A Fortunate Man ကံကောင်းတဲ့သူ
Johnny Mggyi (ယခင်က) ဆရာကို စိတ်ဆိုးတယ်။ ကျနော်ကို သူငယ်ချင်းတွေက ကျောင်းခန်းထဲမှာ နို့တစ်လုံးစိန်သား လို့ ခေါ်ကြတယ်။ အမကလဲ စိတ်ဆိုးတယ်။ သူ့သူငယ်ချင်းတွေကပြောကြတယ့့် နင့်ယူတဲ့ယောက်ျား နို့ဖိုး တလုံးလုံးအတွက်ကုန်မယ် အပြောခံရလို့။
(ယခု) ရင်သားကင်ဆာရောဂါကို မြို့နယ်ဆရာဝန်ကြီး Dr တင့်ဆွေမှ အမြစ်ပါမကျန် ဖြတ်တောက်ကုသပေးလို့ ယခု အသက် ၇၅ နှစ်တိုင် ဘုရားသွားကျောင်းတက် လုပ်နိုင်ပြီး မိသားစုတစ်ခုလုံး အမေနေကောင်းလို့ ပျော်ရွှင်နေပါသည်။ ဆရာ Dr တင့်ဆွေ ထာဝရ ကျန်းမာသောမိသားစု ပိုင်ဆိုင်နိုင်ပါစေ။
ကျွန်တော်တို့ဆရာဝန်ဖြစ်ချိန်မှာ ဆေးကုသနည်းတွေက ခုခေတ်လို ရှေ့မရောက်သေးပါ။ ရင်သားကင်ဆာအတွက် စစ်ဖို့ (မင်မိုဂရမ်) မပေါ်သေးပါ။ ကင်ဆာဆေးလည်းရှားတယ်။ ဓါတ်ကင်ပေးနိုင်တာလည်းနည်းတယ်။ ဟော်မုန်းဆေးလည်း မတွင်ကျယ်သေးပါ။ ရင်သားကင်ဆာကို လက်ချောင်းနဲ့ ဦးနှောက်သာသုံးပြီး စမ်းခဲ့ရတယ်။ ကုသတော့လည်း လက်နှစ်ချောင်းနဲ့ ဦးနှောက်သာရှိတယ်။
တောမှာတာဝန်ကျတဲ့ဆရာဝန်တွေအဖို့တော့ အကြီးအကျယ်ဆိုတာ ရင်သားကင်ဆာကိုခွဲရတာပဲ။ ဓါးရာက ရင်ညွန့်ကနေ ဖြစ်တဲ့ဖက်ပခုံးအထိရှိတယ်။ ခွဲထုတ်ရတာကလည်း (အရေပြား + အဆီ + ရင်သားတခုလုံး + အောက်ခံကြွက်သား အကြီး + အသေး + ချိုင်းထဲကတက်စေ့အကုန်) ပါစေရတယ်။ ခွဲရာက တဖြောင့်တည်းမဟုတ်ပါ။ အလယ်ရင်သားနေရာကို ဘဲဥပုံခွဲရတယ်။ ပြန်ချုပ်တဲ့ခါ ရိုးရိုးနဲ့ဆွဲချုပ်လို့ ရ-မရ ချိန်ဆရတယ်။ မရတာများတယ်။ မရရင်ဘယ်လိုဆိုတာ ထည့်တွက်ထားရတယ်။ ပိုးသေဆေးလည်း ပနယ်စလင်ထိုးဆေးတမျိုးသာရှိခဲ့တယ်။
မြို့သာ၊ စစ်ကိုင်းနဲ့ ပုလဲမှာ ရင်သားကင်ဆာလူနာတွေကို အဲလိုနည်းနဲ့သာကုသပေးခဲ့ရတယ်။ လူနာလည်း များတယ်။ အမှန်က ကင်ဆာကိုပျောက်အောင်ကုရတာ ခုခေတ်မှာလည်း ၅ နှစ်အသက်ရှင်နှုန်းသာရှိသေးတယ်။ သိပ်စောစော သိသူတွေသာ အသက်ရှည်ကြတယ်။ ကံတရားကတော့ ခေတ်ဟောင်းမှာရော ခေတ်သစ်မှာပါရှိပါတယ်။
တော်သေးတယ့့် နို့တလုံးဆာဂျင်လို့ နာမည်မတွင်ခဲ့တာ။
ဒေါက်တာတင့်ဆွေ
၁၅-၉-၂ဝ၁၅
Photo= A Fortunate Man: The Story of a Country Doctor – March 25, 1997 by John Berger

Comments
Post a Comment