Meeting with Daw Suu ဒေါ်စုနဲ့တွေ့ဆုံခြင်း

Hsihsi Sukyi ဆရာ RFA တနင်္ဂနွေစကားဝိုင်းမှာ တိုင်းရင်းသားနဲ့ NLD ကိစ္စကို ဆရာပြောသွားတာ၊ အမတ်ကိစ္စ ပြောသွားတာ အလွန်ကောင်းပါတယ်။ ဆရာ့စကားတွေက NLD ကိုဘယ်လောက် စေတနာထားနေတုန်းလည်းဆိုတာ နားထောင်ရင်းပိုသိတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အထူးကျေးဇူးတင်တာကတော့ ကချင်ရခိုင်နဲ့ စည်းရုံးရေးမှုးကိစ္စ တွေကို ကျေးဇူးအထူးတင်ပါတယ်။ မနက်မှ နောက်တစ်ခေါက်ပြန်နားထောင်ပါမယ်။ ကျေးဇူးပါဆရာ။

အဲလို Feedback ပေးတာကို ဆရာ အများကြီးတန်ဘိုးထားတယ်။ ကျေးဇူးတင်တယ်။ ဆရာက လက်တမ်း စိတ်ထဲရှိတဲ့ ခေါင်းနဲ့တွေးထားတာတွေကို ပြောခဲ့တာပါ။ ပေါ့ပေါ့ပါးပါး ဒါပေမယ့် လေးလေးနက်နက်ပြောခဲ့တာဖြစ်တယ်။

ဆရာက Prospect Burma School ကျောင်းကောင်စီ Chairman ဖြစ်တော့ ဒေါ်အောင်ဆန်းစုကြည့်နဲ့ အနီးကပ်မှာ ထိုင်ရတယ်။ ဆရာနဲ့ ဒေါ်စု သည်တခါသာ မျက်နှာချင်းဆိုင်ဆုံဘူးတာပါ။ ဒေါ်စုလွတ်ပြီးနောက် သူ့ဆီကို ပြည်ပရောက် အဖွဲှ့စည်းတွေသွားတွေ့ကြတယ်။ NLD/LA ကသွားတော့ ဆရာ့ကိုလည်းခေါ်ပါတယ်။ ဆရာ မလိုက်ဖြစ်ခဲ့ပါ။

၁၆-၁၁-၂ဝ၁၂ နေ့ အဲဒီကျောင်းမှာ ဒေါ်စုက ကချင်အကြောင်းပြောတုံးက ဆရာ့လက်ကိုဆုပ်ကိုင်ပြီးပြောခဲ့တာပါ။ ဒါပေမယ့် ဆရာက ကျွန်တော် NLD က ဖြစ်ပါတယ်။ ၁၉၉ဝ က ရွေးခံထားရသူဖြစ်ပါတယ်လို့ မပြောခဲ့ပါ။ ဒေါ်စုနဲ့ မြန်မာကျောင်းသားတွေပွဲဖြစ်တယ်။ ဆရာက သူ့ကိုတွေ့ချင်လို့တောင်းထားတဲ့ တွေ့ဆုံပွဲမဟုတ်ပါ။ ကိုယ့်ကျိုးအတွက် အခွင့်ကောင်းမယူသင့်ဘူးလို့ ထင်ပါတယ်။

ဓါတ်ပုံဆရာ ကိုဇာနည် (ယခု BBC) ကနေ တကူးတကရိုက်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဗီဒီယိုဖိုင်တော့ ကိုဇော်ရှန်း (ကချင်) ဆီမှာရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၉-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး