆွေကနေ ကျွန်တော့်ကားမှာ We love NLD စတစ်ကာလုပ်ပြီးကပ်ထားတယ်။ အဲဒီခေတ်တုံးက Love စာလုံးနေရာမှာ အသည်းပုံသင်္ကေတထည့်သုံးတာ အစဆုံးလို့ပြောနိုင်မယ် ထင်တယ်။
ပုလဲ (မဝတ) ဥက္ကဋ္ဌဗိုလ်မှူးမိသားစုနဲ့က အိမ်နီးချင်း။ ဗိုလ်မှူးသမီးတွေနဲ့ ကျွန်တော့်သားတွေကလည်း သူငယ်ချင်းတွေ။ ကလေးမတွေက အဲဒီစတစ်ကာကို နှစ်ခြိုက်ကြပုံရတယ်။ ဗိုလ်မှူးကလည်း ပုဂ္ဂိုလ်ရေးအရ ခင်မင်စရာကောင်းပါတယ်။ သူကိုယ်တိုင်ကလည်း ၁၉၉ဝ ရွေးကောက်ပွဲပြီးရင် NLD ကို အာဏာလွှဲပေးမယ်လို့ပဲ မှတ်ယူထားမှန်း ကျွန်တော်က မှန်းကြည့်လို့ရတယ်။
၁၉၉ဝ ရွေးကောက်ပွဲမှာ ကျွန်တော်နဲ့ယှဉ်အရွေးခံတဲ့ (မဆလ) ကိုယ်စားလှယ်လည်း တခြားမြို့ကနေလာတဲ့ ဗိုလ်မှူး တယောက်ပဲ။ မဲတွေရေတွက်ပြီး ကျွန်တော်ကအနိုင်ရတော့ ဗိုလ်မှူးက သူ့မြို့ကိုမပြန်ခင်မှာ ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်ပြီး ကွန်ဂရက်ကျူလေးရှင်းလုပ်ပါတယ်။
ပြန်စဉ်းစားကြည့်တော့ (မဆလ) နောက်ဆုံး ၅ နှစ်ထက် လက်ရှိအစိုးရ ၅ နှစ်ကပိုဆိုးတာတွေ့ရတယ်။ နိုဝင်္ဘာ ရွေးကောက်ပွဲမှာ မဲတွေရေတွက်ပြီးရင် NLD အမတ်တွေကို အဲလို လက်ဆွဲနှုတ်ဆက်လာမဲ့ ပြည်ခိုင်းဖြိုးဆိုတာ ရှိမှရှိပါမလား စဉ်းစားမရသေးဘူး။
ဒေါက်တာတင့်ဆွေ
၁၂-၉-၂ဝ၁၅

Comments
Post a Comment