The Big Four ကြီးလေးကြီး

ကျွန်တော့်ပို့စ်တခု = One single vote တမဲ တန်ဖိုး

ကွန်မင့်တခု = Pearl Swe ကျွန်မတို့ကတော့ အိမ်နဲ့ကပ်ရပ်က NLD ကအဖွဲ့ဝင်ရှိတယ်။ သူက အိမ်ထောင်စုမိတ္တူပေးပြီး စစ်ပေးတယ်။ အပင်ပန်းခံပြီး လုပ်ပေးတာ။ မဲဆွယ်တာမဟုတ်ဘူး။ အမှားမဖြစ်အောက်ကို လုပ်ပေးတာ။ တချို့ ရုံးမှာ သွားမစစ်နိုင်လို့ မှားသွားရင် အလကားဖြစ်သွားမယ့်မဲတွေကို တန်ဘိုးထားတဲ့သဘောပါတဲ့။ ဘယ်လောက်ပဲ NLD အတွက် မဲပေးချင်ပေမယ့် ဝမ်းရေးအတွက် အချိန်နဲ့အမျှအလုပ်လုပ်နေရတဲ့မိသားစုတွေရှိတော့ အမှားတွေပါရင် ပြင်ဖို့ အချိန်မပေးနိုင်ကြဘူးလေ။

၁။ ဝမ်းရေးသမားတွေအတွက် အတော်ကြီးစိတ်မကောင်းပါ။
၂။ အိမ်နီးချင်း NLD အတွက် အများကြီးဂုဏ်ယူတယ်။
၃။ မဲပေးမယ့်သူတွေထဲမှာ NLD ပေးမယ့်သူကများလို့ မဲနည်းအောင်လုပ်နေတယ်။ ပြည်ပရောက်တွေကပြောကြတယ်။ သံရုံးတွေကိုမယုံဘူးတဲ့။ အဲတာကြောင့် မဲမပေးတော့ဘူးတဲ့။ အစိုးရနဲ့ ကော်မရှင်ကလည်း သူ့သံရုံးတွေ နာမည်ပျက်တာ အရေးမကြီး၊ NLD အတွက်မဲနည်းဘို့က အရေးကြီးထားနေပုံရတယ်။ ကော်မရှင်ကို အားကြီးရှုတ်ချတယ်။
၎။ NLD အကြီးအကျယ်နိုင်ပါစေ။

ဒေါက်တာတင့်ဆွေ
၁၆-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး