The bright people နောက်လူသာစမြဲ
ပုလဲက လူရွယ်တယောက်နဲ့ လူငယ်တယောက်ရေးကြတာတွေကို အခုပဲဖတ်ရတယ်။
(၁) Nyo Htay Pale
၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲ ပုလဲမြို့နယ် NLD မှာ နိုင်ငံ့အရေးဝင်လုပ်ခဲ့တာ ဆရာ့ဆီက ကျနော် ပညာရခဲ့ပါတယ်။ ဆေးပညာတော့ မဟုတ်။ ဟောနည်းပြောနည်း၊ အသံ၊ ဟောပေါက် ပြောပေါက်၊ လေယူလေသိမ်းကအစ အဖြတ် အတောက်၊ အထောက်အထား။ ဆရာ ဒေါက်တာတင့်ဆွေ ကျန်းမာပါစေ။
သူ့ကို ကိုညိုဌေ့း့ နောက်လူသာစမြဲ ဟဲသာဟဲလို့ ပြန်ရေးလိုက်တယ်။
နောက်တယောက်က ၁၉၉ဝ မှာ မောင်ဗမာစက်ဘီးလေးစီးတဲ့ ကျွန်တော်သားအငယ်ဆုံးနဲ့ရွယ်တူ။ အခု သူရေးတာ ဖတ်ကြည့်ပါ။
(၂) ခက် သီ
၂ဝ၁၂ ကြားဖြတ်မှာ ပုလဲမြို့နယ်ရဲ့ မဲပေးပိုင်ခွင့်ဦးရေက တစ်သိန်းဝန်းကျင်မှာရှိတယ်။ ၇ သောင်းလောက် မဲလာပေးကြတယ်။ ကြံ့ခိုင်ရေးက မဲ ၂ သောင်းကျော် NLD က ၄ သောင်းခွဲကျော်ရပါတယ်။ မဲ ၂ သောင်းကျော် အပြတ်အသတ်နဲ့ NLD နိုင်ပါတယ်။
ပုလဲမြို့အနေနဲ့ ကြံ့ခိုင်ရေးရဲ့ အခြေခံမဲက တစ်သောင်းခွဲ ခန့်ရှိပြီး NLD ရဲ့အခြေခံမဲ က ၃ သောင်းဝန်းကျင်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ မဲ ၅ သောင်းခွဲက အပိုင်တွက်လို့မရဘူး။ မဲ ၁ သောင်းလောက်က မဲမပေးဖို့ရှိတယ်။ မဲ ၅ဝဝဝ လောက် NLD ရော ကြံ့ခိုင်ရေးရော မပေးဘူး သေချာတယ်။ တစည နဲ့ နေဇင်လတ်ပါတီကိုပေးမှာ။ အဲဒီတော့ ပစ်မှတ်ထား စည်းရုံးရမယ့်မဲက ၄ သောင်း ကျန်တယ်။ အဲဒီ ၄ သောင်းထဲ မဲ ၁သောင်းခွဲရအောင်စည်းရုံးနိုင်ရင် အခြေခံမဲ ၃ သောင်းနဲ့ ပေါင်း ၄ သောင်းခွဲရမယ်။ ကြံ့ခိုင်ရေးက ကျန်မဲ ၂ သောင်းခွဲ အကုန်ရရင်တောင် အခြေခံမဲ ၁ သောင်းခွဲနဲ့ ပေါင်း မဲ ၄ သောင်းပဲရမယ်။ လူတစ်ယောက်ကို တစ်သိန်းနှုန်းချေးငွေချပေးဦး သိန်း ၄ သောင်းကုန်မယ်။ ငွေနဲ့လည်း လွှမ်းလို့ မရတော့ဘူး။
ပြည်သူ့အားကို အာဏာရှင်တွေမခံနိုင်ဘူး။ ပြည်တင်းရင် မင်း မခံနိုင်။ ပုလဲနယ်မှာ NLD သေချာပေါက်နိုင်မယ်။ ဦးကျော်ဆန်း ရှုံးမယ်။ ဒေါ်ခင်စန်းလှိုင် နိုင်မယ် ရဲရဲကြီး ပြောရဲတယ်။
သူ့ကိုတော့ (ခက်သီ) ဇော်ထွန့်း့ မင်း တော်တယ်လို့ ရေးလိုက်တယ်။
ဒေါက်တာတင့်ဆွေ
၁၄-၉-၂ဝ၁၅

Comments
Post a Comment