Actions speak louder than words ရွေးကောက်ပွဲနဲ့ ကံအမှု
ကံသုံးပါးရှိတယ်။ မနောကံ၊ ဝစီကံနဲ့ ကာယကံ။
ပြည်ခိုင်ဖြိုးကဝန်ကြီးတယောက် စည်းရုံးရေးဆင်းတော့ ဒေသခံ မသိသူမရှိတဲ့ပုဂ္ဂိုလ်တယောက်က ဝန်ကြီးနဲ့အတူ ထိုင်ပါတယ်။ ဘာတခွန်းမှတော့ ဝင်မပြောဘူးတဲ့။
ကျွန်တော်ကို လှမ်းပြော (တိုင်) ကြတယ်။ အဲဒီပုဂ္ဂိုလ်က ကျွန်တော့်ထက် ဝါလည်းငယ်တယ်။ ပညာအရာမှာ ကျွန်တော့ သွန်သင်မှုမကင်းသူဖြစ်တယ်။ လှမ်းပြောတဲ့သူတွေကိုတော့ ဆရာနားလည်ပါတယ်လို့သာပြောပြပါတယ်။ ထိုင်ပေးသူကို မေးမနေပါ။
မနေ့က အဲဒီပုဂ္ဂိုလ်နဲ့ကျွန်တော်တို့နှစ်ယောက်လုံးနဲ့ အလွန်ရင်းနှီးသူတယောက်ကနေ တကူးတကဖုန်းဆက်ပြီး ပြောလာတယ်။ ထိုင်ခိုင်းတော့ထိုင်ရကြောင်း။ မဲဆွယ်စကားပြောဘို့ခိုင်းတာကိုတော့ ငြင်းပါကြောင်း။ ဝန်ကြီးနဲ့ နှစ်ယောက်ချင်းတွေ့ရင် ပြည်ခိုင်ဖြိုးကြောင့် တိုင်းပြည်နစ်နာနေကြောင်းစသဖြင့် ပြောပါသတဲ့။ ကျွန်တော်လည်း မိတ်ဆွေကို ဆရာ နားလည်ပါတယ်လို့ပဲ ပြန်ပြောလိုက်ပါတယ်။
ကြားလူကလည်း NLD ကဖြစ်တယ်။ ဝန်ကြီးနဲ့အတူထိုင်သူက သူ့မဲကိုတော့ စိတ်တိုင်းကြထည့်ပါမယ်လည်း ပြောပါသေးတယ်။ ရွေးကောက်ပွဲမှာ ဘယ်ပါတီကိုရွေးသလည်းက မနောကံအမှု။ မဲစည်းရုံးတာက ဝစီကံအမှုနဲ့ မဲထည့်တာက ကာယကံအမှု ဖြစ်တယ်။ မဲစည်းရုံးရေးမှာ မဲလိုချင်သူနဲ့အတူထိုင်ပေးတာကလည်း ကာယကံအမှုပဲ ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၂-၉-၂ဝ၁၅

Comments
Post a Comment