Rejected အပယ်နဲ့ အပါယ်

အွန်လိုင်းပေါ်မှာ ကဗျာရေးမိတဲ့ အကျိုးအားကြောင့် ကျနော့်မိသားစု မဲပေးပိုင်ခွင့် အပယ်ခံရနိုင်ပါကြောင့်း့ မောင်မိုးပွင့် (ရေကြည်) ၁၄-၉-၂ဝ၁၅ လို့ဖတ်ရပါတယ်။

အဲတာနဲ့ ကွန်မင့်ရေးလိုက်တယ်။ ကျွန်တော့်ကတော့ မဲပေးခွင့်ရနိုင်တယ်။ ပြည်ခိုင်ဖြိုးကိုပေးမယ်ဆိုရင်။

အမှန်ပြောတာ။ ကျွန်တော် ပြည်ပမှာနေနေရတာ ၂၅ နှစ်။ မဲပေးခွင့်မပြောနဲ့ အမတ်လောင်းလုပ်မယ်ဆိုတောင် ရနိုင်တယ်။ ပြည်ခိုင်းဖြိုးကဆိုရင်။ မြန်မာပြည်မှာ ၁ဝ နှစ်ဆက်တိုက်နေရမယ်ဆိုတာကို တချို့ကိုလျှော့ပေးပါတယ်။ အဲလိုလုပ်တာကို (ကွန်ပရိုမိုက်စ်) လုပ်တာလို့လည်းခေါ်တယ်။ ရေရောခံရတာပေါ့။ နောက် ဟပေးထားတယ်လို့လည်း ခေါ်သေးတယ်။

ကျွန်တော်တော့ အပယ်ခံချင်ခံရပါစေ။ အပါယ်တော့ မလားလိုပါ။

ဒေါက်တာတင့်ဆွေ
၁၄-၉-၂ဝ၁၅

Comments