Jean ခပ်ပြုံးပြုံးနဲ့ ကြွားလုံးထုတ်ခြင်း

ဖေ့စ်ဘွတ်ကနေ အသိပေးတဲ့ လွန်ခဲ့တဲ့တနှစ်တိတိက တင်ခဲ့တဲ့ပို့စ်တခုဖြစ်ပါတယ်။

• April Nyein ဆရာ့အပြုံးက အေးချမ်းတယ် ချစ်ဖို့ကောင်းတယ် ဆရာ :-):-):

• Tint Swe ကျွန်တော်ပြုံးတာကို လူအတော်များများက ပြောကြတယ်။ အမေနဲ့အဖေကို ကျေးဇူးထင်မိတယ်။ ပြောတဲ့သူတွေကိုလည်း တင်တာဘဲ။

• Ko Aung Ko Min မြန်မာနိုင်ငံရဲ့ပထမဦးဆုံးဂျင်းဘောင်းဘီ ဝတ်ပြီးဆေးကုတဲ့တို့ဆရာကြီးပါလား။ ကျွန်တော်တို့် မန်းဆေးတက္ကသိုလ်မှာတောင် ဂျင်းဘောင်းဘီမဝတ်ရဘူး။ ဆရာကြီးကမိုက်တယ်ကွာ ကျွန်တ်ာတို့ မန်းလေးဆေးက ဆရာဝန်ကြီးတွေတော့ ဒိတ်အောက်နေကြပြီထင်တယ်

• Tint Swe အော် အဲလိုလားဗျ။ ကျွန်တော်က ဆေးခန်းမှာ အဲလိုဝတ်တာ များတယ်။ မွေးလူနာလာရင် ဘောင်းဘီအောက်ဖျားနှစ်ဖက်ကို ပင့်တင်ထားရတယ်။ 'ဟော့ရှော့' ပေါ့။ ဒါတောင်သွေးကပေသေးတာ။

• Jean ဆိုလို့ (ဂျင်းရှပ်) ရေးတဲ့ အာဏာရှင်စနစ်မှဒီမိုကရေစီသို့ ဘာသာပြန်တအုပ်လုံးကို ကိုယ်တိုင်စာရိုက်၊ ပုံနှိပ်ပြီး၊ မြန်မာပြည်ထဲကို တိတ်တဆိတ် ဖြန့်ဝေခဲ့ဘူးတယ်။ စာအုပ်မြင်ရင် ရုတ်တရက်ဆို ဘာသာရေးစာအုပ်လို့ ထင်မှတ်စေအောင် လိမ်မော်ရောင်အဖုံးနဲ့ ထုတ်တယ်။ ဒေါ်စုရဲ့ မြန်မာပြည်ကလာတဲ့စာတွေထဲကတပုဒ်မှာ ဂျင်းဘောင်းဘီရော၊ (ဂျင်းရှပ်) နာမည်ပါထည့်ရေးဘူးသေးတယ်။

ဓါတ်ပုံ = ဒေလီ ၁၂ နှစ်ကြာဖွင့်ခဲ့တဲ့ ယမုန်နာဆေးခန်းမှာ နောက်ဆုံးရက် ၁၃-၉-၂ဝ၁၄ မှာ လာပြတဲ့လူနာတွေကို ကြည့်ပေးပြီး၊ ကိုယ်ဝန်ဆောင်လူနာတယောက်ကို စမ်းပေးနေစဉ်ကဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၉-၂ဝ၁၄

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး