Layman’s term လောကီအကျိုး

၂ဝ၁၅ ရွေးကောက်ပွဲမှာ ထူးခြားလာတာတွေထဲက တခုကတော့ ဘုန်းတော်ကြီးတွေ ပါဝင်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးတွေရဲ့အရှိန်သြဇာ ကြီးနေဆဲဖြစ်ပါတယ်။ ကျမသွားပါစေနဲ့လို့ ဆုတောင်းပါတယ်။

ဒိအရင်ကတော့ သီရိလင်္ကာမှာလို ဘုန်းကြီးတွေ နိုင်ငံရေးထဲမှာ တရားဝင်ပါနိုင်ဖို့ ဆွေးနွေးခဲ့ကြဘူးပေမယ့် တက်မလာပါ။ အခုဟာက အဲတာမျိုးနဲ့ လုံးလုံးကြီးဆန့်ကျင်နေပါတယ်။ အခုလုပ်နေတာက စီမံချက်တခုဖြစ်နေတာ သိသာလာတယ်။ သတင်းစာရှင်းလင်းပွဲနဲ့ထုတ်မပြောတဲ့ လမ်းပြမြေပုံတခုပါပဲ။ တဆင့်ခြင်းတက်လာနေတယ်။ လှုပ်ရှားမှုတွေလုပ်တယ်။ အသင်းအဖွဲ့ ဖွဲ့တယ်။ အမည်မခံပေမယ့် သံသယအဝင်ခံရတာတွေလည်း အများအပြားရှိတယ်။ ရာဇဝတ်မှုအထိပါတယ်။

ကျွန်တော် မနေ့ကတင်လိုက်တဲ့ For Reference Only အကိုးအကားအတွက်သာလို့ မြန်မာလိုအမည်ရတဲ့ ပို့စ်အောက်မှာ လူနာမည်နဲ့ (လူဟုတ်မဟုတ်တော့ မသိပါ) တယောက်ကထောက်တယ်။ ကျွန်တော်ကိုးကားတာက ဘုန်းကြီးတပါး ရေးထားတာပါ။ ကျွန်တော့်အမြင်ဆိုလို့ နိဒါန်းလေးသာပါတယ်။ ဘုန်းကြီးကို လူကနေပြန်လျှောက် (ထောက်) တာကို ချုပ်တီးအပ်ပါတယ်။

(၁) လူတွေအဖို့ ဘုန်းတော်ကြီးတွေကို သဘောမတူနိုင်လို့ ပြန်မေးလျှောက်ရတာကို ငရဲကျမှာလားဆိုတဲ့ အသိကနေ တားမြစ်ခံနေကြရတယ်။ နိုင်ငံရေးဖြစ်နေတော့ ပြောရရင် ဒီမိုကရေစီ (ပါရာဒေါက်စ်) ခေါ်တဲ့ အဆီအငေါ်မတည့်မှုကြီး ဖြစ်နေတယ်။ အဲတာ မကောင်းပါ။

(၂) အာဏာဆက်ယူချင်နေတဲ့ဖက်ကနေ သာသနာဆိုင်ရာကို အားပြုအသုံးချနေတာ ငြင်းမရပါ။ ဘုန်းကြီးအားကို အားကိုးလာတာလည်း မငြင်းနိုင်ပါ။ ကျွန်တော်လည်း ဘုန်းတော်ကြီးတွေအားကို အလွန်ရလိုပါတယ်။ သူတို့နည်းမျိုးတော့ မဲမရလည်းနေပါ၊ မရချင်ပါ။

(၃) သာသနာကိုဘမ်းပြထားလို့ အဲဒီဖက်လူကြီးတွေ ဘုန်းကြီကျောင်းထဲဖိနပ်စီးတာကို ထောက်ပြတော့ သူတို့အနေနဲ့ ခုခံကာကွယ်ကြရတယ်။ ဘုရားဆင်းတုတော်ကိုကွယ်ပြီး မဲစည်းရုံးရေး နဖူးစီးစာတမ်းထားတာကလည်း ထောက်ပြစရာ ဖြစ်လာတယ်။ အဲတာလည်း သူတို့ခင်မြာ ကာကွယ်နေပြန်တယ်။ ဘာကိုကာကွယ်နေကြတာလည်း။ သာသနာလား အဏာလား။

(၄) ဘုန်းကြီးကို ဘုန်းကြီးက ပြန်လျှောက်ထားတာသာသင့်လို့ အခုတော့ အဲလိုနည်းလမ်းကို ကျန်ဘုန်းတော်ကြီးတွေက သုံးလာကြတာတွေ့လာရလို့ ကြိုဆိုရပါမယ်။

(၅) ကျွန်တော့်အမြင်မှာ လောကီအကျိုးအတွက် သာသနာကိုတလွဲသုံးတော့ သာသနာကို အကြည်ညိုနည်းစေတယ်။ ပုံတွေကို မတင်လိုပါ။ ဒီစာအောက်မှာလည်း အဲလိုပုံမျိုး တင်မပေးကြဘို့ မေတ္တာရပ်ခံပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး