Super Blood Moon လမင်းကြီးပါ နီလိမ့်မယ်

မြန်မာပြည်မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲတွေ နွှဲနေကြတယ်။ အစိမ်းရောင်နဲ့ အနီရောင်တွေ ပြိုင်နေကြတယ်။

နက်ဖြန် လကြတ်မယ်။ ကမ္ဘာမြေကြီးအရိပ်က လပေါ်ကိုတည့်တည့်ကျမယ်။ လနဲ့ ကမ္ဘာ အနီးဆုံးအကွာအဝေးဖြစ်တဲ့ မိုင်ပေါင်း ၂၂၂ဝဝဝ အကွာမှာဖြစ်မယ်။ အဝေးဆုံးမှာရှိတုံး မြင်ရတာထက် ၁၄% ပိုကြီးနေတာကို မြင်ရမယ်။ ၃၃% ပိုပြီး တောက်ပနေမယ်။

ကမ္ဘာကနေမြင်ရမယ့်အရောင်ကို Deep rusty red နီညိုရင့်ရောင်လို့လည်းတိတိကျကျဖေါ်ပြတယ်။ အပြာရောင်ကဲနေတဲ့ ကမ္ဘာ့ဝန်းကျင် အဒ်မော်စဖီယာကြောင့် အဲလိုအရောင်ကိုဖြစ်စေတာပါ။ Brick-coloured အုတ်နီခဲရောင်၊ Blood red သွေးနီရောင်လို့ ခေါ်ကြတယ်။

ဒီနှစ်ထဲမှာ လကြတ်တာ ၄-၄-၂ဝ၁၅ တုံးကလည်း တခါဖြစ်ခဲ့ပါသေးတယ်။ လာမယ့်တနင်္ဂနွေ ည ယူအက်စ် အရှေ့ပိုင်း စံတော်ချိန် ည ၉ နာရီ ၇ မိနစ် ကနေစမယ်။ ၁ဝ နာရီ ၁၁ မိနစ်မှာ ကမ္ဘာ့အရိပ်လုံးဝကျရောက်မှာဖြစ်လို့ လအရောင်က သွေးလိုနီရဲလာပါမယ်။ ၁၁ နာရီ ၂၃ မိနစ်အထိ အဲလိုရှိနေမယ်။ ၁၂ နာရီ ၂၇ မိနစ်မှာ အဆုံးသတ်သွားပါမယ်။ ယူအက်စ် အရှေ့ပိုင်းစံတော်ချိန် ထက် ရန်ကုန်အချိန်က ၁ဝ နာရီခွဲစောတယ်။

နောက်ဆုံးဖြစ်ခဲ့တာက ၁၉၂၈ ခုနှစ်ကဖြစ်ပြီး နောက် ၂ဝ၃၃ မှာ တခါထပ်ဖြစ်ပါမယ်လို့ NASA နာဆာက ဟောကိန်း ထုတ်ထားပါတယ်။

လကြတ်တာမှာ အင်္ဂါလေးရပ်ရှိတယ်။ (၁) လပြည့်နေမယ်။ (၂) ကမ္ဘာနဲ့အနီးဆုံးဖြစ်မယ်။ အကြီးဆုံးမြင်ရလို့ ဆူပါမွန်းလို့ ခေါ်တယ်။ (၃) ကမ္ဘာ့အရိပ်က လပေါ်တည့်တည့်ကျနေမယ်။ (၄) ကမ္ဘာကြီးမှာ နေရောင်ရော လရောင်ပါ တပြိုင်တည်းမှာ ရနေပါမယ်။

နေနဲ့လနဲ့ နှစ်ပါးဆိုင် သွေးနီပါတီ နိုင်ပါစေသား။

ဒေါက်တာတင့်ဆွေ
၂၆-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ