Myaing မြိုင်သို့ ပေးစာတစောင်

Hsann Oo ဆရာ့ ဦးအောင်ခင်ဝင်းပါ။ ဆရာ့ကို ပြလိုက်ပါ့အုံးတဲ့။ မြိုင်မြို့နယ်မှာ ပြည်သူ့လွှတ်တော် NLD ကနေ ဝင်ပြိုင်မှာပါ ဆရာ။

အော့့် အားပေးတယ်။ ဆရာလှမ်းလုပ်ပေးနိုင်တာလည်း ပြောပါလို့။

ဆရာရေ အမေရိကန်ဒေါ်လာ တစ်သိန်းလောက် အောင်နိုင်ရေးအတွက်လိုတယ်လို့  ဆရာ့ကို နောက်ပြောနေတယ်ဗျ။

လူရွေးတော်တယ်လို့ ပြန်ပြောပေးဗျာ။

မြိုင်နယ်က ပုလဲနဲ့ကပ်လျှက်။ ကျွန်တော့် အမျိုးတွေ၊ လူနာတွေ၊ အားပေးထောက်ခံသူတွေရှိတယ်။ ဒီလူတွေက ကျွန်တော် ပြည်ပမထွက်ခင် ဟိုရှောင်ဒီပုန်း ခြေရာဖျောက်နေခဲ့တုံးကတည်းက သိတဲ့လူတွေ။

ကျွန်တော် မချမ်းသာမှန်းလည်းသိတြတယ်။ ဒေါ်လာတသိန်းမပြောနဲ့ (ကွာတား ကွိုင်) တစေ့ ပို့ပေးတာနဲ့ အမတ်လောင်းတော့ ကွိုင်တက်ပြီ။ တောဆိုတော့ ထိပ်တုံးပဲ။ ကိုင့်း့ ကိုယ့်လူရေ ထိပ်ဆုံးရောက်ပါစေဗျာ။

ဘုန်းကြီးကန်၊ ကျောက်ကန်၊ ကျောင်းရပ်၊ သီရင်းပင်၊ ဘန်ဘိုး၊ NLD အောင်နိုင်ရေးအတွက် ရှေ့ ပြေးခရီးးစဉ်

ခြေလျင်နဲ့သွား၊ ကားနဲ့သွား၊
ဆရာ့လူနာများ၊ အမျိုးများ၊ အသိမိတ်ဆွေများ
NLD ကိုသာ မဲပေးကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၁၄-၉-၂ဝ၁၅

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Alinamin F ထိုးဆေး