Vote for Education (1) ပညာရေးအတွက်မဲပေးပါ (၁)

ဒီမှာ အသက် (၁၈) နှစ်အထိကလေးတိုင်း ကျောင်းမတက်မနေရ၊ အခမဲ့။ ကျောင်းမထားတာတွေ့ရင် မိဘတွေ ထောင်ကျမယ်။ မိဘတွေက စတိလောက်သာ ငွေကုန်ကြရတယ်။ မနက်စာကို ကျောင်းမှာသာစားရတယ်။ အသွားအပြန် ကျောင်းကားနဲ့။ သောကြာညဆို အိမ်စာမပေးတော့ဘူး။ ကျူရှင်မရှိပါ။ ကျောင်းဝတ်စုံရယ်လို့ မရှိပါ။ ဘောင်းဘီရှည်ပြောင်နဲ့ စပို့ရှပ်ပြောင်ဆိုရင် ရပြီ။ ကျောင်းအနီးအနားလမ်းတွေတိုင်းမှာ ကားတွေ (၂၅) မိုင်နှုန်းသာ မောင်းရတယ်။ မြန်လို့ကတော့ ပြစ်ဒဏ်က ကြီးတယ်။

ကျောင်းကို လူကြီးလာကြည့်တယ်ဆိုတာမရှိ။ အစိုးရခိုင်းတဲ့ပွဲလမ်းတွေမှာ ကျောင်းသူကျောင်းသားတွေက အင်အားပြဘို့ အခေါ်မခံကြရဘူးပါ။ နိုင်ငံခြားကလူကြီးတွေကိုကြိုဘို့ လမ်းဘေးအလံကိုင်တာလည်း အခိုင်းမခံရပါ။ သူတို့ပါတီဝင်မှ ဦးစားပေးတယ်ဆိုတာ သူတို့ပညာရေးသမိုင်းမှာ မရှိပါ။ စာတော်ရင်တော့ စကေားလားရှစ်ပုံစံ အမျိုးမျိုးရကြတယ်။
ကျောင်းကနေရလာတဲ့ စည်းကမ်းလိုက်နာရတဲ့အကျင့်မျိုကို အိမ်မှာ (မြန်မာပြည်က) လူကြီးတွေကို သူတို့ကပဲ ပြန်သင်ပေးတတ်ကြတယ်။ ကျောင်းတွေမှာ ဗိုလ်ကတော်ဆရာမတို့ လူကြီးကတော်ဆရာမတို့ဆိုတာမျိုး ထူးမရှိပါ။

ပညာရေးကောင်းချင်ရင် NLD ကိုသာမဲပေးကြပါ။

ဒေါက်တာတင့်ဆွေ
၅-၅-၂ဝ၁၅
၂၁-၉-၂ဝ၁

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး