White Ribbon Campaign အဖြူ-အနီ-အနက်

သတင်း = ဖဲကြိုးဖြူလှုပ်ရှားမှု စတင်ပါပြီ။ မဲစာရင်းလွဲမှားမှုများပြားတာကို ထောက်ပြသွားမှာဖြစ်ပြီး၊ မဲစာရင်းနဲ့ ပတ်သက်တဲ့ ခိုင်လုံတဲ့အချက်အလက်တွေကို ဖော်ထုတ်သွားဖို့ ရည်ရွယ်ပါတယ်။

ဦးတင်အေး ဦးဆောင်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ...
၁။ နိုင်ငံတော် ဘဏ္ဏာငွေကျပ် ၆၈ ဘီလျံနီးပါး
၂။ နိုင်ငံတကာမှ ကူညီပံ့ပိုးငွေ အမေရိကန်ဒေါ်လာ သန်း ၂ဝ နီးပါးနှင့်
၃။ နိုင်ငံတကာ နည်းပညာ အကူအညီများကို အသုံးပြုကာ ( ၅ ) နှစ် ကြာမြင့်စွာ ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲ ချောမွေ့ အောင်မြင်ရန် ဆောင်ရွက်ရာတွင် အခြေခံ အကျဆုံး ဆန္ဒမဲ ပေးသူစာရင်းအား ပြုစု ထုတ်ပြန်ခြင်းအတွက် ဤကဲ့သို့ နိုင်ငံငွေများစွာ အချိန်များစွာ အသုံးချခဲ့သော်လည်း မြန်မာပြည် နေရာအနှံတွင် မဲစာရင်းများ မှားယွင်းနေပါ၍ နိုင်ငံသားတို့၏ မွေးရာပါ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးမှုကို တာဝန်ယူမှု တာဝန်ခံမှု မရှိသော၊ ဂုဏ်သိက္ခာမဲ့သော လုပ်ဆောင် ပြောဆိုချက်ဖြစ်ကာ နိုင်ငံ့ပုံရိပ် ဂုဏ်သိက္ခာကို ကျဆင်းစေသလိုပါသောကြောင့် လုံးဝလက်မခံနိုင်သော ကျွန်တော် / ကျွန်မတို့မှ ...

ရုတ်ရက်ကြည့်လိုက်ရင် မဲစာရင်းလွဲမှားတာကို လူအများကို အသိပေးတဲ့လှုပ်ရှားမှုမှာသုံးတဲ့ ဖဲကြိုးဖြူဆိုတာက ဆရာဝန်တွေလုပ်တဲ့ ဖဲကြိုးနက်လိုလို ထင်နိုင်တယ်။ နှစ်မျိုးလုံးကို ထောက်ခံတယ်။

(နဝတ) လက်ထက်မှာ ကြက်ခြေနီသင်္ကေတသုံးတာကို ကန့်သတ်ခဲ့သေးတယ်။ ဆရာဝန်တိုင်းကသုံးမရဘူးတဲ့။ အဲတာနဲ့ ကျွန်တော်လည်း ကြက်ခြေဖြူတံဆိပ်ကိုသာ ကားမှာကပ်ထားတယ်။ တချို့ကသတိမထားမိကြဘူး။ လေးဒေါင့် အနီရောင် အောက်ခံပေါ်က ကြက်ခြေဖြူဟာ ဆွစ်ဇာလန်အလံဖြစ်ပါတယ်။

ကျွန်တော်က နိုင်ငံရေးထဲဝင်ဘို့ အစိုးရအလုပ်ကထွက်ထားသူမို့ ကြက်ခြေနီသုံးတာတောင် တရားစွဲခံရ-မခံရ ပြောရတာ မဟုတ်လို့ပါ။ စစ်အစိုးရ အခုအစိုးရ ဘာတခုမှ ပြောရတာမဟုတ်ဘူး။

ဒေါက်တာတင့်ဆွေ
၁၅-၉-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး