Green meant for bad luck အစိမ်းရောင်ဟာ ကံမကောင်းပါ

လာမယ့်ရွေးကောက်ပွဲမှာ ပြည်ခိုင်းဖြိုးဖက်ကနေ အစိမ်းရောင်ကိုသူတို့ယူထားပြီး NLD ကို အနီရောင်ပေးထားတာ တွေ့လာရတယ်။ အစိမ်းရောင်ရဲ့သဘောကို ပြောပါရစေ။

အစိမ်းရောင်ဟာ ဂေဟစနစ်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုပြောတာဖြစ်တယ်။ မျိုးပွါးနိုင်စွမ်းကို ကိုယ်စားပြုတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အကောင်းဆုံးအရောင်လို့ ယူဆတာလည်း ရှိပါတယ်။ အိုင်ယာလန်မှာ ကံကောင်းတယ်လို့ ယူဆတယ်။

အမျိုးသားလူဦးရေ ၅-၈% နဲ့ အမျိုးသမီးလူဦးရေ ဝ့၅% ဆိုဟာ Color Blindness ကာလာဘလိုင်းတွေဖြစ်ကြလို့ အစိမ်းရောင်နဲ့ အနီရောင်ကိုခွဲမသိနိုင်ကြပါ။ Protons ဆိုတာ အနီကိုမသိသူနဲ့ Deutans ဆိုတာ အစိမ်းကိုမမြင်သူ ဖြစ်တယ်။

အစိမ်းရောင်ကားဟာ ပြိုင်ကားတွေမှာ လာဘ်မကောင်းဘူးလို့ အယူစွဲရှိကြတယ်။ ၁၉၂ဝ တုံက (ဘီဇလေ ဟေးလ်) ကားမောင်းပြိုင်ပွဲမှာ ကျွန်တော်အခုနေတဲ့ အင်ဒီယာနာပိုးလစ်မြို့သား ချံပီးယန် Gaston Chevrolet (ဂက်စ်တွန် ရှက်ဗလ) သေဆုံးခဲ့တယ်။ သူမောင်းတဲ့ကားအရောင်က အစိမ်းရောင်ဖြစ်ပါတယ်။

အလားတူပဲ မော်တော်ဆိုင်ကယ်တွမှာလည်း အစိမ်းရောင်က ကံမကောင်းဘူးတဲ့။ စစ်တွင်းမှာ အဲဒီအစိမ်းရောင် ဆိုင်ကယ်ကို စာပို့ချောပို့ရာမှာသုံးခဲ့တယ်။ နာဇီဂျာမန်လက်ဖြောင့်တပ်သားတွေက မှန်အောင်ပစ်ခဲ့နိုင်ကြပါသတဲ့။ ဒုတိယကမ္ဘာစစ်လက်ကျန် Harley-Davidson WLA (ဟာလေ-ဒေဗီဆန်) စစ်သုံးဆိုင်ကယ်ကိုပြုပြင်ပြီး စစ်စိမ်းရောင် သုတ်ထားရင် ခဏခဏပျက်ပါသတဲ့။

တရုပ်ပြည်မှာတော့ အစိမ်းရောင်ကို အိမ်ထောင်ရေးဖေါက်ပြန်မှုလို့ယူဆတယ်။ လူတယောက်ဦးထုပ်အစိမ်းဆောင်းထားရင် သူ့မိန်းမ ဖေါက်ပြားနေတဲ့သဘောဖြစ်တယ်။ မွတ်ဆလင်မ်တွေရဲ့ အထွတ်အမြတ်အရောင်ဟာ အစိမ်းရောင်ဖြစ်တယ်။

ရွေးကောက်ပွဲမှာ အစိမ်းရောင် လက်ရှောင်ပါလေ။

ဒေါက်တာတင့်ဆွေ
၁၈-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး