Q and A for the Nation တိုင်းပြည်ကျန်းမာရေးအတွက်အမေး

မင်္ဂလာပါဆရာရှင့်။ ရွေးကောက်ပွဲ မဲပေးတာနဲ့ပါတ်သက်ပြီးနားမလည်တာလေးမေးပါရစေရှင့်။ မိမိနေထိုင်ရာမြို့နယ်တွင် ကိုယ်စားလှယ်လောင်းနေရာသုံးနေရာဆို ကိုယ်က သုံးမဲပေးရမယ်လို့သိထားပါတယ်ရှင့်။ အဲဒီ သုံးနေရာအတွက် ကိုယ်က ပါတီတစ်ခုတည်းမဟုတ်ပဲ နေရာတစ်ခုကို တစ်ပါတီစီကနေ ရွေးချယ်မဲပေးလို့ရပါသလားရှင့်။ ကျမက့ မှာ နေပါတယ်။ NLD နဲ့ SNLD နှစ်ခုကို မဲပေးချင်လို့ပါ။

မဲဆန္ဒနယ်တိုင်းမှာ ပြည်သူ့လွှတ်တော် + အမျိုးသားလွှတ်တော် + တိုင်း/ပြည်နယ်လွှတ်တော်ဆိုပြီး (၃) ယောက် အရွေးခံကြမယ်။ (၃) နေရာတိုင်းမှာ ကြိုက်တာကိုမဲပေးလို့ရတယ်။ ဥပမာ တပါတီထဲက (၃) ယောက်လုံးဖြစ်ဖြစ်။ တပါတီက (၂) ယောက် + ကျန်တပါတီက (၁) ယောက်၊ တပါတီ (၁) ယောက်ကျစီပေးလို့ရပါတယ်။

NLD ကိုချည်းသာမဲပေးဖို့ အကြံပေးပါရစေ။ ဒါပေမယ့် ကိုယ်ပိုင်ဆုံးဖြတ်တာကောင်းပါတယ်။ အဲလိုကိုယ်ကြိုက်တာကို ကိုယ်ရေးပေးတာက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလို့ဖြစ်တယ်။ နောက်ပြီး ဆရာပြောတာကို လိုက်မလုပ်လို့ဘာမှမဖြစ်ဘူး။ ဆရာက လူမှတ်ထားပြီး မေးလာရင်ပြန်မဖြေမှာလည်း မဟုတ်ဘူး။ မင်းတို့ ပြည်ခိုင်ဖြိုးပဲ မဲပေးရမယ်လို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို အမိန့်ပေးတာက ဥပဒေနဲ့ငြိတယ်။ ပြည်ခိုင်ဖြိုးကလူတွေချည်းနဲ့ဖွဲ့ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က အဲတာမျိုးကို အရေးမယူဘူး။ အဲတာလည်းသိပါ။

နိုင်ငံရေးကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်သိရင်တော့ အခုရွေးကောက်ပွဲဟာ စစ်အုပ်စုနဲ့ ဒီမိုကရေစီအုပ်စု ဆက်ပြိုင်နေရဆဲ ဆိုတာကိုသိရမယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံဟာ စစ်အုပ်စုကနေ သူတို့အလိုကျ မတရားဆွဲထားတာကို ပြင်ဆင်နိုင်ဘို့ ဒီမိုကရေစီဖက်က ၁ဝဝ% အနိုင်ရမှသာ ပြင်နိုင်ခွင့် ၇၅% အင်အားရလာမှာဖြစ်တာကိုသိမယ်။ တမဲလျှော့နည်းလို့တောင် ပြင်မရအောင်လုပ်ထားတာဖြစ်တာကိုပါသိရမယ်။ တိုင်းဒေသကြီးအဆင့်ကတော့ အဲလိုမဟုတ်ပါ။

အဲဒီလို ကျယ်တဲ့အသိ ရှေ့ရောက်တဲ့အမြင်နဲ့ မဲပေးသင့်ပါတယ်။ ဆရာ့ကို ကျန်းမာရေးမေးတာတွေဖြေပေးလို့ ဆရာ့ အကြံအတိုင်းပေးတာမျိုးကတော့ အားနာမဲ-ကျေးဇူးမဲဖြစ်မယ်။ ကိုယ်ပိုင်အသိနဲ့သာ ဆရာ့ကိုအားမနာပဲရွေး မဲပေးတာက နိုင်ငံရေးဆန်ပါတယ်။ မြန်မာပြည်သားတွေ နိုင်ငံရေးအသိရင့်ကျက်လာမှာသာ မတရားတာတွေနည်းလာမှာဖြစ်တယ်။ စစ်အုပ်စုကျဆုံးပါစေ။

ဒေါက်တာတင့်ဆွေ
၁၂-၉-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး