Election commission ကော်မရှင် - ခြင်ထောင်နဲ့တူတယ်

နိုဝင်္ဘာ (၈) ရက်မှာတော့ သိပ်ညစ်မယ်မထင်ဘူး။ မတိုင်ခင်တော့ ညစ်နေတာ ဘာပြောကောင်းမလည်း။ ရွေးကောက်ပွဲ ကောက်မရှင်ဥက္ကဋ္ဌ အင်တာဗျူးကြားရတယ်။ ကျွန်တော် အများကြီးကြိုးစားပါတယ်။ အရင် လူ ၆ဝ လောက်ကနေ အခု ရွေးကောက်ပွဲကော်မရှင်မှာ လူ ၁ဝဝဝ ကျော်ရှိပြီ။ ဒီလိုပုဂ္ဂိုလ်ကြီးကို ထွက်ဆိုတော့ဗျာ့ တဲ့။ အဆုံးသတ်မှာ ပြောသေးတယ်။ ၂ဝ၁၅ ပြီးရင်တော့ ကန်တော့ပွဲနဲ့လာပြီး ဆက်လုပ်ပါအုံးပြောလည်း မလုပ်တော့ဘူး ဟဲ ဟဲ ဟဲ တဲ့။

မန္တလေးဆေးကျောင်းတုံးက သူငယ်ချင်း ခပ်ပျင်းပျင်းတယောက်ရှိတယ်။ (အဆောင်နေဆေးကျောင်းသားတိုင်း ပျင်းကြတာပါပဲ။ ဒီကောင်က လက်ဆုပ်လက်ကိုင် မိခံရလို့) တနေ့မှာ သူ့ခြင်ထောင်လျှော်မလို့ ဆပ်ပြာရည်စိမ်ထားတယ်။ တရက်လည်း မလျှော်ဖြစ်၊ နှစ်ရက်လည်းမလျှော်ဖြစ်။ တပါတ်လောက်နေတော့ သွပ်ရေပုံးပါလွှင့်ပြစ်လိုက်ရတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၉-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး